Friday 5 December 2014

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်မြို့မှာ ဆန္ဒပြ တောင်းဆို

Photo: ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်မြို့မှာ ဆန္ဒပြ တောင်းဆို
Friday, December 5, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့မှာ ကြာသပတေးနေ့ ညနေပိုင်းက လူ ဆယ်ဦးခန့် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အရင်အစိုးရသက်တမ်းတလျှောက် ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ နောက်တက်လာမယ့် လွှတ်တော်နဲ့ အစိုးရအတွက် ပြင်ဆင်ဖို့ ခက်ခဲတဲ့ ပုဒ်မ ၄၃၆ နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ပုဒ်မ ၅၉(စ)တို့ကို အခုလက်ရှိ လွှတ်တော်နှင့် အစိုးရလက်ထက်မှာပဲ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဦးဆောင်သူ ကိုဝင်းလှိုင်က ပြောပါတယ်။

“အဓိက ၄၃၆ ရော ၅၉ (စ)ရော အခုသက်တမ်းမှာပြင်ဆင်ပေးပါ။ မဲပေးနိုင်သူ ငါးသန်းရဲ့ ဆန္ဒကို မစော်ကားပါနဲ့။ တပ်မတော်နဲ့ ပြည်သူကို တကယ်သွေးခွဲနေတာ ကာချုပ်ပါ။ မင်းအောင်လှိုင်ဆိုတာကလဲ နောက်ကျောကို ဓါးထောက်ထားပြီး အခိုင်းခံနေရတဲ့သူပါ။ ကာကွယ်ရေးဦးစီးချုပ်ရော၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုရော ကျနော်မေတ္တာရပ်ခံချင်တယ် တိုင်းပြည်လည်း အင်မတန်နစ်နာလှပါပြီ၊ လူတစုအတွက်ပဲ မကြည့်ကြပါနဲ့။”လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင်းလင်းအဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်သူလူထုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထပ်မံတောင်းဆိုဖို့ လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

“ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းတွေကလဲ စင်ပေါ်ကနေ ခွပ်နေရုံနဲ့ တပ်မတော်နဲ့ အစိုးရက သဘောထားပျော့ ပြောင်းလာမှာမဟုတ်ဘူး။ လူချင်းထိပ်တိုက်ခွပ်မှအဆင်ပြေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲဝင်တယ်လို့ ပြောပြီး ၂၀၁၅ မှာ ဘာမှမပြင်ပေးပဲ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရှက်စရာကောင်းပါတယ်။ အပြောနဲ့အလုပ်ညီဖို့လိုပါတယ်။”

“လယ်သမားသား သမ္မတဖြစ်တော့မှ လယ်သမားတွေထောင်ကျရတဲ့ခေတ်”၊ “မင်းအောင်လှိုင်ဦးဆောင်သော တပ်မတော်၏ ကယ်တင်မှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ ရုံးမထွက်နိုင်ခဲ့”၊ “ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ ၅၉(စ)၊ ၄၃၆ နှင့် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ကြစို့” စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ကြွေးကြော်ပြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ရွှေဆံတော်ဘုရား မြောက်ဘက်စောင်းတန်းအထိ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဧရာဝတီ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့မှာ ကြာသပတေးနေ့ ညနေပိုင်းက လူ ဆယ်ဦး ခန့် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အရင်အစိုးရသက်တမ်းတလျှောက် ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ နောက်တက်လာမယ့် လွှတ်တော်နဲ့ အစိုးရအတွက် ပြင်ဆင်ဖို့ ခက်ခဲတဲ့ ပုဒ်မ ၄၃၆ နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ပုဒ်မ ၅၉(စ)တို့ကို အခု လက်ရှိ လွှတ်တော်နှင့် အစိုးရလက်ထက်မှာပဲ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဦးဆောင် သူ ကိုဝင်းလှိုင်က ပြောပါတယ်။

“အဓိက ၄၃၆ ရော ၅၉ (စ)ရော အခုသက်တမ်းမှာပြင်ဆင်ပေးပါ။ မဲပေးနိုင်သူ ငါးသန်းရဲ့ ဆန္ဒကို မစော်ကားပါနဲ့။ တပ်မတော်နဲ့ ပြည်သူကို တကယ်သွေးခွဲနေတာ ကာချုပ်ပါ။ မင်းအောင်လှိုင်ဆိုတာကလဲ နောက်ကျောကို ဓါးထောက်ထားပြီး အခိုင်းခံနေရတဲ့သူပါ။ ကာကွယ်ရေးဦးစီးချုပ်ရော၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုရော ကျနော်မေတ္တာရပ်ခံချင်တယ် တိုင်းပြည်လည်း အင်မတန်နစ်နာလှပါပြီ၊ လူတစုအတွက်ပဲ မကြည့်ကြပါနဲ့။”လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင်းလင်းအဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်သူလူထုရဲ့ အသက်သွေး ကြောဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထပ်မံတောင်းဆိုဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းတွေကလဲ စင်ပေါ်ကနေ ခွပ်နေရုံနဲ့ တပ်မတော်နဲ့ အစိုးရက သဘော ထားပျော့ ပြောင်းလာမှာမဟုတ်ဘူး။ လူချင်းထိပ်တိုက်ခွပ်မှအဆင်ပြေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲဝင်တယ်လို့ ပြောပြီး ၂၀၁၅ မှာ ဘာမှမပြင်ပေးပဲ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရှက်စရာကောင်းပါတယ်။ အပြောနဲ့အလုပ်ညီဖို့လိုပါတယ်။”

“လယ်သမားသား သမ္မတဖြစ်တော့မှ လယ်သမားတွေထောင်ကျရတဲ့ခေတ်”၊ “မင်းအောင်လှိုင် ဦးဆောင် သော တပ်မတော်၏ ကယ်တင်မှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ ရုံးမထွက်နိုင်ခဲ့”၊ “ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ ၅၉(စ)၊ ၄၃၆ နှင့် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ကြစို့” စတဲ့ ပိုစတာတွေကို ကိုင်ဆောင် ကြွေးကြော်ပြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ရွှေဆံတော်ဘုရား မြောက်ဘက်စောင်းတန်းအထိ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဧရာဝတီ 

No comments:

Post a Comment