Friday 5 December 2014

“ခြောက်ပွင့်ဆိုင် အဆိုနှင့် ပတ်သက်၍ သမ္မတပြောခွင့်ရပုဂိုလ် ဦးရဲထွဋ် ဧ။် ပြောကြားချက်များ တရားမ၀င်ပြောဆိုခဲ့သည့် စကားအတွက် ဦးရဲထွဋ် ကိုယ်တိုင် တာဝန်ယူရန်လိုအပ်ဟုဆို ”

Photo: “ခြောက်ပွင့်ဆိုင် အဆိုနှင့် ပတ်သက်၍ သမ္မတပြောခွင့်ရပုဂိုလ် ဦးရဲထွဋ် ဧ။် ပြောကြားချက်များ တရားမ၀င်ပြောဆိုခဲ့သည့် စကားအတွက် ဦးရဲထွဋ် ကိုယ်တိုင် တာဝန်ယူရန်လိုအပ်ဟုဆို ”
Friday, December 5, 2014

နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ် အတည်ပြု ပြောဆိုရန်နှင့်အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ခြောက်ပွင့်ဆိုင်အဆိုနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဧ။်
ပြောဆိုမှုနှင့်ပတ်သက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် “နိုင်ငံရေး ပါတီအချို့မှ တာဝန်ရှိသူများက ၎င်းတို့၏ အမြင်သဘောထားများကို ထုတ်ဖော်ပြောကြား ရာတွင် နိုင်ငံတော်သမ္မတ ပြောကြားခြင်း မရှိသည့် စကားများကို နိုင်ငံတော်သမ္မတ ပြောကြား သကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာ ရောက်သည့် စကားလုံးများကိုလည်းကောင်း သုံးစွဲလာသည်ကို တွေ့ရှိရပါသည်။”ဟု ထည့်သွင်းဖေါ်ပြထားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက် တိုက်တွန်းကြောင်း အဆိုကို အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် လတ်တလော မဖြစ်နိုင်သေးဟု သဘောသက်ရောက်သည့် ပြောဆိုမှုများကို သတင်းမီဒီယာများသို့ပြောဆိုခဲ့သည်။

သမ္မတပြောရေးဆိုခွင့်ရှိသူဧ။် ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များကလည်း တုံ့ပြန်ပြောဆိုခြင်းများရှိခဲ့သည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံနှင့်ပတ်သက်ြ့ပီး ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ဖြေကြားခြင်း၊ သ၀ဏ်လွှာပေးပို့ခြင်းမရှိသေးသည့် အချိန်အပိုင်းအခြားအတွင်း၌ ပြောဆိုသည့် ဦးရဲထွဋ်ဧ။်ပြောဆိုချက်များမှာ တရားမ၀င်ဟု USDP ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက The Street View သို့ပြောသည်။

“လွှတ်တော်ရဲ့process က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတစ်ခုတင်လိုက်ရင် ပြည်ထောင်စုအဆင့်တစ်ယောက်ယောက်က လွှတ်တော်မှာ လာဖြေ ဒါမှမဟုတရင် သမ္မတက သ၀ဏ်လွှာပို့ရမယ်။ အဲ့လို သ၀ဏ်လွှာလည်းမပို့ဘူး ပြည်ထောင်စုအဆင့်တစ်ယောက်ကလည်း လာမဖြေသေးဘူး။ အဲ့လို မဖြေသေးတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတော့ ကိုရဲထွဋ်ကလည်းပြောတယ် ကာချုပ်ကလည်းပြောတယ်။ သူတို့ပြောတာက official မဖြစ်ဘူး၊” ဟု ဦးလှဆွေက ပြောသည်။

နိုင်ငံတော်သမ္မတရုံးဧ။် သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဖြစ်စဉ်ဧ။် မူးရင်းဇစ်မြစ်အစမှာ ဦးရဲထွဋ် ပြောဆိုလိုက်သည့် မှတ်ချက်ပြုစကားက စတင်ခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တုံ့ပြန်ပြောဆိုသည်။

“ဒီဇတ်လမ်းရဲ့ စပြီးတော့ ဖြစ်ပေါ်လာတဲ့ မူးရင်း ဇစ်မြစ်က လွှတ်တော်ကနေ ခြောက်ပွင့်ဆိုင် တွေ့ဆုံဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာက သမ္မတက ပြောခိုင်းတာလား သူက ပြောတာလား ၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူကနေပြောတဲ့စကားဆိုတော့ သမ္မတရဲ့ စကားလို့ ယူဆရမလိုဖြစ်သွားတယ်။

ဒီဇတ်လမ်းရဲ့ အစပေါ်ပေါက်လာတာက ဦးရဲထွဋ်ရဲ့ စကားကနေစပြီးပေါ်ပေါက်လာတာဖြစ်တဲ့အတွက် အဓိကအကျဆုံးက ဦးရဲထွဋ်မှာ တာဝန်ရှိတယ်လို့ ထင်တယ်။” ဦးအောင်ကြည်ညွှန့်က The Street View သို့ပြောသည်။

ဦးရဲထွဋ် မှတ်ချက်ပြုပြောဆိုခဲ့သည့် စကားများနှင့်ပတ်သက်ပြီး “သူပြောတဲ့ စကားအပေါ်မှတော့ လုံးလျာလျား တာဝန်ယူရမှာပေါ့”ဟု ၄င်းက ထပ်လောင်းသုံးသပ်သည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆို အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင်
ဦးရဲထွဋ်က RFA သတင်းဌာနသို့ ပြောကြားချက်တွင် “ကျွန်တော်တို့ အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့
ဖြစ်နိုင်ဦးမယ်မထင်ပါဘူး ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံက အဖွဲ့ကို အခြေခံပြီးစဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော
လွှတ်တော်ရော ချဉ်းကပ်ပုံတွေက ပုဂိုလ်ကိုအခြေခံတာဖြစ်လေတော့ ကျွန်တော်တို့နဲ့ အတော်ကွာပါတယ်။” ဟုထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါပြောကြားမှုတွင်ပင် ဦးရဲထွဋ်က ခြောက်ပွင့်တွေ့ဆုံရေးမှာ လက်တွေ့နှင့်နီးစပ်မှုမရှိကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

“ပထမပြောတုန်းက သူက ခြောက်ပွင့်ဆိုင်ကြီးက ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောတယ်။ နောက် ဒီနေ့မနက်(ဒီဇင်ဘာလ ၅ရက်)မှာ ပြောတော့ ခြောက်ပွင့်ဆိုင်ကြီးကို ငြင်းပယ်လိုက်တယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး သူက တစ်ခါပြန်ပြောတယ်။ ဘယ်လိုပြောပြော အဲ့ဒါက တရားမ၀င်ဘူး။ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ လာပြောမှ တရားဝင်မယ်။ အဲ့ဒါက ဂျာနယ်တွေရောင်းကောင်းအောင်လုပ်တာနဲ့ အတူတူပဲ။ ဒီကိစ္စမှာ လွှတ်တော်ရဲ့ process က အဆိုတစ်ခုတင်လိုက်ရင် လွှတ်တော်မှာ လာပြီးဖြေရမယ်လေ မဖြေခင်စပ်ကြားမှာ လျှောက်ပြောနေတာတွေက တရားမ၀င်ဘူး။ ” ဟု ထောက်ပြပြောဆိုသည်။

“Institution လို့ပြောရှိရင်တော့ ကျွန်တော်တို့
ပြည်ထောင်စုလွှတ်တော်ထက် ကြီးတဲ့ Institution မြန်မာပြည်မှာမရှိဘူး အစိုးရကို မွေးထုတ်ပေးလိုက်တာလည်း ပြည်ထောင်စုလွှတ်တော် Institution၊ သမ္မတကို ခန့်လိုက်တာလည်း ပြည်ထောင်စုလွှတ်တော် ပဲ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကို ဘယ်လို လာရှင်းပြမလဲဆိုတာပဲ နားထောင်မယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆိုနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့သည်။

The Street View
နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ် အတည်ပြု ပြောဆိုရန်နှင့်အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

ခြောက်ပွင့်ဆိုင်အဆိုနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဧ။် ပြောဆိုမှုနှင့်ပတ်သက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် “နိုင်ငံရေး ပါတီအချို့မှ တာဝန်ရှိသူများက ၎င်းတို့၏ အမြင်သဘောထားများကို ထုတ်ဖော်ပြောကြား ရာတွင် နိုင်ငံတော်သမ္မတ ပြောကြားခြင်း မရှိသည့် စကားများကို နိုင်ငံတော်သမ္မတ ပြောကြား သကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာ ရောက်သည့် စကားလုံးများကိုလည်းကောင်း သုံးစွဲလာသည်ကို တွေ့ရှိရပါသည်။”ဟု ထည့်သွင်းဖေါ်ပြထားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက် တိုက်တွန်းကြောင်း အဆိုကို အတည်ပြု ဆုံးဖြတ် လိုက်ပြီးနောက် သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် လတ်တလော မဖြစ်နိုင်သေးဟု သဘောသက်ရောက်သည့် ပြောဆိုမှုများကို သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

သမ္မတပြောရေးဆိုခွင့်ရှိသူဧ။် ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များကလည်း တုံ့ပြန်ပြောဆို ခြင်း များရှိခဲ့သည်။ ခြောက်ပွင့်ဆိုင်တွေ့ဆုံနှင့်ပတ်သက်ြ့ပီး ပြည်ထောင်စုလွှတ်တော်သို့ လာရောက် ဖြေကြားခြင်း၊ သ၀ဏ်လွှာပေးပို့ခြင်းမရှိသေးသည့် အချိန်အပိုင်းအခြားအတွင်း၌ ပြောဆိုသည့် ဦးရဲထွဋ်ဧ။် ပြောဆိုချက်များမှာ တရားမ၀င်ဟု USDP ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက The Street View သို့ပြောသည်။

“လွှတ်တော်ရဲ့process က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတစ်ခုတင်လိုက်ရင် ပြည်ထောင်စုအဆင့် တစ်ယောက် ယောက်က လွှတ်တော်မှာ လာဖြေ ဒါမှမဟုတရင် သမ္မတက သ၀ဏ်လွှာပို့ရမယ်။ အဲ့လို သ၀ဏ်လွှာလည်းမပို့ဘူး ပြည်ထောင်စုအဆင့်တစ်ယောက်ကလည်း လာမဖြေသေးဘူး။ အဲ့လို မဖြေသေး တဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတော့ ကိုရဲထွဋ်ကလည်းပြောတယ် ကာချုပ်ကလည်းပြောတယ်။ သူတို့ပြော တာက official မဖြစ်ဘူး၊” ဟု ဦးလှဆွေက ပြောသည်။

နိုင်ငံတော်သမ္မတရုံးဧ။် သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဖြစ်စဉ်ဧ။် မူးရင်းဇစ်မြစ်အစမှာ ဦးရဲထွဋ် ပြောဆိုလိုက်သည့် မှတ်ချက်ပြုစကားက စတင်ခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွှန့်က တုံ့ပြန်ပြောဆိုသည်။

“ဒီဇတ်လမ်းရဲ့ စပြီးတော့ ဖြစ်ပေါ်လာတဲ့ မူးရင်း ဇစ်မြစ်က လွှတ်တော်ကနေ ခြောက်ပွင့်ဆိုင် တွေ့ဆုံဖို့ တိုက် တွန်း တဲ့ ဆုံးဖြတ်ချက် အပေါ်မှာ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက် တာက သမ္မတက ပြောခိုင်းတာလား သူက ပြောတာလား ၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ကနေ ပြောတဲ့ စကားဆိုတော့ သမ္မတရဲ့ စကားလို့ ယူဆရမလိုဖြစ်သွားတယ်။

ဒီဇတ်လမ်းရဲ့ အစပေါ်ပေါက်လာတာက ဦးရဲထွဋ်ရဲ့ စကားကနေစပြီးပေါ်ပေါက်လာတာဖြစ်တဲ့အတွက် အဓိကအကျဆုံးက ဦးရဲထွဋ်မှာ တာဝန်ရှိတယ်လို့ ထင်တယ်။” ဦးအောင်ကြည်ညွှန့်က The Street View သို့ပြောသည်။

ဦးရဲထွဋ် မှတ်ချက်ပြုပြောဆိုခဲ့သည့် စကားများနှင့်ပတ်သက်ပြီး “သူပြောတဲ့ စကားအပေါ်မှတော့ လုံးလျာ လျား တာဝန်ယူရမှာပေါ့”ဟု ၄င်းက ထပ်လောင်းသုံးသပ်သည်။

ပြည်ထောင်စုလွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆို အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် ဦးရဲထွဋ်က RFA သတင်းဌာနသို့ ပြောကြားချက်တွင် “ကျွန်တော်တို့ အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့ ဖြစ်နိုင် ဦးမယ် မထင်ပါဘူး ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံက အဖွဲ့ကို အခြေခံပြီးစဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည်ရော လွှတ်တော်ရော ချဉ်းကပ်ပုံတွေက ပုဂိုလ်ကိုအခြေခံတာဖြစ်လေတော့ ကျွန်တော် တို့နဲ့ အတော်ကွာပါတယ်။” ဟုထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါပြောကြားမှုတွင်ပင် ဦးရဲထွဋ်က ခြောက်ပွင့်တွေ့ဆုံရေးမှာ လက်တွေ့နှင့်နီးစပ်မှုမရှိကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

“ပထမပြောတုန်းက သူက ခြောက်ပွင့်ဆိုင်ကြီးက ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောတယ်။ နောက် ဒီနေ့မနက် (ဒီဇင်ဘာလ ၅ရက်)မှာ ပြောတော့ ခြောက်ပွင့်ဆိုင်ကြီးကို ငြင်းပယ်လိုက်တယ်ဆိုတာ မဟုတ်ဘူး ဆိုတဲ့ ပုံစံမျိုး သူက တစ်ခါပြန်ပြောတယ်။ ဘယ်လိုပြောပြော အဲ့ဒါက တရားမ၀င်ဘူး။ ကျွန်တော် တို့ ပြည်ထောင်စုလွှတ်တော်မှာ လာပြောမှ တရားဝင်မယ်။ အဲ့ဒါက ဂျာနယ်တွေ ရောင်းကောင်း အောင်လုပ်တာနဲ့ အတူတူပဲ။ ဒီကိစ္စမှာ လွှတ်တော်ရဲ့ process က အဆိုတစ်ခုတင်လိုက်ရင် လွှတ်တော်မှာ လာပြီးဖြေရမယ်လေ မဖြေခင်စပ်ကြားမှာ လျှောက်ပြောနေတာတွေက တရားမ၀င်ဘူး။ ” ဟု ထောက်ပြ ပြောဆိုသည်။

“Institution လို့ပြောရှိရင်တော့ ကျွန်တော်တို့
ပြည်ထောင်စုလွှတ်တော်ထက် ကြီးတဲ့ Institution မြန်မာပြည်မှာမရှိဘူး အစိုးရကို မွေးထုတ်ပေးလိုက်တာ လည်း ပြည်ထောင်စုလွှတ်တော် Institution၊ သမ္မတကို ခန့်လိုက်တာလည်း ပြည်ထောင်စုလွှတ်တော် ပဲ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကို ဘယ်လို လာရှင်းပြမလဲဆိုတာပဲ နားထောင်မယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆိုနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့သည်။

The Street View

No comments:

Post a Comment