Monday 24 November 2014

နှစ်နိုင်ငံအစိုးရသဘောတူညီမှုဖြင့် မလေးရှားရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အထောက်အထားပြုလုပ်နေသည့်အစီအစဉ်မပြီးမီ အရေးယူမှုကို ခြောက်လခန့်ရပ်ဆိုင်းပေးရန် မြန်မာအစိုးရ တောင်းဆို

Photo: နှစ်နိုင်ငံအစိုးရသဘောတူညီမှုဖြင့် မလေးရှားရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အထောက်အထားပြုလုပ်နေသည့်အစီအစဉ်မပြီးမီ
အရေးယူမှုကို ခြောက်လခန့်ရပ်ဆိုင်းပေးရန် မြန်မာအစိုးရ တောင်းဆို
Monday, November 24, 2014

မလေးရှား ရောက်အထောက် အထားမဲ့မြန်မာ လုပ်သားများအတွက် နှစ်နိုင်ငံအစိုး ရသဘောတူညီမှုဖြင့် အထောက်အ ထားပြုလုပ်သည့် အစီအစဉ်မပြီးမီအဆိုပါမြန်မာလုပ်သားများအားအ ရေးယူမှုကို ခြောက်လခန့်ရပ်ဆိုင်း ပေးရန်မလေးရှား အစိုးရထံမေတ္တာ ရပ်ခံစာပေးပို့ထားကြောင်း အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆိုသည်။

အဆိုပါမေတ္တာရပ်ခံစာကို ယခု တစ်ပတ်အတွင်း ပေးပို့ခဲ့ခြင်းဖြစ် ပြီး မလေးရှားနိုင်ငံတွင်တရားမဝင် နိုင်ငံခြားသားလုပ်သားဖမ်းဆီးမှုများ နှင့် ဗီဇာသက်တမ်းပြည့်လုပ်သား(Overstay)များကို အထူးစစ်ဆေး ဖမ်းဆီးမှုများပြုလုပ်နေလျှက်ရှိနေ ပြီး ဖမ်းမိပါက ယခင်ထောင်ဒဏ် အပြင် ယခုကြိမ်ဒဏ်ကိုပါ ထပ်မံတိုး မြှင့်ထားကာ စစ်ဆေးဆောင်ရွက် အရေးယူမှုများပြုလုပ်လျက်ရှိနေသည့် အပြင် မလေးရှားအစိုးရမှသတ်မှတ် ထားသည့်အချိန်အတွင်း တရားမဝင် အလုပ်သမားများအနေဖြင့် နေရပ် ပြန်ရန်နှင့် မပြန်ပါက ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တရားဝင်ကြေညာချက်များ ကြောင့် မြန်မာလုပ်သမားများအ တွက် ယင်းကဲ့သို့မေတ္တာရပ်ခံစာပေး ပို့ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက နိုဝင်ဘာ၂၂ရက် (UMFCCI) တွင်ပြုလုပ်သည့် အလုပ် အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တင်ပွဲအပြီး သတင်းမီဒီယာများ၏မေး မြန်းခြင်းကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။

''ပြည်ပဘယ်နိုင်ငံကိုပဲသွားသွား တရားဝင်သွားပါ။ တရားဝင်သွားမှ ကူညီဆောင်ရွက်ပေးနိုင်မှာပါ။ အခုပြဿနာဆိုရင် တရားဝင်သွား တဲ့သူဆိုရင် ကြောက်စရာမလိုဘူး။ သူတို့တရားမဝင်လုပ်သားဘယ် လောက်ဖမ်းဖမ်း တရားဝင်အထောက် အထားကိုင်ထားရင် ကြောက်စရာမလို ဘူး။ သူတို့နိုင်ငံဥပဒေအရ တရား မဝင်လုပ်သာဖမ်းတာကိုမြန်မာဘက် က ဘာမှပြောလို့မရဘူး။ ဒါပေမဲ့ မြန်မာအလုပ်သမားတွေအတွက် အချိန်စောင့်ခိုင်းဖို့မေတ္တာရပ်ခံစာပို့ ထားတယ်။ သူတို့ဘက်ကတော့ အခု ထိ အကြောင်းမပြန်သေးဘူး''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာအလုပ် သမားပြဿနာများကို မြန်မာသံ ရုံးရှိ အရာရှိ၁၂ဦးမှ ဖြေရှင်းဆောင် ရွက်ပေးလျှက်ရှိကြောင်း၊ ထပ်မံ၍ အလုပ်သမားသံအရာရှိတစ်ဦးကို စေလွှတ်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း နှင့် မလေးရှားအစိုးရနှင့် နှစ်နိုင်ငံ သဘောတူညီမှုအထောက်အထားပြု လုပ်သည့် (OSC)အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးက ဆက်ပြောသည်။

မလေးရှားနိုင်ငံသည် ယင်းနိုင်ငံ ရောက် တရားမဝင်လုပ်သားများကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လ တစ်ကြိမ် ပုံမှန်ဖမ်းဆီးလေ့ရှိပြီး ယခုအကြိမ်သည် အပြင်းထန်ဆုံးဖမ်း ဆီးမှုဖြစ်ပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးဝန် ကြီးများကိုယ်တိုင်တရားမဝင်လုပ် သားများကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံးထား၍ နေရပ်သို့ပြန်ရန် မလေးရှားနိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံများမှတစ်ဆင့်တရားဝင်ကြေ ညာထားကြောင်း မလေးရှားနိုင်ငံ ထုတ် The Star သတင်းစာတွင်ဖော် ပြထားသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမားသုံးသိန်းကျော် ခန့်ရှိနေပြီး ယင်းအထဲတွင် အထောက် အထားမဲ့ မြန်မာအလုပ်သမားတစ် သိန်းခွဲခန့် ရှိကြောင်းနှင့် မြန်မာနိုင်ငံ အလုပ်သမားများနည်းတူ ကမ္ဘောဒီ ယား၊ ဖိလစ်ပိုင်အစရှိသည့် နိုင်ငံခြား သားလုပ်သားများလည်း လာရောက် လုပ်ကိုင်လျက်ရှိနေပြီး တရားမဝင် အလုပ်သမားများ၏ပြဿနာများ များပြားကာ ဖြေရှင်းနေရခြင်းကြောင့် တရားမဝင်လုပ်သားများကို တင်းကျပ် စွာ ဖမ်းဆီးမှုအစီအစဉ်ကိုပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း The Star သတင်း စာတွင် မလေးရှားအစိုးရက ဆိုထား သည်။

Yangon Media Group
မလေးရှား ရောက်အထောက် အထားမဲ့မြန်မာ လုပ်သားများအတွက် နှစ်နိုင်ငံအစိုး ရသဘောတူညီမှုဖြင့် အထောက်အ ထားပြုလုပ်သည့် အစီအစဉ်မပြီးမီအဆိုပါမြန်မာလုပ်သားများအားအ ရေးယူမှုကို ခြောက်လ ခန့် ရပ်ဆိုင်း ပေးရန်မလေးရှား အစိုးရထံမေတ္တာ ရပ်ခံစာပေးပို့ထားကြောင်း အလုပ် သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆိုသည်။

အဆိုပါမေတ္တာရပ်ခံစာကို ယခု တစ်ပတ်အတွင်း ပေးပို့ခဲ့ခြင်းဖြစ် ပြီး မလေးရှားနိုင်ငံတွင်တရားမဝင် နိုင်ငံခြားသားလုပ်သားဖမ်းဆီးမှုများ နှင့် ဗီဇာသက်တမ်းပြည့်လုပ်သား(Overstay)များကို အထူးစစ်ဆေး ဖမ်းဆီးမှုများပြုလုပ်နေလျှက်ရှိနေ ပြီး ဖမ်းမိပါက ယခင်ထောင်ဒဏ် အပြင် ယခုကြိမ်ဒဏ်ကိုပါ ထပ်မံတိုး မြှင့်ထားကာ စစ်ဆေးဆောင်ရွက် အရေးယူမှုများပြုလုပ်လျက်ရှိနေသည့် အပြင် မလေးရှားအစိုးရမှ သတ်မှတ် ထားသည့်အချိန်အတွင်း တရားမဝင် အလုပ်သမားများအနေဖြင့် နေရပ် ပြန်ရန်နှင့် မပြန်ပါက ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တရားဝင်ကြေညာချက်များ ကြောင့် မြန်မာလုပ်သမားများအ တွက် ယင်းကဲ့သို့မေတ္တာရပ်ခံစာပေး ပို့ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက နိုဝင်ဘာ၂၂ရက် (UMFCCI) တွင်ပြုလုပ်သည့် အလုပ် အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တင်ပွဲအပြီး သတင်းမီဒီယာများ၏မေး မြန်းခြင်းကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။

''ပြည်ပဘယ်နိုင်ငံကိုပဲသွားသွား တရားဝင်သွားပါ။ တရားဝင်သွားမှ ကူညီဆောင်ရွက်ပေးနိုင်မှာပါ။ အခုပြဿနာဆိုရင် တရားဝင်သွား တဲ့သူဆိုရင် ကြောက်စရာမလိုဘူး။ သူတို့တရားမဝင်လုပ်သားဘယ် လောက်ဖမ်းဖမ်း တရားဝင်အထောက် အထားကိုင်ထားရင် ကြောက်စရာမလို ဘူး။ သူတို့နိုင်ငံဥပဒေအရ တရား မဝင်လုပ်သာဖမ်းတာကိုမြန်မာဘက် က ဘာမှပြောလို့မရဘူး။ ဒါပေမဲ့ မြန်မာအလုပ်သမားတွေ အတွက် အချိန်စောင့်ခိုင်းဖို့မေတ္တာရပ်ခံစာပို့ ထားတယ်။ သူတို့ဘက်ကတော့ အခု ထိ အကြောင်းမပြန် သေးဘူး''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာအလုပ် သမားပြဿနာများကို မြန်မာသံ ရုံးရှိ အရာရှိ၁၂ဦးမှ ဖြေရှင်းဆောင် ရွက်ပေးလျှက်ရှိကြောင်း၊ ထပ်မံ၍ အလုပ်သမားသံအရာရှိတစ်ဦးကို စေလွှတ်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း နှင့် မလေးရှားအစိုးရနှင့် နှစ်နိုင်ငံ သဘောတူညီမှုအထောက်အထားပြု လုပ်သည့် (OSC)အစီအစဉ် ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးက ဆက်ပြောသည်။

မလေးရှားနိုင်ငံသည် ယင်းနိုင်ငံ ရောက် တရားမဝင်လုပ်သားများကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လ တစ်ကြိမ် ပုံမှန်ဖမ်းဆီးလေ့ရှိပြီး ယခုအကြိမ်သည် အပြင်းထန်ဆုံးဖမ်း ဆီးမှုဖြစ်ပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးဝန် ကြီးများကိုယ်တိုင်တရားမဝင်လုပ် သားများကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံးထား၍ နေရပ်သို့ပြန်ရန် မလေးရှားနိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံများမှတစ်ဆင့် တရားဝင် ကြေ ညာထားကြောင်း မလေးရှားနိုင်ငံ ထုတ် The Star သတင်းစာတွင်ဖော် ပြထားသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမားသုံးသိန်းကျော် ခန့်ရှိနေပြီး ယင်းအထဲတွင် အထောက် အထားမဲ့ မြန်မာအလုပ်သမားတစ် သိန်းခွဲခန့် ရှိကြောင်းနှင့် မြန်မာနိုင်ငံ အလုပ်သမားများနည်းတူ ကမ္ဘောဒီ ယား၊ ဖိလစ်ပိုင်အစရှိသည့် နိုင်ငံခြား သားလုပ်သားများလည်း လာရောက် လုပ်ကိုင်လျက်ရှိနေပြီး တရားမဝင် အလုပ်သမားများ၏ပြဿနာများ များပြားကာ ဖြေရှင်းနေရခြင်းကြောင့် တရားမဝင် လုပ်သားများကို တင်းကျပ် စွာ ဖမ်းဆီးမှုအစီအစဉ်ကိုပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း The Star သတင်း စာတွင် မလေးရှားအစိုးရက ဆိုထား သည်။

Yangon Media Group

No comments:

Post a Comment