Friday 5 December 2014

အမေရိကန်ခုံသမာဓိအဖွဲ့ ပျက်စီးနေပြီဟု လူထုအရေးလှုပ်ရှားသူပြော

Photo: အမေရိကန်ခုံသမာဓိအဖွဲ့ ပျက်စီးနေပြီဟု လူထုအရေးလှုပ်ရှားသူပြော
Friday, December 5, 2014 

အမေရိကန်လူမည်း Eric Garner သေဆုံးတဲ့အထိ အင်အားသုံး ဖမ်းဆီးခဲ့တဲ့ရဲကို အမှုမတင်ခဲ့တဲ့အတွက် အမေရိကန်ခုံသမာဓိအဖွဲ့တွေဟာ ပျက်စီးနေပြီလို့ အမေရိကန်လူထုအရေးလှုပ်ရှားသူ Al Sharpton က ပြောဆိုလိုက်ပါတယ်။

နယူးယောက်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က ပြောဆိုခဲ့ပြီး ပြည်နယ်အဆင့် ခုံသမာဓိအဖွဲ့တွေကို ပြုပြင်ဖို့ အမေရိကန်အစိုးရကို လည်း တောင်းဆိုလိုက်ပါတယ်။

တရားမျှတမှုကို တောင်းဆိုဖို့ လာမယ့်အပတ်မှာ အမေရိကန် လူထုအခွင့်အရေး လှုပ်ရှားသူတွေ ၀ါရှင်တန်မြို့တော်ကို ချီတက်ဆန္ဒပြမယ် လို့လည်း ပြောဆို ပါတယ်။

အမေရိကန်ဗဟို တရားရေးဌာနကလည်း အမှုကို ပြန်စိစစ်ပေးပါမယ်လို့ ကတိပေး ထားပါတယ်။

Eric Garner ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က တရားမ၀င်စီးကရက်ရောင်း မှုနဲ့ အင်အားအလွန်အကျွံသုံး ဖမ်းဆီးခံရပြီး အသက်ရှူကြပ် သေဆုံးသွားခဲ့တာပါ။

သူ အသက်ရှူလို့ မရတော့တာကို အကြိမ်ကြိမ်တောင်းပန်နေတဲ့ကြားက ရဲတွေက အင်အားအလွန်အကျွံသုံးစွဲခဲ့တာပါ။

“အမေရိကန်နိုင်ငံ တရားရေးဌာန နဲ့ အစိုးရက ဒီပြည်နယ်အဆင့်ခုံသမာဓိ အဖွဲ့တွေ ပျက်လိုပျက်စီးဖြစ်နေတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုပါတယ်။ နယူးယောက်ရဲတွေ တရားမ၀င် လည်မျိုညစ်ဖမ်းဆီးနည်းကို သုံးခဲ့တဲ့အတွက် သီးခြားလွတ်လပ်တဲ့အဖွဲ့နဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ Al Sharpton က ပြောပါတယ်။

ဖာဂူဆန်မြို့မှာ လူမည်းလူငယ် Michael Brown အမှုနဲ့ လူဖြူ၊ လူမည်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားလို့ မပြီးသေးချိန်မှာ တခါ Eric Garner ရဲ့ အမှု ထပ်ဖြစ်ပေါ်လာတာပါ။ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း အမေရိကန်လူမည်းတဦး အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ထပ်မံပစ်သတ်ခံခဲ့ရပါတယ်။

 ဒီဗွီဘီ
အမေရိကန်လူမည်း Eric Garner သေဆုံးတဲ့အထိ အင်အားသုံး ဖမ်းဆီးခဲ့တဲ့ရဲကို အမှုမတင်ခဲ့တဲ့အတွက် အမေရိကန်ခုံသမာဓိအဖွဲ့တွေဟာ ပျက်စီးနေပြီလို့ အမေရိကန်လူထုအရေးလှုပ်ရှားသူ Al Sharpton က ပြောဆိုလိုက်ပါတယ်။

နယူးယောက်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က ပြောဆိုခဲ့ပြီး ပြည်နယ်အဆင့် ခုံသမာဓိအဖွဲ့တွေကို ပြုပြင်ဖို့ အမေရိကန်အစိုးရကို လည်း တောင်းဆိုလိုက်ပါတယ်။

တရားမျှတမှုကို တောင်းဆိုဖို့ လာမယ့်အပတ်မှာ အမေရိကန် လူထုအခွင့်အရေး လှုပ်ရှားသူတွေ ၀ါရှင်တန် မြို့တော်ကို ချီတက်ဆန္ဒပြမယ် လို့လည်း ပြောဆို ပါတယ်။

အမေရိကန်ဗဟို တရားရေးဌာနကလည်း အမှုကို ပြန်စိစစ်ပေးပါမယ်လို့ ကတိပေး ထားပါတယ်။

Eric Garner ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က တရားမ၀င်စီးကရက်ရောင်း မှုနဲ့ အင်အားအလွန် အကျွံသုံး ဖမ်းဆီးခံရပြီး အသက်ရှူကြပ် သေဆုံးသွားခဲ့တာပါ။

သူ အသက်ရှူလို့ မရတော့တာကို အကြိမ်ကြိမ်တောင်းပန်နေတဲ့ကြားက ရဲတွေက အင်အားအလွန်အကျွံ သုံးစွဲခဲ့တာပါ။

“အမေရိကန်နိုင်ငံ တရားရေးဌာန နဲ့ အစိုးရက ဒီပြည်နယ်အဆင့်ခုံသမာဓိ အဖွဲ့တွေ ပျက်လိုပျက်စီးဖြစ်နေ တဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုပါတယ်။ နယူးယောက်ရဲတွေ တရားမ၀င် လည်မျိုညစ်ဖမ်းဆီး နည်းကို သုံးခဲ့တဲ့အတွက် သီးခြားလွတ်လပ်တဲ့အဖွဲ့နဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ Al Sharpton က ပြောပါတယ်။

ဖာဂူဆန်မြို့မှာ လူမည်းလူငယ် Michael Brown အမှုနဲ့ လူဖြူ၊ လူမည်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားလို့ မပြီးသေး ချိန်မှာ တခါ Eric Garner ရဲ့ အမှု ထပ်ဖြစ်ပေါ်လာတာပါ။ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း အမေရိကန် လူမည်းတဦး အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ထပ်မံပစ်သတ်ခံခဲ့ရပါတယ်။

 ဒီဗွီဘီ  

No comments:

Post a Comment