Friday 5 December 2014

ဒီဇိုင်နာရှီလာကကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်းပွဲတက် ၀တ်စုံ တီထွင်

Photo: ဒီဇိုင်နာရှီလာကကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်းပွဲတက် ၀တ်စုံ တီထွင်
Friday, December 5, 2014

World AIDS Day 2014 အစီအစဉ်အတွက် မြန်မာနိုင်ငံမှ လူငယ် ဒီဇိုင်နာ တစ်ဦးဖြစ်သော ဒီဇိုင်နာရှီလာက ကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်း ပွဲတက်ဝတ်စုံတစ်စုံကို ချုပ်လုပ်ဖန်တီးခဲ့ကြောင်း သိရသည်။ 

ယင်းဝတ်စုံတီထွင်ချုပ်လုပ်မှုနှင့် ပတ်သက်၍ ဒီဇိုင်နာရှီလာက ““ဒီဝတ်စုံ ကို World AIDS Day 2014 ဖျော်ဖြေရေးနေ့အခမ်းအနားအတွက် PSI က လာအပ်ထားတာဖြစ်ပါတယ်။ ဒီဝတ်စုံကို ကွန်ဒုံးပေါင်း ၁၂၀၀၀ ကျော်နဲ့ တီထွင်ချုပ်လုပ်ထားတာပါ။ ကွန်ဒုံးအမျိုးအစားတွေကတော့ စတော်ဘယ်ရီ၊ ငှက်ပျော၊ လိမ္မော်၊ အပါးလွှာဆုံးကွန်ဒုံးစတဲ့ကွန်ဒုံးလေးမျိုးနဲ့ ချုပ်လုပ်ထား တာဖြစ်ပါတယ်။

ဖဲကြိုးနီပုံစံလေးပေါ်မှာအခြေခံပြီး ချုပ်လုပ်ထားတာပါ။ ဒီဝတ်စုံ မျိုးကိုMiss Condom ပြိုင်ပွဲတုန်းကလည်း တစ်ခါချုပ်လုပ်ဖူးပါတယ်။ ဒါကတော့ ဒုတိယအကြိမ်ပေါ့နော်။ ဒီဝတ်စုံဖြစ်မြောက်ဖို့ ငါးရက်ကျော်ကျော် လောက်အချိန်ယူပြီး နေ့မအား၊ ညမအား ချုပ်လုပ်ခဲ့ရတယ်။ ချုပ်လုပ်စဉ်မှာလည်း အခက်အခဲတွေအများကြီး ရှိပါတယ်။ တစ်အိမ်လုံးကလည်း ချောဆီတွေ သုတ်ထား သလိုထင်ရတယ်။ အရောင်ရော၊ အနံ့ရောရှိတဲ့ဝတ်စုံတွေပါ။ ရှီလာကိုယ်တိုင်ကလည်း ဟိုမိုဂေးအနွယ်ဝင်တစ်ယောက်ဖြစ်တဲ့အတွက်AIDS
ရောဂါဝေ ဒနာရှင်များ လူသားချင်းစာနာပြီး ခွဲခြား ဆက်ဆံတာတွေ
တိုက်ဖျက်တဲ့ အနေနဲ့ အခုလို ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကျေနပ်မိပါ တယ်””ဟု ၄-၁၂-၂၀၁၄ ရက်က ပြည်မြန်မာသတင်းစာသို့ ပြောသည်။

Pyimyanmar
World AIDS Day 2014 အစီအစဉ်အတွက် မြန်မာနိုင်ငံမှ လူငယ် ဒီဇိုင်နာ တစ်ဦးဖြစ်သော ဒီဇိုင်နာရှီလာက ကွန်ဒုံး ၁၂၀၀၀ ကျော်ဖြင့် ညနေခင်း ပွဲတက်ဝတ်စုံတစ်စုံကို ချုပ်လုပ်ဖန်တီးခဲ့ကြောင်း သိရသည်။ 

ယင်းဝတ်စုံတီထွင်ချုပ်လုပ်မှုနှင့် ပတ်သက်၍ ဒီဇိုင်နာရှီလာက ““ဒီဝတ်စုံ ကို World AIDS Day 2014 ဖျော်ဖြေရေးနေ့အခမ်းအနားအတွက် PSI က လာအပ်ထားတာဖြစ်ပါတယ်။ ဒီဝတ်စုံကို ကွန်ဒုံးပေါင်း ၁၂၀၀၀ ကျော်နဲ့ တီထွင်ချုပ်လုပ်ထားတာပါ။ ကွန်ဒုံးအမျိုးအစားတွေကတော့ စတော်ဘယ်ရီ၊ ငှက်ပျော၊ လိမ္မော်၊ အပါးလွှာဆုံးကွန်ဒုံးစတဲ့ကွန်ဒုံးလေးမျိုးနဲ့ ချုပ်လုပ်ထား တာဖြစ်ပါတယ်။

ဖဲကြိုးနီပုံစံလေးပေါ်မှာအခြေခံပြီး ချုပ်လုပ်ထားတာပါ။ ဒီဝတ်စုံ မျိုးကိုMiss Condom ပြိုင်ပွဲတုန်းကလည်း တစ်ခါချုပ်လုပ်ဖူးပါတယ်။ ဒါကတော့ ဒုတိယအကြိမ်ပေါ့နော်။ ဒီဝတ်စုံဖြစ်မြောက်ဖို့ ငါးရက်ကျော်ကျော် လောက်အချိန်ယူပြီး နေ့မအား၊ ညမအား ချုပ်လုပ်ခဲ့ရတယ်။ ချုပ်လုပ်စဉ်မှာလည်း အခက်အခဲတွေ အများ ကြီးရှိပါတယ်။ တစ်အိမ်လုံးကလည်း ချောဆီတွေ သုတ်ထား သလိုထင်ရတယ်။ အရောင်ရော၊ အနံ့ရော ရှိတဲ့ ၀တ်စုံတွေပါ။ ရှီလာကိုယ်တိုင်ကလည်း ဟိုမိုဂေးအနွယ်ဝင်တစ်ယောက်ဖြစ်တဲ့အတွက်AIDS ရောဂါ ဝေ ဒနာရှင်များ လူသားချင်းစာနာပြီး ခွဲခြား ဆက်ဆံတာတွေ တိုက်ဖျက်တဲ့ အနေနဲ့ အခုလို ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းကျေနပ်မိပါ တယ်””ဟု ၄-၁၂-၂၀၁၄ ရက်က ပြည်မြန်မာသတင်းစာသို့ ပြောသည်။

Pyimyanmar 

No comments:

Post a Comment