Friday 5 December 2014

ကီလိုမီတာ ၂၀၀၀ အကွာအဝေးကို ငါးနာရီအတွင်း အရောက်ပို့ကာ အဆုတ်အစားထိုးမှု တစ်ရပ်ကို တရုတ်နိုင်ငံတွင် အောင်မြင်စွာ ပြုလုပ်

တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့မှ လှူဒါန်းလိုက်သော အဆုတ်တစ်စုံကို ဆရာဝန်များ၊ လေ ဆိပ်နှင့် ရှန်ဟိုင်း လေကြောင်းလိုင်းတို့၏ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဒီဇင်ဘာ ၂ ရက် အစောပိုင်းက  ၂၀၀၀ ကီလိုမီတာကွာဝေးသော ကျန်ဆုပြည်နယ် ၀ူကျီမြို့ရှိ လူနာတစ်ဦးကို အောင်မြင်စွာအစားထိုး ကုသနိုင်ခဲ့သည်။

ရှန်ဟိုင်း လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ် ကြန့်ကြာမှုများကြောင့် ၀ူကျီမြို့ ဆေးရုံ လက်ထောက် ညွှန်ကြားရေးမှူး ချန်ကျင်ဂူးက "အစားထိုးကုသမယ့် အဆုတ်တစ်စုံကို ကွမ်ကျိုးမှာ ထုတ်ယူထား ပါတယ်။ ခန္ဓာကိုယ်ထဲက ဖယ်ရှားလိုက်တဲ့ အဆုတ်ဟာ ၁၂ နာရီ အတွင်း အစားထိုးကုသနိုင်မှ မပျက်စီး နိုင်မှာပါ။ အစားထိုး ကုသဖို့ ၅ နာရီ ကြာတဲ့အတွက် ကျွန်တော်တို့ ဆေးရုံကို ငါးနာရီအတွင်း ရောက်အောင်ပို့ဖို့ လိုနေပါတယ်" ဟု ဒီဇင်ဘာ ၁ ရက်က Weibo.com တွင် ရေးသားခဲ့သည်။

အဆိုပါစာကို ရှန်ဟိုင်း လေကြောင်း လိုင်းက တွေ့ရှိခဲ့ပြီး ကွမ်ကျိုး လေဆိပ်၊ လေကြောင်း ထိန်းချုပ်မှု ဌာနတို့နှင့် ချက်ချင်း ပူးပေါင်းဆောင်ရွက်ကာ မိနစ်နှစ်ဆယ် ကြိုတင် လေယာဉ်ပျံတက်နိုင်ရန်   စီစဉ်ပေးခဲ့သည်။ ကွမ်ကျိုးမြို့မှ ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် လေယာဉ်ထွက်ခွာခဲ့ပြီး စီစဉ်ထားမှုထက် မိနစ် ၂၀ စော၍ ၀ူကျီ မြို့သို့ရောက်ရှိခဲ့သည်။ ထို့ကြောင့် အဆုတ် အစားထိုးမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

ဝူကျီဆေးရုံမှ ဒေါက်တာချန် ဦးဆောင်သော အဆုတ် အစားထိုး ခွဲစိတ်မှု စင်တာသည် ကမ္ဘာပေါ်တွင် အဆုတ်အစားထိုး ကုသသည့် ပဉ္စမမြောက် အကြီးဆုံး စင်တာဖြစ်ပြီး  အစားထိုးခွဲစိတ်မှု ၃၀၀ ကျော်ကို ဆောင်ရွက်နိုင်ခဲ့ပြီး လူနာများ အသက်ရှင်မှု နှုန်းသည် ပြီးခဲ့သည့် နှစ်က ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။

Ref: China Daily
Mizzima - News in Burmese 

No comments:

Post a Comment