Friday 5 December 2014

ချေချင်းညာ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိများ သေဆုံး

Photo: ချေချင်းညာ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိများ သေဆုံး
Friday, December 5, 2014

ရုရှားနိုင်ငံတွင် အစွန်းရောက် အစ္စလာမ္မစ်များ၏ လှုပ်ရှားမှုများ ရှိနေသော ချေချင်းညာဒေသတွင် လက်နက်များ အပြည့်အစုံ တပ်ဆင်ထားသော စစ်သွေးကြွများက ယာဉ်ထိန်းရဲ များစွာကို ပစ်ခတ်သတ်ဖြတ်ခဲ့ကာ သုံးထပ် အဆောက်အအုံ တစ်လုံးနှင့် ကျောင်းတစ်ကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု BBC သတင်းက ဖော်ပြထားသည်။

သေနတ်သမားများ၏ ကားကို ရဲက တားဆီးခဲ့ရာမှ ယာဉ်ထိန်းရဲများ အသတ်ခံရခြင်း ဖြစ်ကြောင်း ချေချင်းဒေသ ခေါင်းဆောင် ရမ်ဇမ်ကာဒီရော့ဗ်က ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး သူပုန်များနှင့် တိုက်ခိုက်နေစဉ် စာအုပ်ထုတ်ဝေရေး အဆောက်အအုံ မီးလောင်သွားခဲ့ရသည်။

ချေချင်းဒေသတွင် မစ္စတာ ကာဒီရော့ဗ် အာဏာရလာခဲ့ပြီးနောက် လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်လာခဲ့ပြီး ချေချင်းညာမြို့တော် ဂရော့ဇ်နီတွင် တည်ငြိမ်မှုများ အထိုက်အလျောက် ရှိလာခဲ့သည်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်းတွင် ချေချင်းညာဒေသ ခွဲထွက်ရေး မွတ်ဆလင် သူပုန်များက ရုရှားနှင့် စစ်နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာ ပူတင်၏ တိုင်းပြည်သို့ နှစ်စဉ် ပြောကြားသော မိန့်ခွန်းမတိုင်ခင် နာရီပိုင်းအလိုတွင် ဂရော့ဇ်နီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သမ္မတပူတင်သည် ချေချင်းညာ သူပုန်နှိမ်နင်းရေး ထိုးစစ်ကို ၁၉၉၉ ခုနှစ် ဒုတိယအကြိမ် ပြန်လည် စတင်ခဲ့သည်။

နံနက်ခင်း အစောပိုင်းတွင် တိုက်ခိုက်သူများက ယာဉ်ထိန်း ရဲအရာရှိများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ အနည်းဆုံး ရဲသုံးဦးခန့် သေဆုံးခဲ့ရသည်။

သတင်းဖော်ပြချက်များအရ သေနတ်သမားများသည် ရဲဝတ်စုံများ ဝတ်ဆင်ထားခဲ့ကြသည်ဟု သိရသည်။

လုံခြုံရေးများနှင့် သူပုန်သေနတ်သမားတို့ ဖြစ်ခဲ့သည့် စစ်ပွဲအတွင်း သူပုန်ဘက်မှ ခုနစ်ဦး သေဆုံးခဲ့သည်ဟု ချေချင်းညာ ခေါင်းဆောင် ကာဒီရော့ဗ်က ဆိုသည်။

The Voice Weekly
ရုရှားနိုင်ငံတွင် အစွန်းရောက် အစ္စလာမ္မစ်များ၏ လှုပ်ရှားမှုများ ရှိနေသော ချေချင်းညာဒေသတွင် လက် နက်များအပြည့်အစုံ တပ်ဆင်ထားသောစစ်သွေးကြွများက ယာဉ်ထိန်းရဲများစွာကို ပစ်ခတ်သတ် ဖြတ်ခဲ့ကာ သုံးထပ်အဆောက်အအုံတစ်လုံးနှင့် ကျောင်းတစ်ကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု BBC သတင်းက ဖော်ပြထားသည်။

သေနတ်သမားများ၏ကားကို ရဲကတားဆီးခဲ့ရာမှ ယာဉ်ထိန်းရဲများ အသတ်ခံရခြင်း ဖြစ်ကြောင်း ချေချင်း ဒေသ ခေါင်းဆောင် ရမ်ဇမ်ကာဒီရော့ဗ်က ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး သူပုန်များနှင့် တိုက်ခိုက်နေစဉ် စာအုပ်ထုတ်ဝေရေး အဆောက်အအုံ မီးလောင်သွားခဲ့ရသည်။

ချေချင်းဒေသတွင် မစ္စတာ ကာဒီရော့ဗ် အာဏာရလာခဲ့ပြီးနောက် လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်လာခဲ့ပြီး ချေချင်းညာမြို့တော် ဂရော့ဇ်နီတွင် တည်ငြိမ်မှုများ အထိုက်အလျောက် ရှိလာခဲ့သည်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်းတွင် ချေချင်းညာဒေသ ခွဲထွက်ရေး မွတ်ဆလင် သူပုန်များက ရုရှားနှင့် စစ်နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာ ပူတင်၏ တိုင်းပြည်သို့ နှစ်စဉ် ပြောကြားသော မိန့်ခွန်းမတိုင်ခင် နာရီပိုင်း အလိုတွင် ဂရော့ဇ်နီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သမ္မတပူတင်သည် ချေချင်းညာ သူပုန်နှိမ်နင်းရေး ထိုးစစ်ကို ၁၉၉၉ ခုနှစ် ဒုတိယအကြိမ် ပြန်လည် စတင်ခဲ့ သည်။

နံနက်ခင်း အစောပိုင်းတွင် တိုက်ခိုက်သူများက ယာဉ်ထိန်း ရဲအရာရှိများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကာ အနည်းဆုံး ရဲသုံးဦးခန့် သေဆုံးခဲ့ရသည်။

သတင်းဖော်ပြချက်များအရ သေနတ်သမားများသည် ရဲဝတ်စုံများ ဝတ်ဆင်ထားခဲ့ကြသည်ဟု သိရသည်။

လုံခြုံရေးများနှင့် သူပုန်သေနတ်သမားတို့ ဖြစ်ခဲ့သည့် စစ်ပွဲအတွင်း သူပုန်ဘက်မှ ခုနစ်ဦး သေဆုံးခဲ့သည်ဟု ချေချင်းညာ ခေါင်းဆောင် ကာဒီရော့ဗ်က ဆိုသည်။

The Voice Weekly 

No comments:

Post a Comment