Friday 5 December 2014

အဝေးသင် ကျောင်းသူ၊ ကျောင်းသားများ လာမည့် ပညာသင်နှစ်မှ စကာ ဂျီတီအိုင် တက်နိုင်တော့မည်

Photo: အဝေးသင် ကျောင်းသူ၊ ကျောင်းသားများ လာမည့် ပညာသင်နှစ်မှ စကာ ဂျီတီအိုင် တက်နိုင်တော့မည်
Friday, December 5, 2014

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ရေးဆွဲနေသော မူဝါဒအသစ်အရ လာမည့် ပညာသင်နှစ်မှ စ၍ အဝေးသင်
ကျောင်းသားများ အစိုးရ နည်းပညာကောလိပ် (GTI) သို့ တက်ရောက်ခွင့် ရတော့မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးက ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါမူဝါဒအသစ်တွင် ဂျီတီအိုင်သို့ အဝေးသင်ကျောင်းသားတိုင်း တက်ရောက်နိုင်ရန် အသက်ကန့်သတ် ချက်ကို လျှော့ချပေးထားခြင်းနှင့် တက်ရောက်ခွင့်ကို လက်ရှိပြုလုပ်နေသည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အမှတ်နှင့် မဆုံးဖြတ်ဘဲ သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်နှင့် တက္ကသိုလ်၏ သတ်မှတ်ချက် အပေါ်တွင်သာ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အရင်တုန်းကဆို ဂျီတီအိုင် တက်မယ်ဆိုရင် ဒီနှစ်အောင်မှ ဒီနှစ်တက်လို့ ရတယ်။ အခုက အဲ့လိုမဟုတ်ဘဲ အသက်ကန့်သတ်ချက် ကိုလည်း လျှော့ပေါ့ပေးပြီး တက်လို့ရအောင် စီစဉ်ထားတယ်။

အသက်ကန့်သတ်ချက် မီပြီး ဆယ်တန်းအောင်ထားရင် တက်ခွင့်ရတယ်။ အသက်ကန့်သတ်ချက်ကို နောက်ပိုင်းကျရင် တရားဝင် ထုတ်ပြန်သွားမယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ မူဝါဒပြောင်းလဲပေးခြင်းသည် နိုင်ငံတကာစီးပွားရေးနှင့် ယှဉ်ပြိုင်နိုင်ရန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးမှုများ လိုအပ်နေသောကြောင့် နည်းပညာနှင့်အသက် မွေးဝမ်းကျောင်းမှု ပညာ ရပ်များသည် အဓိကကျနေကြောင်း၊ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန် ပြုလုပ်ပေးခြင်းဟု ၎င်းကဆိုသည်။

မိတ္ထီလာမြို့မှ ဒုတိယနှစ် စီးပွားရေး (အဝေးသင်) ကျောင်းသူ မသူဇာက “အဝေးသင်တက်ပြီး ဘွဲ့ရသွားရင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ ဘာမှ ပြန်သုံးလို့ မရတော့ဘူး။ ဒါ့ကြောင့် ဂျီတီအိုင်လိုအသက် မွေးဝမ်းကျောင်း ပညာရေးကို ကြိုဆိုပါတယ်” ဟု ပြောသည်။

အဝေးသင် ကျောင်းသားများသည် တက်ရောက်မည်ဆိုပါက ကျောင်းခေါ်ချိန် ၈၀ ရာခိုင်နှုန်းပြည့်မီရန် လိုအပ်ပြီး အကယ်၍ ဂျီတီအိုင် အောင်မြင်သွားပါက မဟာဘွဲ့အဆင့်ထိ တက်ရောက်နိုင်သည့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်ဟု ဦးအောင်မိုးက ပြောသည်။

Mizzima - News in Burmese
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ရေးဆွဲနေသော မူဝါဒအသစ်အရ လာမည့်ပညာသင်နှစ်မှစ၍ အဝေးသင် ကျောင်းသားများ အစိုးရ နည်းပညာကောလိပ် (GTI) သို့ တက်ရောက်ခွင့် ရတော့မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးက ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါမူဝါဒအသစ်တွင် ဂျီတီအိုင်သို့ အဝေးသင်ကျောင်းသားတိုင်း တက်ရောက်နိုင်ရန် အသက်ကန့်သတ် ချက်ကို လျှော့ချပေးထားခြင်းနှင့် တက်ရောက်ခွင့်ကို လက်ရှိပြုလုပ်နေသည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အမှတ်နှင့် မဆုံးဖြတ်ဘဲ သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်နှင့် တက္ကသိုလ်၏ သတ်မှတ်ချက် အပေါ်တွင်သာ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အရင်တုန်းကဆို ဂျီတီအိုင် တက်မယ်ဆိုရင် ဒီနှစ်အောင်မှ ဒီနှစ်တက်လို့ ရတယ်။ အခုက အဲ့လိုမဟုတ်ဘဲ အသက်ကန့်သတ်ချက် ကိုလည်း လျှော့ပေါ့ပေးပြီး တက်လို့ရအောင် စီစဉ်ထားတယ်။

အသက်ကန့်သတ်ချက် မီပြီး ဆယ်တန်းအောင်ထားရင် တက်ခွင့်ရတယ်။ အသက်ကန့်သတ်ချက်ကို နောက်ပိုင်းကျရင် တရားဝင် ထုတ်ပြန်သွားမယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ မူဝါဒပြောင်းလဲပေးခြင်းသည် နိုင်ငံတကာစီးပွားရေးနှင့် ယှဉ်ပြိုင်နိုင်ရန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးမှုများ လိုအပ်နေသောကြောင့် နည်းပညာနှင့်အသက် မွေးဝမ်း ကျောင်းမှုပညာရပ်များသည် အဓိကကျနေကြောင်း၊ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန် ပြုလုပ်ပေးခြင်းဟု ၎င်းကဆိုသည်။

မိတ္ထီလာမြို့မှ ဒုတိယနှစ် စီးပွားရေး (အဝေးသင်) ကျောင်းသူ မသူဇာက “အဝေးသင်တက်ပြီး ဘွဲ့ရသွားရင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ ဘာမှ ပြန်သုံးလို့ မရတော့ဘူး။ ဒါ့ကြောင့် ဂျီတီအိုင်လိုအသက် မွေးဝမ်းကျောင်း ပညာရေးကို ကြိုဆိုပါတယ်” ဟု ပြောသည်။

အဝေးသင် ကျောင်းသားများသည် တက်ရောက်မည်ဆိုပါက ကျောင်းခေါ်ချိန် ၈၀ ရာခိုင်နှုန်းပြည့်မီရန် လိုအပ်ပြီး အကယ်၍ ဂျီတီအိုင် အောင်မြင်သွားပါက မဟာဘွဲ့အဆင့်ထိ တက်ရောက်နိုင်သည့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်ဟု ဦးအောင်မိုးက ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment