Friday 5 December 2014

ကျန်းမာရေးအာမခံ စတော့မယ်

ကျန်းမာရေးစောင့်ရှောက်မှု အာမခံလုပ်ငန်းကို လာမယ့် ၂၀၁၅ ဇန်နဝါရီလမှာ စလုပ်မှာ ဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုပါတယ်။

“လူတိုင်းကြုံတွေ့နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ မတော်တမှုတွေကြောင့် ကုန်ကျမယ့် ငွေကြေးတွေ ကာမိအောင် လုပ်တဲ့ အာမခံလုပ်ငန်းပါ” လို့ ဦးအေးမင်းသိန်းက ပြောပါတယ်။

ဒီအာမခံကို မြန်မာ့ အာမခံလုပ်ငန်း အပါအ၀င် ပုဂ္ဂလိက အာမခံလုပ်ငန်း အားလုံးထဲမှ စုစုပေါင်း ငါးခုသာ ဝယ်ယူနိုင်မှာဖြစ်ပြီး အာမခံတစ်ခုအတွက် နှစ်စဉ်ကြေး ငါးသောင်းကျပ် သတ်မှတ်ထားကာ အာမခံ လျော် ကြေးငွေအဖြစ် ကျပ်လေးသိန်းငါးသောင်း ရရှိမှာ ဖြစ်တယ်လို့လည်း မြန်မာ့အာမခံလုပ်ငန်းက ကြေညာ ထားပါတယ်။

The Voice Weekly 

No comments:

Post a Comment