Friday 5 December 2014

လူဝင်မှုကြီးကြပ်ရေးဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်နယ် များက အိုဘားမားကို တရားစွဲ

Photo: လူဝင်မှုကြီးကြပ်ရေးဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်နယ် များက အိုဘားမားကို တရားစွဲ
Friday, December 5, 2014

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အိုဘားမားအစိုးရ၏ ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ၏ပြည်နယ် ၁၇ခုက အိုဘားမား အစိုးရကို ဒီဇင်ဘာ ၃ရက်တွင် တရား စွဲခဲ့ကြောင်း AFP သတင်းအရ သိ ရသည်။

အထောက်အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူ ငါးသန်းခန့်ကို ၄င်းတို့ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းမှ ကာကွယ် ပေးသည့် အစိုးရ၏အစီအစဉ်အ တွက် တက္ကဆက်ပြည်နယ် ဦးဆောင် သည့် ပြည်နယ် ၁၇ခုပါအဖွဲ့က အစိုးရ ကို တရားစွဲခဲ့ခြင်းလည်းဖြစ်သည်။

တက္ကဆက်ပြည်နယ်၏ရှေ့နေ ချုပ်ဖြစ်သူ ဂရပ်အက်ဘော့က ကွန်ဂ ရက်လွှတ်တော်၏ ပိတ်ဆို့မှုကိုရှောင် ရှားနိုင်ရန် လွန်ခဲ့သောလတွင် ထုတ် ပြန်ခဲ့သော အိုဘားမား၏ တစ်ဖက် သတ်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးစီမံကိန်းသည် အမေရိကန်အခြေ ခံဥပဒေနှင့်မကိုက်ညီဟု ဆိုသည်။

''သမ္မတကြီးက ၄င်း၏တာဝန် ရှိမှုကို အလွဲသုံးစားလုပ်ကာ ၄င်း တွင် ဆောင်ရွက်ရန် အာဏာမရှိ သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် ကြိုးပမ်းခဲ့ပါသည်ဟု အက်ဘော့က ကြေညာချက် တစ်စောင်တွင် ပြော ခဲ့သည်။ ထို့အပြင် အိုဘားမား၏ လုပ်ရပ်သည် သမ္မတတစ်ဦး၏ လုပ် ပိုင်ခွင့်ကို ကန့်သတ်ထားသည့် အခြေ ခံဥပဒေပါ အပိုဒ်ငယ်တစ်ခုကို ချိုး ဖောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အက် ဘော့က'' ထပ်မံပြောကြားခဲ့သည်။

အိုဘားမား၏ အငြင်းပွားဖွယ် ပြုပြင်ပြောင်းလဲမှုတွင် အမေရိကန် နိုင်ငံ၌ ငါးနှစ်ကျော်ကြာနေထိုင်ခဲ့ ပြီးဖြစ်သော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို သုံးနှစ် ကြာအခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီး ၄င်း တို့မွေးဖွားလာသည့် ကလေးများကို အမေရိကန်နိုင်ငံသား(သို့)တရားဝင် အခြေချနေထိုင်သူများအဖြစ် ခွင့်ပြု ထားသည်။

သို့သော်ယင်း ပြောင်း လဲမှုသည် တရားမဝင်ရုံမက အခြေ ခံဥပဒေနှင့်လည်း မညီညွတ်ကြောင်း အိုဘားမားထုတ်ပြန်ခဲ့ပြီးခြင်း ဝေဖန် ရေးသမားများက ပြစ်တင်ခဲ့ကြသည်။

Ref:AFP
Yangon Media Group
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အိုဘားမားအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၇ခုက အိုဘားမားအစိုးရကို ဒီဇင်ဘာ ၃ရက်တွင် တရားစွဲခဲ့ကြောင်း AFP သတင်းအရသိ ရသည်။

အထောက်အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူ ငါးသန်းခန့်ကို ၄င်းတို့ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းမှ ကာကွယ် ပေးသည့် အစိုးရ၏အစီအစဉ်အ တွက် တက္ကဆက်ပြည်နယ် ဦးဆောင် သည့် ပြည်နယ် ၁၇ခုပါအဖွဲ့က အစိုးရ ကို တရားစွဲခဲ့ခြင်းလည်းဖြစ်သည်။

တက္ကဆက်ပြည်နယ်၏ရှေ့နေ ချုပ်ဖြစ်သူ ဂရပ်အက်ဘော့က ကွန်ဂ ရက်လွှတ်တော်၏ ပိတ်ဆို့မှုကိုရှောင် ရှားနိုင်ရန် လွန်ခဲ့သောလတွင် ထုတ် ပြန်ခဲ့သော အိုဘားမား၏ တစ်ဖက် သတ်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးစီမံကိန်းသည် အမေရိကန်အခြေ ခံဥပဒေနှင့်မကိုက်ညီဟု ဆိုသည်။

''သမ္မတကြီးက ၄င်း၏တာဝန် ရှိမှုကို အလွဲသုံးစားလုပ်ကာ ၄င်း တွင် ဆောင်ရွက်ရန် အာဏာမရှိ သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် ကြိုးပမ်းခဲ့ပါသည်ဟု အက်ဘော့က ကြေညာချက် တစ်စောင်တွင် ပြော ခဲ့သည်။ ထို့အပြင် အိုဘားမား၏ လုပ်ရပ်သည် သမ္မတတစ်ဦး၏ လုပ် ပိုင်ခွင့်ကို ကန့်သတ်ထားသည့် အခြေ ခံဥပဒေပါ အပိုဒ်ငယ်တစ်ခုကို ချိုး ဖောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အက် ဘော့က'' ထပ်မံပြောကြားခဲ့သည်။

အိုဘားမား၏ အငြင်းပွားဖွယ် ပြုပြင်ပြောင်းလဲမှုတွင် အမေရိကန် နိုင်ငံ၌ ငါးနှစ်ကျော်ကြာနေထိုင်ခဲ့ ပြီးဖြစ်သော အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို သုံးနှစ် ကြာအခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီး ၄င်း တို့မွေးဖွားလာသည့် ကလေးများကို အမေရိကန်နိုင်ငံသား(သို့)တရားဝင် အခြေချနေထိုင်သူများအဖြစ် ခွင့်ပြု ထားသည်။

သို့သော်ယင်း ပြောင်း လဲမှုသည် တရားမဝင်ရုံမက အခြေ ခံဥပဒေနှင့်လည်း မညီညွတ်ကြောင်း အိုဘားမားထုတ်ပြန်ခဲ့ပြီးခြင်း ဝေဖန် ရေးသမားများက ပြစ်တင်ခဲ့ကြသည်။

Ref:AFP
Yangon Media Group 

No comments:

Post a Comment