Monday 24 November 2014

စည်ပင်ရွေးကောက်ပွဲတွင် အမျိုးသမီး ၃၂ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၅ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၂ ဦးပါဝင်ကြောင်း သတင်းရရှိ သည်။

၁၉၄၉ခုနှစ်နောက်ပိုင်း နှစ် ပေါင်း ခြောက်ဆယ်ကျော်မှ ပြန် လည်ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအဆင့်ဆင့်ရွေး ကောက်ပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၂ဦးဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

‘‘စည်ပင်မှာ အမျိုးသမီး ကော်မတီဝင်ဆိုတာမရှိသေးဘူး။ မြို့တော်ကို စီမံခန့်ခွဲတဲ့ အပိုင်းမှာ အမျိုးသမီး တွေလည်း တစ် ထောင့်တစ်နေရာကနေ ပါဝင်ချင် လို့ ၀င်ပြိုင်ဖြစ်တာ’’ဟု မြို့နယ် ခုနစ်မြို့နယ် ကိုယ်စားပြု၍ ကော် မတီဝင်နေရာ ၀င်ရောက် ရွေး ချယ်ခံမည့် ဒေါ်စူဆန်နာလှလှစိုးက ပြောသည်။

ရန်ကုန်တွင်အမျိုးသမီးများ ညဘက်တွင် အလုပ်ပြန်၊ အလုပ်ဆင်းရန် လုံခြုံမှုမရှိသည့် အခြေအနေများ အထူးသဖြင့် ရန်ကုန်မြို့၌အမျိုးသမီးများနှင့်ပတ်သက်၍ အခွင့်အရေး ရပိုင်ခွင့်များကို ကော်မတီဝင်အဖြစ် ရွေးချယ်ခံရမည်ဆိုပါက ကနဦး လုပ်ဆောင်ပေးလိုကြောင်း ၎င်းက ပြောကြားသည်။

ယခုရွေးကောက်ပွဲတွင်စည် ပင်၏ အရေးပါသည့် ကော်မတီ ၀င်လေးနေရာကို ပြည်သူက မဲပေးခွင့် ရရှိမည် ဆိုခြင်းကြောင့် ယင်း အခွင့်အရေးကို လက်လွတ်မဆုံး ရှုံးသင့်ဘဲ ပြည်သူအတွက်အမှန် တကယ် လုပ်ကိုင်ပေးမည့်သူ ကို ရွေးချယ် မဲပေးစေလိုကြောင်း  ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်  ဒေါ်ညိုညို သင်းက တိုက်တွန်းပြောကြား သွားသည်။

လက်ရှိတွင် မဲပေးနိုင်သည့် စာရင်းပြုစုမှု  အပြီးသတ်နေပြီ ဖြစ်၍ မဲရုံများတည်ဆောက်ရေး၊ မဲရုံမှူးများအား သင်တန်းများထပ် မံပေးရေးတို့ကို ဆောင်ရွက်လျက် ရှိပြီး လွတ်လပ်၍မျှတသော ရွေး ကောက်ပွဲဖြစ်ရေး ဆောင်ရွက် သွားမည်ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီအဆင့် ဆင့် ရွေးကောက်ပွဲ ရန်ကုန်မြို့ တော်ကော်မရှင် ဥက္ကဋ္ဌဦးတင် အေးကပြောသည်။

စည်ပင်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် မြို့နယ် ပေါင်း ၃၃ မြို့နယ်၌ ရွေးကောက်ခံ ကိုယ်စား လှယ် ပေါင်း ၃၀၅ ဦးအနက်  ၁၁၂ ဦးအားပြည်သူက မဲပေးရွေးချယ်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲအတွက်  ကုန်ကျစရိတ်ကို ကျပ်သိန်းငါးထောင်ကျော်အသုံးပြုရန် ရည်ရွယ်ထားသည်။

7Day DAILY

No comments:

Post a Comment