Friday 5 December 2014

တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား

Photo: တရုတ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်အား မိခင်က ကိုက်စားမှုဖြစ်ပွား
Friday, December 5, 2014 

တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ် သူက ကိုက်စားရန် ကြိုးစားခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ် ရှန်ဇန်းမြို့ရှိ ဆေးရုံတွင် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ် သည်ဟု သိရသည်။

အဆိုပါမျိုးသမီးအား ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် လမ်းပေါ်တွင် တွေ့ရှိခဲ့ ရသောေ ကြာင့် ဆေး ရုံသို့ တင်ပို့ခဲ့ပြီးနောက် ကလေးမီးဖွားစေခဲ့သည်။ ဆေးရုံ သို့ရောက် ပြီး ၃ ရက်အကြာ တစ်မနက်တွင် သူနာပြုက ၎င်း၏ အခန်းထဲသို့ ၀င်ရောက် လာ ခဲ့ရာ အဆိုပါမျိုးသမီးမှာ ကလေးငယ်၏ လက်အား ကိုက်ဖြတ်နေ သည်ကို တွေ့ရှိ ခဲ့ရသည်။

ထိုမြင်ကွင်းကြောင့် သူနာပြုက အရေးပေါ်ခလုပ်ကို နှိပ်ခဲ့ပြီး ကလေးကိုလည်း ၎င်း၏ လက်ထဲမှ ဆွဲလုခဲ့ရာ မိခင်ဖြစ်သူက အတင်းကိုက်ထားသောကြောင့် ဆရာဝန်များ လာရောက်သည့်အချိန်မှ  ဆွဲထုတ်နိုင်ခဲ့သည်။ `တုန် လှုပ် စရာပါပဲ။ လက်က တော်တော်လေးဆိုးဆိုးရွားရွား ထိခိုက်သွားပြီး အနာတရ ဖြစ်ရုံသာမက သွေးလည်းတော်တော်ထွက်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာ ၀န်တွေက သူမရဲ့ ကိုက်ထားတဲ့ ပါးစပ်ကို ဟနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမကို အိပ်ဆေးထိုးပေးခဲ့ပြီး ကလေးကိုတော့ အန္တရာယ်ကင်းတဲ့နေရာကို ခေါ်သွားနိုင် ခဲ့ပါတယ်´ ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အမျိုးသမီး ကိုယ်ဝန်အရင့် အ မာဖြစ်နေ ချိန်တွင် ယောက္ခမဖြစ်သူက မောင်းထုတ်ခဲ့သောကြောင့် ထိုအမျိုး သမီးမှာ လမ်းပေါ်တွင် သီတင်းပတ်များစွာ နေထိုင်ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် မည်သည့်အကြောင်းအရင်းက သူမအား ထိုကဲ့သို့ လုပ်ဆောင်ရန် စေ့ဆော် ခဲ့သည်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိနေသည်။

M-Media
တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် မွေးကင်းစ ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကိုက်စားရန် ကြိုးစား ခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

နိုင်ငံတောင်ပိုင်း ဂွမ်ဒုံးပြည်နယ် ရှန်ဇန်းမြို့ရှိ ဆေးရုံတွင် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်သည်ဟု သိရသည်။

အဆိုပါမျိုးသမီးအား ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် လမ်းပေါ်တွင် တွေ့ရှိခဲ့ရသောကြောင့် ဆေးရုံသို့ တင်ပို့ ခဲ့ပြီးနောက် ကလေးမီးဖွားစေခဲ့သည်။ ဆေးရုံသို့ရောက်ပြီး ၃ ရက်အကြာတစ်မနက်တွင် သူနာပြုက ၎င်း၏ အခန်းထဲသို့ ၀င်ရောက်လာခဲ့ရာ အဆိုပါမျိုးသမီးမှာ ကလေးငယ်၏လက်အား ကိုက်ဖြတ်နေသည်ကို တွေ့ ရှိ ခဲ့ရသည်။

ထိုမြင်ကွင်းကြောင့် သူနာပြုက အရေးပေါ်ခလုပ်ကိုနှိပ်ခဲ့ပြီး ကလေးကိုလည်း ၎င်း၏လက်ထဲမှဆွဲလုခဲ့ရာ မိခင်ဖြစ်သူက အတင်းကိုက်ထားသောကြောင့် ဆရာဝန်များ လာရောက်သည့်အချိန်မှ  ဆွဲထုတ်နိုင်ခဲ့ သည်။ `တုန်လှုပ်စရာပါပဲ။ လက်ကတော်တော်လေးဆိုးဆိုးရွားရွား ထိခိုက်သွားပြီး အနာတရဖြစ်ရုံ သာမက သွေးလည်းတော်တော်ထွက်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေက သူမရဲ့ ကိုက်ထားတဲ့ပါးစပ်ကိုဟနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမကို အိပ်ဆေးထိုးပေးခဲ့ပြီး ကလေးကိုတော့ အန္တရာယ်ကင်းတဲ့နေရာကို ခေါ်သွားနိုင်ခဲ့ပါတယ်´ ဟု ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါအမျိုးသမီး ကိုယ်ဝန်အရင့်အမာဖြစ်နေချိန်တွင် ယောက္ခမဖြစ် သူက မောင်းထုတ်ခဲ့သောကြောင့် ထိုအမျိုးသမီးမှာ လမ်းပေါ်တွင် သီတင်းပတ်များစွာနေထိုင်ခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် မည်သည့်အကြောင်းအရင်းက သူမအား ထိုကဲ့သို့ လုပ်ဆောင်ရန် စေ့ဆော် ခဲ့ သည်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

M-Media 

No comments:

Post a Comment