Monday 24 November 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ပြည်သူလူထု၏ အဆုံးအဖြတ်ကို လက်ခံမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ပြော

တပ်မတော်၏ ၂၀၁၅ ရပ်တည်ချက် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဆန္ဒခံယူပွဲမှ ထွက်ပေါ် လာမည့် ပြည်သူ လူထု ဆုံးဖြတ်ချက်အား လက်ခံ သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း စာနယ်ဇင်း ကောင်စီ(ယာယီ) ထံမှ သတင်း ရရှိသည်။
ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် စာနယ်ဇင်း ကောင်စီ (ယာယီ) နှင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်တို့ တွေ့ဆုံပွဲတွင် ကာချုပ်က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တပ်ရဲ့ သဘောထား ကတော့ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်(၂၅) ရာခိုင်နှုန်း လျော့ရေးတွေ မှာ ပြင်ဆင်ဖို့ ဆန္ဒ မရှိဘူး။ဒါပေမဲ့ ဆန္ဒခံယူပွဲ လုပ်တဲ့ အခါကျရင် ပြည်သူအများစုက ပြင်ဆင်ဖို့ ဆန္ဒရှိတယ် ဆိုရင် သူတို့ (တပ်မတော်) အနေနဲ့ လက်ခံ သွားမယ်လို့ ပြောတယ် ဟု စာနယ်ဇင်း ကောင်စီ (ယာယီ) မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံခဲ့ရာတွင် တပ်မတော်ဘက်မှ ယင်းတို့၏ ၂၀၁၅ ခုနှစ် ရပ်တည်ချက်၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် KIA ဗိုလ်သင်တန်း ကျောင်းအား ပစ်ခတ်မှုနှင့် တပ်နှင့် သက်ဆိုင်သည့် သတင်း စီးဆင်း ရရှိနှိုင်မှု အခြေအနေ များအား ကာကွယ်ရေး ဦးစီးက ကောင်စီ လူကြီး များထံ ရှင်းလင်း ပြောကြားခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စာနယ်ဇင်း ကောင်စီ (ယာယီ) နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ယခုအကြိမ် တွေ့ဆုံမှုသည် ဒုတိယ အကြိမ် ဖြစ်ပြီး ပထမ အကြိမ်ကို နေပြည်တော်၌ပင် အောက်တိုဘာလ (၁၄) ရက်နေ့က တွေ့ဆုံခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံစဉ်က တပ်မတော်နှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များနှင့် ပတ်သက်ပြီး ပြောရေး ဆိုခွင့် ရှိသူများ အဖြစ် ဗိုလ်ချုပ် တစ်ဦးနှင့် ဗိုလ်မှူးချုပ် နှစ်ဦးတို့အား တာဝန် ထမ်းဆောင်စေမည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြား ထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ် မေလတွင် လူထု ဆန္ဒခံယူပွဲ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြား ထားပြီး လွှတ်တော် အတွင်း အစီရင်ခံစာ တင်သွင်းရာတွင် ပြင်ဆင်ရေး၏ အဓိက ကျသော အခန်း (၁၂) ပုဒ်မ (၄၃၆)က၊ခ ကို မူလ အတိုင်းထား ရှိရန်နှင့် သမ္မတ အရည်အချင်း သတ်မှတ်ချက်ပါ ၅၉(စ) အားလည်း ပြင်ဆင်ရန် မပါရှိပေ။

Messenger News Journal

No comments:

Post a Comment