Friday 5 December 2014

ရုရှားနိုင်ငံအရှေ့ဘက်ကမ်းလွန်၌ တိမ်းမှောက်သွားသော တောင်ကိုရီးယားငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၅၂ဦး မတွေ့ရှိသေး

Photo: ရုရှားနိုင်ငံအရှေ့ဘက်ကမ်းလွန်၌ တိမ်းမှောက်သွားသော တောင်ကိုရီးယားငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၅၂ဦး မတွေ့ရှိသေး
Friday, December 5, 2014

သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာ သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော သည် ရုရှားနိုင်ငံအရှေ့ဘက် ကမ်းလွန် ရှိ Bering ပင်လယ်၌ တိမ်းမှောက်သွား ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ ၅၂ ဦး ပျောက် ဆုံးနေကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ရှိ Bering ပင်လယ်၌ တိမ်း မှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွင် ပျောက်ဆုံးနေသော သင်္ဘောအမှုထမ်း ၅၂ ဦးကို ရှာဖွေမှု များပြုလုပ်ရာ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း သင်္ဘောပိုင်ကုမ္ပ ဏီက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရ သည်။

တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင် Bering ပင်လယ် တစ်ဝိုက် သင်္ဘောများဖြင့် ရှာဖွေရေးလုပ် ငန်းများ ပြုလုပ်ခဲ့ပြီး ရာသီဥတုဆိုးရွား မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ ကြန့်ကြာခဲ့ရသည်။ ၄င်းကယ်ဆယ်ရေး လုပ်ငန်းတွင် သင်္ဘောအမှုထမ်း ခုနစ်ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၅၂ ဦးမှာ ပျောက် ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် တိမ်းမှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွင် သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာခဲ့ပြီး ၄င်းတို့မှာ အင်ဒိုနီးရှားနိုင်ငံသား ၃၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦး၊ တောင်ကိုရီး ယားနိုင်ငံသား ၁၁ ဦးတို့ပါဝင်ကြောင်း ရုရှားစစ်ဆေးရေးမှူးတစ်ဦးက ပြောကြား ခဲ့သည်။

တောင်ကိုရီးယား ဆာဂျိုးငါးဖမ်း သင်္ဘောကုမ္ပဏီမှ ပိုင်ဆိုင်သော ယင်း Oryong 501 သင်္ဘောသည် ၃၆ နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း သိရပြီး ရာ သီဥတုဆိုးရွားမှုဒဏ်ကြောင့် တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။

Yangon Media Group
သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာ သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော သည် ရုရှားနိုင်ငံအရှေ့ဘက် ကမ်းလွန်ရှိ Bering ပင်လယ်၌ တိမ်းမှောက်သွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ ၅၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ရှိ Bering ပင်လယ်၌ တိမ်းမှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတွင် ပျောက်ဆုံးနေသော သင်္ဘောအမှုထမ်း ၅၂ ဦးကို ရှာဖွေမှု များပြုလုပ်ရာ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း သင်္ဘောပိုင်ကုမ္ပ ဏီက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရ သည်။

တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင် Bering ပင်လယ်တစ်ဝိုက်သင်္ဘောများဖြင့် ရှာဖွေ ရေးလုပ်ငန်းများပြုလုပ်ခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ ကြန့်ကြာခဲ့ရသည်။ ၄င်းကယ်ဆယ်ရေးလုပ်ငန်းတွင် သင်္ဘောအမှုထမ်းခုနစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၅၂ ဦးမှာ ပျောက် ဆုံးနေ ဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် တိမ်းမှောက်သွားခဲ့သော တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တွင် သင်္ဘောအမှုထမ်း ၆ဝ လိုက်ပါလာခဲ့ပြီး ၄င်းတို့မှာ အင်ဒိုနီးရှားနိုင်ငံသား ၃၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ဦး၊ တောင်ကိုရီး ယားနိုင်ငံသား ၁၁ ဦးတို့ပါဝင်ကြောင်း ရုရှားစစ်ဆေးရေးမှူးတစ်ဦးက ပြောကြား ခဲ့ သည်။

တောင်ကိုရီးယား ဆာဂျိုးငါးဖမ်း သင်္ဘောကုမ္ပဏီမှ ပိုင်ဆိုင်သော ယင်း Oryong 501 သင်္ဘောသည် ၃၆ နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း သိရပြီး ရာ သီဥတုဆိုးရွားမှုဒဏ်ကြောင့် တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment