Friday 5 December 2014

သားသမီးများကို ကိုယ်ပိုင်ကားဖြင့် ကျောင်းကြို/ပို့ မလုပ်ရေး ဥပဒေရေးဆွဲရန် တိုင်းလွှတ်တော် ဆွေးနွေးမည်

Photo: သားသမီးများကို ကိုယ်ပိုင်ကားဖြင့် ကျောင်းကြို/ပို့ မလုပ်ရေး ဥပဒေရေးဆွဲရန် တိုင်းလွှတ်တော် ဆွေးနွေးမည်
Friday, December 5, 2014.

ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းများတွင် ပညာသင်နေသည့် သား၊ သမီး များကို မိမိတို့၏ ကိုယ်ပိုင်ကားဖြင့် အကြို၊အပို့မလုပ်စေဘဲ ကျောင်းကားများဖြင့် စနစ်တကျ သယ်ယူပို့ဆောင်နိုင်မည့် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရန် လွှတ်တော် အမတ် တစ်ဦး၏အရေးဆိုမှုကို လက်ခံဆွေးနွေးရန် ဒီဇင်ဘာ ၄ ရက်က ရန်ကုန် တိုင်း လွှတ်တော်တွင် သဘောတူလိုက်သည်။

ထိုသို့ ဥပဒေရေးဆွဲရန် အဆိုရှင်က ရည်ရွယ်ချက်သုံးမျိုးဖြင့် တင်ပြခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ယာဉ်ကြောပိတ် ဆို့မှုကို လျှော့ချ ရန်၊ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသွား/ပြန် လုံခြုံစိတ်ချမှုရရှိစေရန်နှင့် ကျောင်းကားများ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရန်တို့ ဖြစ်သည်ဟု လွှတ်တော်တွင် ရှင်းပြခဲ့သည်။

“ကျောင်းဆင်းချိန်တွေမှာဆို အရမ်းသိသာနေပါတယ်။ ရိုးရိုးကျောင်းကားတွေ ထက် အိမ်စီးကားတွေက ကျောင်းရှေ့မှာ ပိုများနေတဲ့အတွက် ယာဉ်ကြော ရှုပ်ထွေးမှု အရမ်းမြင့်တက်နေပါတယ်” ဟု အဆိုရှင် ဖြစ် သည့် မင်္ဂလာတော င်ညွန့်မြို့ နယ်မှ တိုင်းလွှတ်တော်အမတ် ဒေါက်တာ စောလှထွန်းက ပြောသည်။

အဆိုကို တိုင်းလွှတ်တော်က လက်ခံဆွေးနွေးခဲ့ပြီး လာမည့်ဒီဇင်ဘာ ၈ ရက်တွင် ဆုံးဖြတ်ရန် လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်တိုင်းရှိ အခြေခံကျောင်းပေါင်း ၂၃၀ ကျော်တွင် ကျောင်းဖယ်ရီ ၂၃၄၁ စီး၊ ကိုယ်ပိုင်ယာဉ် ၅၁၉၃ စီးဖြစ်ရာ၊ စုစု ပေါင်းစီးရေ ၇၅၃၄ ကြိုပို့လျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment