Friday 5 December 2014

မြန်မာ့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီးမှ အကူညီပေးမည်ဟု ပြင်သစ်ပြော

ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတွေကို တိုးမြှင့်သွားမှာ ဖြစ် ပြီး ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ၊ တရားမျှတမှုရှိ၊ မရှိကို စောင့်ကြည့် နေ မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြင်သစ်ဘာသာစကား ထွန်းကားပြန့်ပွားရေးဝန်ကြီး မဒမ် အန်နီ ဂျီရာဒီ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောဆိုလိုက်တာပါ။

၂၀၁၅ ရွေးကောက်ပွဲအနေအထားပေါ် ကြည့်ပြီး ပေးအပ်နေတဲ့ အကူအညီတွေ ကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၅ မှာ တိုးမြှင့်ပေးသွားမယ့် အကူအညီတွေကတော့ ပြင်သစ် ဖွံ့ဖြိုး တိုးတက်မှုစင်တာကနေတဆင့် အတိုးနှုန်းသက်သာစွာ ငွေချေး တာနဲ့ ကျန်းမာရေး အစီအစဉ်တွေ ပါဝင် ပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ယူရို ၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး ၁၀ ဆကျော် တိုးမြှင့် ထောက် ပံ့သွားမှာ ဖြစ်ပါတယ်။

လက်ရှိ ပြင်သစ်နိုင်ငံအနေနဲ့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ယူရို ၂၃၉ သန်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံဟာ ဥရောပသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှု ဒုတိယ အများဆုံးပေးနေတဲ့နိုင်ငံ ဖြစ်ပြီး ဥရောပသမဂ္ဂအနေနဲ့ ၂၀၁၄ – ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့ သတ်မှတ် ထားတဲ့ငွေကြေး ပမာဏဟာ ယူရို သန်း ၇၀၀ ဖြစ်ပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment