Friday 5 December 2014

ပြင်သစ် ယဉ်ကျေး မှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် အဆိုတော် အမွန်း

Photo: ပြင်သစ် ယဉ်ကျေး မှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် အဆိုတော် အမွန်း
Friday, December 5, 2014

ရန်ကုန်၊ ဒီဇင်ဘာ ၄။ ပြင်သစ် ယဉ်ကျေးမှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၄ရက်က ပြုလုပ်ခဲ့သည်ဟု အဆိုတော်အမွန်း ကမဇ္ဈိမ ကိုပြောသည်။ ၎င်းသည် သီချင်းဖျော်ဖြေမှု အပြင် ပြင်သစ်စာ လေ့လာနေသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ပရိတ်သတ်များ အတွက် ရင်းနှီးစွာ အမှတ်တရ လက်မှတ်   ရေးထိုး တွေ့ဆုံမှု ကိုလည်း ပြုလုပ် ခဲ့သည်ဟု ပြောသည်။

ပြင်သစ် ယဉ်ကျေးမှု ဌာန၏ ကျောင်းသူဟောင်း ဖြစ်သည့် "အမွန်း" သည် ထိုဖျော်ဖြေပွဲ၌ ၄င်း၏ မြန်မာ၊ အင်္ဂလိပ် သီချင်းများ အပြင် " ပြင်သစ်" သီချင်းများ   ဖြင့်လည်း ဖျော်ဖြေ တင်ဆက် ခဲ့သည်။

"ပြင်သစ် ယဉ်ကျေး မှု ဌာန က ဖိတ်ခေါ်တာ ကြောင့်ရယ် အမွန်း ကလည်း ပြင်သစ် ယဉ်ကျေးမှု ဌာနရဲ့ ကျောင်းသူဟောင်း ဖြစ်တာ ကြောင့်ရယ် ဒီပွဲလေးကို လုပ်ဖြစ် သွားတာပါ။ ဒီပွဲမှာ အမွန်းရဲ့ အခွေထဲက အင်္ဂလိပ်သီချင်း ၊ မြန်မာ သီချင်းတွေ အပြင် ပြင်သစ် သီချင်း တွေလည်း ဖျော်ဖြေ ခဲ့ပါတယ်" ဟုအဆိုတော် အမွန်းက ပြောသည်။ ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေမှုကို ညနေ ၅ နာရီခွဲ အချိန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

အဆိုတော် အမွန်းသည် နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ တိရိစ္ဆာန် ဥယျာဉ်၌ ၎င်း၏ ဖျော်ဖြေမှုများ အပြင် ပရိသတ်များ နှင့်လည်း အမှတ်တရ တွေ့ဆုံ မှု ပြု လုပ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်က ကိုကာကိုလာ ပျော်ရွှင်ခြင်း ခရီးစဉ် အဖြစ် ပုသိမ်မြို့၌ သီချင်းများဖြင့် ဖျော်ဖြေ ခဲ့သည်ဟု ပြောသည်။

အမွန်းသည်၂၀၁၃ ခုနှစ် ဇန်နဝါရီ လတွင် "ပဲများတယ်" တစ်ကိုယ်တော် အခွေကို ပထမဆုံး ထွက်ရှိ ခဲ့ပြီး "မင်းပေးတဲ့ အချစ်" ကိုယ်ပိုင် သံစဉ် အော်ဒီယို အယ်ဘမ် ကို သြဂုတ် ၂၂ရက်က ဖြန့်ချိ ထားသည်။ "မင်းပေးတဲ့အချစ်" ဒီဗီဒီ ကာရာအိုကေ အယ်ဘမ်သည် အောက်တိုဘာ ၃ရက်တွင် ထွက်ရှိ ခဲ့ပြီး ပရိုမိုး ရှင်း လက်မှတ် ရေးထိုး ဖျော်ဖြေပွဲ ကို အောက်တိုဘာလ ၄ ရက် တွင် ဒဂုံစင်တာ အပြင်ဘက် ပရိုမိုးရှင်း ဧရိယာ၌ အနုပညာ မောင်နှမများနှင့် ကျင်းပ ခဲ့သည်။

Mizzima - News in Burmese
ပြင်သစ် ယဉ်ကျေးမှုဌာန၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၄ရက်က ပြုလုပ်ခဲ့သည်ဟု အဆိုတော်အမွန်း ကမဇ္ဈိမ ကိုပြောသည်။ ၎င်းသည် သီချင်းဖျော်ဖြေမှု အပြင် ပြင်သစ်စာ လေ့လာနေသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ပရိတ်သတ်များ အတွက် ရင်းနှီးစွာ အမှတ်တရ လက်မှတ်   ရေးထိုး တွေ့ဆုံမှု ကိုလည်း ပြုလုပ် ခဲ့သည်ဟု ပြောသည်။

ပြင်သစ် ယဉ်ကျေးမှု ဌာန၏ ကျောင်းသူဟောင်း ဖြစ်သည့် "အမွန်း" သည် ထိုဖျော်ဖြေပွဲ၌ ၄င်း၏ မြန်မာ၊ အင်္ဂလိပ် သီချင်းများ အပြင် " ပြင်သစ်" သီချင်းများ   ဖြင့်လည်း ဖျော်ဖြေ တင်ဆက် ခဲ့သည်။

"ပြင်သစ် ယဉ်ကျေး မှု ဌာန က ဖိတ်ခေါ်တာ ကြောင့်ရယ် အမွန်း ကလည်း ပြင်သစ် ယဉ်ကျေးမှု ဌာနရဲ့ ကျောင်းသူဟောင်း ဖြစ်တာ ကြောင့်ရယ် ဒီပွဲလေးကို လုပ်ဖြစ် သွားတာပါ။ ဒီပွဲမှာ အမွန်းရဲ့ အခွေထဲက အင်္ဂလိပ်သီချင်း ၊ မြန်မာ သီချင်းတွေ အပြင် ပြင်သစ် သီချင်း တွေလည်း ဖျော်ဖြေ ခဲ့ပါတယ်" ဟုအဆိုတော် အမွန်းက ပြောသည်။ ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေမှုကို ညနေ ၅ နာရီခွဲ အချိန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

အဆိုတော် အမွန်းသည် နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ တိရိစ္ဆာန် ဥယျာဉ်၌ ၎င်း၏ ဖျော်ဖြေမှုများ အပြင် ပရိသတ်များ နှင့်လည်း အမှတ်တရ တွေ့ဆုံ မှု ပြု လုပ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်က ကိုကာကိုလာ ပျော်ရွှင်ခြင်း ခရီးစဉ် အဖြစ် ပုသိမ်မြို့၌ သီချင်းများဖြင့် ဖျော်ဖြေ ခဲ့သည်ဟု ပြောသည်။

အမွန်းသည်၂၀၁၃ ခုနှစ် ဇန်နဝါရီ လတွင် "ပဲများတယ်" တစ်ကိုယ်တော် အခွေကို ပထမဆုံး ထွက်ရှိ ခဲ့ပြီး "မင်းပေးတဲ့ အချစ်" ကိုယ်ပိုင် သံစဉ် အော်ဒီယို အယ်ဘမ် ကို သြဂုတ် ၂၂ရက်က ဖြန့်ချိ ထားသည်။ "မင်းပေးတဲ့အချစ်" ဒီဗီဒီ ကာရာအိုကေ အယ်ဘမ်သည် အောက်တိုဘာ ၃ရက်တွင် ထွက်ရှိ ခဲ့ပြီး ပရိုမိုး ရှင်း လက်မှတ် ရေးထိုး ဖျော်ဖြေပွဲ ကို အောက်တိုဘာလ ၄ ရက် တွင် ဒဂုံစင်တာ အပြင်ဘက် ပရိုမိုးရှင်း ဧရိယာ၌ အနုပညာ မောင်နှမများနှင့် ကျင်းပ ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment