Friday 5 December 2014

အသက်ကယ် လေအိတ်စနစ်ချို့ယွင်းမှုကြောင့် တိုယိုတာကား နှစ်သိန်းခန့်ကို ပြန်လည်သိမ်းယူ

Photo: အသက်ကယ် လေအိတ်စနစ်ချို့ယွင်းမှုကြောင့် တိုယိုတာကား
နှစ်သိန်းခန့်ကို ပြန်လည်သိမ်းယူ
Friday, December 5, 2014

တိုယိုတာကားများတွင် တပ်ဆင်ထားသည့် အသက်ကယ်လေအိတ်စနစ်
ချို့ယွင်းမှုများကြောင့် ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံများရှိ ကားအစင်းရေ ၁၉၀၀၀
ခန့်ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေဆိုက် တာကာ
တာကားအသက်ကယ် ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေငြာ
ခဲ့သည်။ တာကာတာလုပ်ငန်းစုသည်ဂျပန်နိုင်ငံတွင်အခြေဆိုက်ပြီး ကမ္ဘာတစ်
ဝန်းရှိ ကားထုတ်လုပ်ရေးလုပ်ငန်းများနှင့်ပူပေါင်းကာ ကားနှင့် ယာဉ်အမျိုးမျိုးအ
တွက် အသက်ကယ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစုဖြစ်သည်။

ပြန်လည်သိမ်းယူသည့် ကားအမျိုးအစားများသည် ၂၀၀၂ နှင့် ၂၀၀၃ မော်ဒယ်
အမျိုးအစားများမှ Corolla , Noah ,Voxy , Mark II ကားအမျိုးအစားများဖြစ်
သည်။ ယင်းကားများရှိ ခရီးသည်များအတွက် တပ်ဆင်ထားသော အသက်ကယ်
လေအိတ်စနစ်သည် အနည်းငယ်ချို့ယွင်းမှုများဖြစ်ပေါ်လေ့ရှိသဖြင့် ယခုနှစ်အတွင်းကမ်္ဘာတစ်ဝန်း၌ ယာဉ်မတော်တဆမှုများဖြစ်ပွားကာ လူ ငါးဦးခန့်သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယခုတစ်ကြိမ်အပါအ၀င် တာကာတာမှပြန်လည်သိမ်းယူပေးခဲ့ရသော ကားအစင်း
ရေ ၁၄ သန်းခန့်ရှိလာပြီဖြစ်ပြီး အမေရိကန် တစ်နိုင်ငံတည်းမှပင် ၈ သန်းခန့်ရှိ
သည်။ သို့သော် ခရီးသည်များကို အသက်အန္တရာယ်ဖြစ်ပွားစေနိုင်ပါက မည်သည့်ကားအမျိုးအစားမဆို ယင်းကုမ္ပဏီများနှင့်ပူးပေါင်းကာ ပြန်လည်သိမ်း
ယူပေးသွားမည်ဟု တာကာတာလုပ်ငန်းစု၏ အကြီးအကဲတစ်ဦးဖြစ်သူ နာအိုမီဆူမီနိုက ပြောကြားခဲ့သည်။ 

Pyimyanmar
တိုယိုတာကားများတွင် တပ်ဆင်ထားသည့် အသက်ကယ်လေအိတ်စနစ် ချို့ယွင်းမှုများကြောင့် ဂျပန် နိုင်ငံနှင့် တရုတ်နိုင်ငံများရှိ ကားအစင်းရေ ၁၉၀၀၀ ခန့်ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေဆိုက် တာကားအသက်ကယ် ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေငြာ ခဲ့သည်။ တာကာတာလုပ်ငန်းစုသည်ဂျပန်နိုင်ငံတွင်အခြေဆိုက်ပြီး ကမ္ဘာတစ်ဝန်းရှိ ကားထုတ်လုပ်ရေး လုပ်ငန်း များနှင့်ပူပေါင်းကာ ကားနှင့် ယာဉ်အမျိုးမျိုးအတွက် အသက်ကယ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းစုဖြစ်သည်။

ပြန်လည်သိမ်းယူသည့် ကားအမျိုးအစားများသည် ၂၀၀၂ နှင့် ၂၀၀၃ မော်ဒယ် အမျိုးအစားများမှ Corolla , Noah ,Voxy , Mark II ကားအမျိုးအစားများဖြစ်သည်။ ယင်းကားများရှိ ခရီးသည်များအတွက် တပ်ဆင် ထားသော အသက်ကယ်လေအိတ်စနစ်သည် အနည်းငယ်ချို့ယွင်းမှုများဖြစ်ပေါ်လေ့ရှိသဖြင့် ယခုနှစ် အတွင်း ကမ်္ဘာတစ်ဝန်း၌ ယာဉ်မတော်တဆမှုများဖြစ်ပွားကာ လူ ငါးဦးခန့်သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီပြီး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ယခုတစ်ကြိမ်အပါအ၀င် တာကာတာမှပြန်လည်သိမ်းယူပေးခဲ့ရသော ကားအစင်းရေ ၁၄ သန်းခန့်ရှိလာပြီ ဖြစ်ပြီး အမေရိကန် တစ်နိုင်ငံတည်းမှပင် ၈ သန်းခန့်ရှိသည်။ သို့သော် ခရီးသည်များကို အသက်အန္တရာယ် ဖြစ်ပွား စေနိုင်ပါက မည်သည့်ကားအမျိုးအစားမဆို ယင်းကုမ္ပဏီများနှင့်ပူးပေါင်းကာ ပြန်လည်သိမ်း ယူပေးသွားမည်ဟု တာကာတာလုပ်ငန်းစု၏ အကြီးအကဲတစ်ဦးဖြစ်သူ နာအိုမီဆူမီနိုက ပြောကြားခဲ့သည်။ 

Pyimyanmar 

No comments:

Post a Comment