Friday 5 December 2014

ရန်ကုန်တွင် အသန့်ရှင်းဆုံး မြို့နယ်ကို သုံးလတစ်ကြိမ် ကျပ်၂၅သိန်း ဆုချမည်

Photo: ရန်ကုန်တွင် အသန့်ရှင်းဆုံး မြို့နယ်ကို သုံးလတစ်ကြိမ် ကျပ်၂၅သိန်း ဆုချမည်
Friday, December 5, 2014

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ မြို့နယ် တစ်မြို့နယ်ကို အသန့်ရှင်းဆုံးမြို့နယ် အဖြစ် သုံးလတစ်ကြိမ်ရွေးချယ်ပြီး ငွေကျပ် ၂၅သိန်းချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုကို ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ပထမပတ် တွင် ပထမဆုံးအကြိမ် စတင်ရွေးချယ် မည်ဖြစ်ပြီး ဆုအဖြစ်ရရှိမည့်ေ ငွေသား၂၅သိန်းကို အဆိုပါမြို့နယ် ရှိ စည်ပင်ဝန်ထမ်းများအား ချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သုံးလတစ်ကြိမ် အသန့်ရှင်းဆုံးဆု ရွေးချယ်ရာတွင် အမှတ်ပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ကော်မတီဝင် လေးဦးမှ တာဝန်ရှိသူက ''ရန်ကုန်မြို့ တော်နယ်နိမိတ်အတွင်းမှာ မြို့နယ် တစ်ခုချင်းစီ အလိုက် အမှိုက်တွေကို စနစ်တကျနဲ့စိစစ်ပြီး စွန့်ပစ်အမှိုက် ပုံတွေ သန့်ရှင်းလာစေရန် အတွက် ယခုလို အသန့်ရှင်းဆုံးမြို့နယ်ဆုကို ချီးမြှင့်ရခြင်းဖြစ်ပါတယ်''ဟု ပြော သည်။

လုပ်ငန်းဆပ်ကော်မတီက မြို့ နယ်များတွင် ဒီဇင်ဘာ ၁ဝရက်မှ စတင်၍ စစ်ဆေးပြီး ပြည်သူလူထု၏သဘောထားကိုယူပြီး အမှတ်ဇယား တွင် အမှတ်ပေးသွားမည်ဖြစ်ပြီး ဒီ ဇင်ဘာ ၃၁ရက်တွင် ဆုရသည့်မြို့ နယ်ကို ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''အသန့်ရှင်းဆုံးမြို့နယ်ဆုကို ရွေးချယ်ပေးအပ်ဖို့ အချက် ၃ဝနဲ့ အမှတ်ပေးသွားပါမယ်။ အချက် ၃ဝ နဲ့ အမှတ်ပေးဖို့က ကော်မတီသုံးရပ် ရှိပါတယ်။ အဆုံးအဖြတ်ပေးနိုင်မယ့် ကော်မတီက ဗဟိုကော်မတီပါ၊ ဗဟို ကော်မတီက ကော်မတီဝင် လေးဦး ဦးဆောင်တဲ့ ကော်မတီပါ၊ တိုင်းထွေ အုပ်တို့၊ ဌာနမှူးတွေပါတဲ့ ဗဟိုကော် မတီပါ။ အဲဒီအောက်ကမှ လုပ်ငန်း ကော်မတီကစစ်ဆေးမယ့် ဌာနမှူး လေးဦးနဲ့ဆက်စပ်နေလို့ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးတို့ပါတာက လုပ်ငန်းကော်မတီပါ။ စည်ပင်ဝန် ထမ်းတွေ အလုပ်လုပ်တာကို မြေပြင် မှာ လိုက်စစ်မှာက လုပ်ငန်းဆပ်ကော် မတီပါ။ လုပ်ငန်းဆပ်ကော်မတီက ဌာနမှူးဦးစီးမယ်။ စည်ပင်သာယာ က ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနက ဒုဌာနမှူးပါမယ်။ လမ်း၊ တံတားကပါမယ်။ မြို့နယ်အထောက် အကူပြုအဖွဲ့ကဥက္ကဋ္ဌ၊ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးက အုပ် ချုပ်ရေးမှူးနဲ့ စည်ပင်သာယာက ခရိုင်မှူးပါမယ်။ သူတို့တွေက အချက် ၃ဝထဲက တစ်ချက်ချင်းစီကို လိုက်လံ စစ်ဆေးမှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ဒုတိယဌာနမှူးဦးခင်ဝင်း က ပြောသည်။

TST
Democracytoday
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃မြို့နယ်မှ မြို့နယ် တစ်မြို့နယ်ကို အသန့်ရှင်းဆုံးမြို့နယ် အဖြစ် သုံးလတစ်ကြိမ်ရွေးချယ်ပြီး ငွေကျပ် ၂၅သိန်းချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုကို ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ပထမဆုံးအကြိမ် စတင်ရွေးချယ် မည်ဖြစ်ပြီး ဆုအဖြစ်ရရှိမည့်ေ ငွေသား၂၅သိန်းကို အဆိုပါမြို့နယ် ရှိ စည်ပင်ဝန်ထမ်းများအား ချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သုံးလတစ်ကြိမ် အသန့်ရှင်းဆုံးဆု ရွေးချယ်ရာတွင် အမှတ်ပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ကော်မတီဝင် လေးဦးမှ တာဝန်ရှိသူက ''ရန်ကုန်မြို့ တော်နယ်နိမိတ်အတွင်းမှာ မြို့နယ် တစ်ခုချင်းစီ အလိုက် အမှိုက်တွေကို စနစ်တကျနဲ့စိစစ်ပြီး စွန့်ပစ် အမှိုက် ပုံတွေ သန့်ရှင်းလာစေရန် အတွက် ယခုလို အသန့်ရှင်းဆုံးမြို့နယ်ဆုကို ချီးမြှင့်ရခြင်းဖြစ်ပါတယ်''ဟု ပြော သည်။

လုပ်ငန်းဆပ်ကော်မတီက မြို့ နယ်များတွင် ဒီဇင်ဘာ ၁ဝရက်မှ စတင်၍ စစ်ဆေးပြီး ပြည်သူလူထု၏ သဘောထားကိုယူပြီး အမှတ်ဇယား တွင် အမှတ်ပေးသွားမည်ဖြစ်ပြီး ဒီ ဇင်ဘာ ၃၁ရက်တွင် ဆုရသည့်မြို့ နယ်ကို ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''အသန့်ရှင်းဆုံးမြို့နယ်ဆုကို ရွေးချယ်ပေးအပ်ဖို့ အချက် ၃ဝနဲ့ အမှတ်ပေးသွားပါမယ်။ အချက် ၃ဝ နဲ့ အမှတ်ပေးဖို့က ကော်မတီသုံးရပ် ရှိပါတယ်။ အဆုံးအဖြတ်ပေးနိုင်မယ့် ကော်မတီက ဗဟိုကော်မတီပါ၊ ဗဟို ကော်မတီက ကော်မတီဝင် လေးဦး ဦးဆောင်တဲ့ ကော်မတီပါ၊ တိုင်းထွေ အုပ်တို့၊ ဌာနမှူးတွေပါတဲ့ ဗဟိုကော် မတီပါ။ အဲဒီအောက်ကမှ လုပ်ငန်း ကော်မတီကစစ်ဆေးမယ့် ဌာနမှူး လေးဦးနဲ့ဆက်စပ်နေလို့ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးတို့ပါတာက လုပ်ငန်းကော်မတီပါ။ စည်ပင်ဝန် ထမ်းတွေ အလုပ်လုပ်တာကို မြေပြင်မှာ လိုက်စစ်မှာက လုပ်ငန်းဆပ်ကော် မတီပါ။ လုပ်ငန်း ဆပ်ကော်မတီက ဌာနမှူးဦးစီးမယ်။ စည်ပင်သာယာ က ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနက ဒုဌာနမှူး ပါမယ်။ လမ်း၊ တံတားကပါမယ်။ မြို့နယ်အထောက် အကူပြုအဖွဲ့ကဥက္ကဋ္ဌ၊ မြို့နယ်အ ထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အုပ် ချုပ်ရေးမှူးနဲ့ စည်ပင်သာယာက ခရိုင်မှူးပါမယ်။ သူတို့တွေက အချက် ၃ဝထဲက တစ်ချက်ချင်းစီကို လိုက်လံ စစ်ဆေးမှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ဒုတိယဌာနမှူးဦးခင်ဝင်း က ပြောသည်။

TST
Democracytoday

No comments:

Post a Comment