Friday 5 December 2014

ပုဇွန်တောင်-ထော်လီကွေ့ ရထားခရီးစဉ် ဒီဇင်ဘာလ ၇ ရက် စတင်ပြေးဆွဲမည်

Photo: ပုဇွန်တောင်-ထော်လီကွေ့ ရထားခရီးစဉ် ဒီဇင်ဘာလ ၇ ရက် စတင်ပြေးဆွဲမည်
Friday, December 5, 2014

ရန်ကုန်မြို့တော်၌ ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန် မြန်မာ့မီးရထားက ကမ်းနားလမ်း တစ်လျှောက် ပြေးဆွဲမည့် ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ ရထားခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်မှ စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာမီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

ယင်းရထားခရီးစဉ် အတွက် လက်မှတ်ကို မြို့ပတ်ခရီးစဉ်များကဲ့သို့ ကြိုတင်လက်မှတ်ဖြတ်ရန် မလိုဘဲ ၁၀၀ ကျပ် သတ်မှတ်ထားပြီး ရထားဝန်ထမ်း နှစ်ဦးက ရထားပေါ်တွင် တိုက်ရိုက် ရောင်းချပေးမည် ဖြစ်ပြီး တစ်ရက်လျှင် ၁၄ ခေါက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ဦးထွန်းအောင်သင်းက ဆိုသည်။

လူစီးရထား ရိုးရိုးတွဲကို ပန်းဆိုးတန်း ဘူတာရုံမှ စတင်ကာ နံနက်ခြောက်နာရီ ဆယ်မိနစ်မှ ညနေ ငါးနာရီထိ ရထားနှစ်စီး ပြေးဆွဲသွားမည် ဖြစ်ရာ ရထားအမှတ် A ကို ပုဇွန်တောင် ဘူတာမှ ရေကျော်၊ တာဝတိံသာ၊ လင်းစဒေါင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း ဘူတာအထိ အသွားအပြန် ပြေးဆွဲသွားမည် ဖြစ်ပြီး ရထားအမှတ် B ကို ပန်းဆိုးတန်း ဘူတာမှ ရွှေတိဂုံဘုရားလမ်း၊ စဥ့်အိုးတန်း၊ မော်တင်၊ ဝါးတန်း၊ ထော်လီကွေ့ ဘူတာအထိ ရထားတစ်စီး အသွားအပြန် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရှိရသည်။

ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ ခရီးစဉ် ဖြတ်သန်းသွားလာသည့် မီးရထားသံလမ်းနှင့် ကားလမ်းကြားတွင်မူ ရပ်၊ ကြည့်၊ သွား သတိပေး ဆိုင်းဘုတ်များ ထားရှိပေးသွားမည် ဖြစ်ပြီး ကားလမ်းမဖြတ်မီ မီးရထားမှ သတိပေး ဥသြဆွဲသွားမည် ဖြစ်သည်။

တစ်စီးလျှင် RBE လူစီးတွဲ နှစ်တွဲဖြင့် ပြေးဆွဲမည့် ယင်းခရီးစဉ်တွင် တစ်တွဲလျှင် ထိုင်စီးခရီးသည် ၆၀ ဦးနှင့် မတ်တတ်ရပ် ခရီးသည် ၆၀ ဦး လိုက်ပါနိုင်မည် ဖြစ် ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

The Voice Weekly
ရန်ကုန်မြို့တော်၌ ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန် မြန်မာ့မီးရထားက ကမ်းနားလမ်း တစ် လျှောက် ပြေးဆွဲမည့် ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ ရထားခရီးစဉ်ကို ဒီဇင်ဘာလ ၇ ရက်မှ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာမီးရထားအထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းကပြောကြားသည်။

ယင်းရထားခရီးစဉ် အတွက် လက်မှတ်ကို မြို့ပတ်ခရီးစဉ်များကဲ့သို့ ကြိုတင်လက်မှတ်ဖြတ်ရန် မလိုဘဲ ၁၀၀ ကျပ် သတ်မှတ်ထားပြီး ရထားဝန်ထမ်း နှစ်ဦးက ရထားပေါ်တွင် တိုက်ရိုက် ရောင်းချပေးမည် ဖြစ်ပြီး တစ်ရက်လျှင် ၁၄ ခေါက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ဦးထွန်းအောင်သင်းက ဆိုသည်။

လူစီးရထား ရိုးရိုးတွဲကို ပန်းဆိုးတန်း ဘူတာရုံမှ စတင်ကာ နံနက်ခြောက်နာရီ ဆယ်မိနစ်မှ ညနေ ငါးနာရီထိ ရထားနှစ်စီး ပြေးဆွဲသွားမည် ဖြစ်ရာ ရထားအမှတ် A ကို ပုဇွန်တောင် ဘူတာမှ ရေကျော်၊ တာဝတိံသာ၊ လင်းစဒေါင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း ဘူတာအထိ အသွားအပြန် ပြေးဆွဲသွားမည် ဖြစ်ပြီး ရထားအမှတ် B ကို ပန်းဆိုးတန်း ဘူတာမှ ရွှေတိဂုံဘုရားလမ်း၊ စဥ့်အိုးတန်း၊ မော်တင်၊ ဝါးတန်း၊ ထော်လီကွေ့ ဘူတာအထိ ရထားတစ်စီး အသွားအပြန် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရှိရသည်။

ပုဇွန်တောင်-ပန်းဆိုးတန်း-ထော်လီကွေ့ ခရီးစဉ် ဖြတ်သန်းသွားလာသည့် မီးရထားသံလမ်းနှင့် ကားလမ်း ကြား တွင်မူ ရပ်၊ ကြည့်၊ သွား သတိပေး ဆိုင်းဘုတ်များ ထားရှိပေးသွားမည် ဖြစ်ပြီး ကားလမ်းမဖြတ်မီ မီးရထားမှ သတိပေး ဥသြဆွဲသွားမည် ဖြစ်သည်။

တစ်စီးလျှင် RBE လူစီးတွဲ နှစ်တွဲဖြင့် ပြေးဆွဲမည့် ယင်းခရီးစဉ်တွင် တစ်တွဲလျှင် ထိုင်စီးခရီးသည် ၆၀ ဦးနှင့် မတ်တတ်ရပ် ခရီးသည် ၆၀ ဦး လိုက်ပါနိုင်မည် ဖြစ် ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment