Friday 5 December 2014

ဒီချုပ်ပါတီအား သင်တန်းပေးနေသည့် IRI ကို သတိပေးရခြင်း ရွေးကောက် ပွဲကော် မရှင် ရှင်းလင်း

အမေရိကန်အခြေစိုက် နိုင်ငံရေးပါတီများ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့(IRI) သို့ အကြောင်း ကြားစာပေးပို့ခြင်း သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တစ်ခု တည်းကိုသာ သီးသန့်သင်တန်း ပေးခြင်းကြောင့်မဟုတ်ဘဲ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် မကိုက် ညီသည့်အတွက်ကြောင့်သာဖြစ် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရရှိသည်။ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကြောင်း၊ IRI အနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲ အောင်နိုင်ရေး သင်တန်းပေးခြင်းကြောင့် အကြောင်းကြားစာပေးပို့ခြင်း မဟုတ်ဘဲ နိုင်ငံရေးပါတီ တစ်ခုတည်း ကို သီးသန့်သင်တန်းပေးပို့မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီသည့် အတွက် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်တွင် ဖျာပုံ မြို့နယ်၊ (၅) ရပ်ကွက်၊ ဒုတိယ လမ်း၊ အမှတ် (၅၉) ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးခန်း ၌ ယင်းပါတီမှ မြို့နယ်အမှုဆောင် များ၊ ပါတီဝင် နှစ်ရာဦးခန့်အား မဲဆွယ်စည်းရုံးရေးဆိုင်ရာကိစ္စ ရပ်များကို နိုင်ငံရေးပါတီများ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Inter-national Republican Institute-IRI) က ပြုလုပ်ပေးခဲ့သည်။

ယင်းသို့ ပါတီတစ်ခုတည်း ကိုသာ ပံ့ပိုးကူညီ၍ သင်တန်းပို့ချ ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇၊ ၄၀၈ တို့နှင့် ငြိစွန်းနိုင်သော ကြောင့် IRI အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ပတ်သက်သော Workshop များပြုလုပ်ခြင်း၊ သင် တန်းများသင်ကြားပို့ချခြင်းတို့ကို ဆောင်ရွက်မည်ဆိုပါက ပါတီ တစ်ခုတည်းကိုသာ သီးသန့်ဆွေး နွေးပို့ချခြင်း၊ သင်တန်းပေးပို့ခြင်း မပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ပြုလုပ်သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က IRI သို့ နိုဝင်ဘာ ၂၈ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

‘‘သင်တန်းပေးမယ်ဆိုရင် ပါတီအားလုံးကိုပေးပါ။ တစ်ခုကို ပဲကွက်ပြီး မပေးဖို့အတွက် ကျွန် တော်တို့က အကြောင်းကြားစာပေးပို့တာပါ’’ဟု ဦးလှမောင်ချိုက ပြောသည်။

ယခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် လက်ရှိအာဏာရပါတီ ဖြစ်သော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား IRI ကလူမှုကွန်ရက်အသုံးပြု၍ မီဒီယာ ကမ်ပိန်းဆောင်ရွက်မှု သင်တန်းပို့ချခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ မြို့နယ် ရုံးခွဲများက တင်ပြလာမှုမရှိ၍ ကော်မရှင်ရုံး ချုပ်က မသိခဲ့ကြောင်း သိရသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၀)၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိ ခြင်း ခေါင်းစဉ်အောက်တွင်ပါရှိ သော ပုဒ်မ ၄၀၇(ဂ)၌ နိုင်ငံ ခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့ အစည်း(သို့မဟုတ်) အခြားအဖွဲ့ အစည်းတစ်ခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်းအခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေရယူသုံးစွဲခြင်းဟုပါရှိပြီးပုဒ်မ ၄၀၈ တွင် နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်း ကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင် သောအဖွဲ့အစည်းက တွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက်ရမည်ဟု ပါရှိသည်

7Day Daily

No comments:

Post a Comment