Friday 5 December 2014

ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ

မြန်မာ့ပညာရေးကို ဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့ ဆက်လက်ဆောင်ရွက်ခဲ့ရင် အတိတ်က မှားခဲ့တဲ့ အမှားတွေ အတိုင်း ဆက်မှားဖို့ရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမူနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပညာရေးလောက အငြိမ်းစားဝါရင့်ဆရာကြီးများက သုံးသတ်သွားပါတယ်။

စာတမ်းဖတ်ပွဲကို ဒီကနေ့ နာရေးကူညီမူအသင်းရန်ကုန်မှာပြုလုပ်ရာ စာတမ်း ဖတ်ကြားသူတစ်ဦးဖြစ်တဲ့ NNER ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်အဖွဲ့က ဒေါက်တာသိန်းလွင်က ခုလိုပြောပါတယ်။

"ကျနော်တို့ ပညာရေးနဲ့ သက်ဆိုင်တဲ့လူတွေရဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးဖြတ်ပိုင်ခွင့် တွေ အဲ့ဒါကို ပညာရေး ဥပဒေက ခွင့်ပြုထားမှဖြစ်မယ်၊ ပညာရေးဥပဒေက ခွင့်မပြုပဲနဲ့ ချုပ်ကိုင်တာပဲလုပ်မယ်ဆိုရင် ဘာမှမထူးဘူး၊ မနက်က ဆရာကြီး ဒေါက်တာတင်အောင်ကတောင် အဲ့ဒါပြောသွားတယ်၊ အစိုးရက ဗဟိုကချုပ်ကိုင် ပြီးတော့ အကုန်လုံးလျှောက်လုပ်တော့ သူတို့လုပ်ရမယ့်အလုပ်က ကြောင် ရေချိုးတဲ့ အလုပ် တစ်ခုပဲ ကျန် တော့ တယ်၊ ဗဟိုကပဲအကုန်လုံးလုပ်တော့ ကျန်တဲ့လူတွေပါဝင်ခွင့်တွေ ဆုံးဖြတ်ခွင့်တွေ တီထွင်ဖန်တီး ခွင့်တွေ အကုန်လုံးဆုံးရှုံးတယ်"

ဒီစာတမ်းဖတ်ပွဲမှာ ပညာရေးလောက ၀ါရင့် အငြိမ်းစားဆရာကြီးများဖြစ်တဲ့ ဒေါက်တာတင်အောင်၊ ဒေါက်တာဦးသိန်း၊ ဒေါက်တာတင်လှိုင် တို့အပြင် ဆရာများသမဂ္ဂနဲ့ ၈၈ ပွင့်လင်းအဖွဲ့ဝင်များအပြင် ဒေါက်တာ ညိုညိုသင်း၊ ဒေါက်တာ သိန်းလွင်၊ ဒေါက်တာရန်မျိုးသိမ်း၊ ဒေါက်တာအောင်ခင်ဆင့် တို့လည်း တက်ရောက်ဆွေးနွေးကြပါတယ်။

စာတမ်းဖတ်ပွဲကို ဒီိမိုကရေစီိ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးစီးဆောင်ရွက်တာဖြစ်ပြီး ဒီက နေ့ ညနေပိုင်းအထိ ဆက်လက်ပြုလုပ်သွား တာဖြစ်ပါတယ်။

RFA Burmese 

No comments:

Post a Comment