Friday 5 December 2014

ဟောင်ကောင်ကျောင်းသားသုံးဦး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြမည်

Photo: ဟောင်ကောင်ကျောင်းသားသုံးဦး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြမည်
==================================================

Ref - BBC 

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလား သော ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး ရဲ တပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြကျောင်း သားသုံးဦးက ရက်အကန့်အသတ်မရှိ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သိရသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြကြမည့် ကျောင်းသားသုံးဦးမှာ အသက် ၁၈ နှစ် အ ရွယ် ဒီမိုကရေစီလိုလားသော ဆန္ဒပြကျောင်း သားခေါင်းဆောင် ဂျိုရှာဝေါင်နှင့် ၄င်း၏ Scholarism  အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးတို့ ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် ဆန္ဒပြခေါင်း ဆောင် ဂျိုရှာဝေါင်သည် ၄င်းဖွဲ့စည်းထား သော Scholarism  အဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ တစ်ဦး နှင့် အသက် ၁၇ နှစ်အရွယ် အထက်တန်း ကျောင်းသူတို့သည် ရက်အကန့်အသတ် မရှိ အစာငတ်ခံ ဆန္ဒပြမှုကို ချက်ချင်းစတင် မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြားခဲ့ပြီး ယင်းအစာငတ်ခံ ဆန္ဒပြမှုတွင် ရေကိုသာ သောက်သုံးသွားမည်ဟု နိုင်ငံ ပိုင် ရုပ်သံဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစာငတ်ခံ ဆန္ဒပြမှုသည် လာမည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရန်နှင့် မိမိတို့၏ တောင်းဆို မှုများကို ဟောင်ကောင်အစိုးရက ပြန်လည် တုံ့ပြန်သည့်အနေဖြင့် အစာငတ်ခံ ဆန္ဒပြ မှုကို စတင်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကျောင်းသားသုံးဦးတို့က အစိုး ရနှင့် ကျောင်းသားတို့ကြား တွေ့ဆုံဆွေး နွေးမှု ရပ်တန့်ခြင်းကို ပြန်လည်လုပ်ဆောင် ပေးရန်၊ အုပ်ချုပ်ရေး ကိုယ်စားလှယ် လောင်းများ၏ အဆိုပြုချက်ကို တရုတ်၏ဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးရန်နှင့် လာ မည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် လည်း လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်က ဟောင်ကောင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် အစိုးရဌာနချုပ်ရုံးများသို့ ဝင်ရောက်စီးနင်း ခဲ့ကြပြီး အစိုးရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့နှင့်  ထိပ်တိုက်တွေ့ဆုံ၍ ပဋိပက္ခအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ¤င်းဒီမိုကရေ စီလိုလားသော ဆန္ဒပြသူများသည် အစိုးရ ၏ အဓိကနေရာများသို့ ဝင်ရောက်ခဲ့ပြီး လမ်း များပေါ်တွင်လည်း ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြ သည်။ 

http://www.yangonmedia.com
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တို့ကြား ပဋိပက္ခ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြကျောင်း သားသုံးဦးက ရက်အကန့်အသတ်မရှိ အစာ ငတ်ခံ ဆန္ဒပြသွားမည်ဟု သိရသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြကြမည့် ကျောင်းသားသုံးဦးမှာ အသက် ၁၈ နှစ် အ ရွယ် ဒီမိုကရေစီ လိုလား သော ဆန္ဒပြကျောင်း သားခေါင်းဆောင် ဂျိုရှာဝေါင်နှင့် ၄င်း၏ Scholarism အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးတို့ ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ် ဆန္ဒပြခေါင်းဆောင် ဂျိုရှာဝေါင်သည် ၄င်းဖွဲ့စည်းထား သော Scholarism အဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အထက်တန်း ကျောင်းသူ တို့သည် ရက်အကန့်အသတ်မရှိ အစာငတ်ခံ ဆန္ဒပြမှုကို ချက်ချင်းစတင် မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့ပြီး ယင်းအစာငတ်ခံဆန္ဒပြမှုတွင် ရေကိုသာ သောက်သုံးသွားမည်ဟု နိုင်ငံပိုင်ရုပ်သံ ဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစာငတ်ခံ ဆန္ဒပြမှုသည် လာမည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင် ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရန်နှင့် မိမိတို့၏ တောင်းဆို မှုများကို ဟောင်ကောင်အစိုးရက ပြန်လည် တုံ့ပြန်သည့်အနေဖြင့် အစာငတ်ခံ ဆန္ဒပြ မှုကို စတင်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကျောင်းသားသုံးဦးတို့က အစိုးရနှင့် ကျောင်းသားတို့ကြား တွေ့ဆုံဆွေးနွေးမှုရပ်တန့်ခြင်းကို ပြန်လည် လုပ်ဆောင်ပေးရန်၊ အုပ်ချုပ်ရေးကိုယ်စားလှယ် လောင်းများ၏ အဆိုပြုချက်ကို တရုတ်၏ဆုံးဖြတ် ချက်အား ပယ်ဖျက်ပေးရန်နှင့် လာမည့် ၂ဝ၁၇ ခုနှစ်တွင် ပြုလုပ်မည့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ တွင် လည်း လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်က ဟောင်ကောင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် အစိုးရဌာနချုပ်ရုံးများသို့ ဝင်ရောက်စီးနင်းခဲ့ကြပြီး အစိုးရလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့နှင့် ထိပ်တိုက်တွေ့ဆုံ၍ ပဋိပက္ခအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ¤င်းဒီမိုကရေ စီလိုလားသော ဆန္ဒပြသူများသည် အစိုးရ၏ အဓိကနေရာ များသို့ ဝင်ရောက်ခဲ့ပြီး လမ်း များပေါ်တွင်လည်း ပိတ်ဆို့၍ ဆန္ဒပြခဲ့ကြ သည်။ 

Ref - BBC

No comments:

Post a Comment