Monday 24 November 2014

မြောက်ကိုရီးယားအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်အား ထောက်ခံသူများ အန္တရာယ်များသောအကျိုးဆက်ရမည်ဟု မြောက်ကိုရီးယားက သတိပေး

Photo: မြောက်ကိုရီးယားအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်အား ထောက်ခံသူများ အန္တရာယ်များသောအကျိုးဆက်ရမည်ဟု မြောက်ကိုရီးယားက သတိပေး
Monday, November 24, 2014

မြောက်ကိုရီးယား၏ လူ့အခွင့် အရေးမှတ်တမ်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ နောက်ဆုံးပြင်းထန်စွာ အပြစ်တင်ဝေဖန်ခြင်းကို ထောက်ခံ သူများသည် အန္တရာယ်များသော အ ကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု မြောက် ကိုရီးယား၏ ထိပ်တန်းစစ်ဘက်အ ဖွဲ့အစည်းတစ်ရပ်က သတိပေးလိုက် ကြောင်း သိရသည်။

ဤအတောအ တွင်း မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုအသစ်ပြုလုပ်ရာ ခေါင်း ဆောင်ကင်ဂျုံအန်က ဦးဆောင် သည်ဟု နိုင်ငံပိုင် မီဒီယာကဖော်ပြ သည်။

မြောက်ကိုရီးယားအား လူ့အ ခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုဖြင့် နိုင် ငံတကာ ရာဇဝတ်တရားရုံးသို့ တင် ရေးအဆိုဆုံးဖြတ်ချက်ကို ကုလသ မဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့် အရေးကော်မတီိတွင် လွန်ခဲ့သော သီတင်းပတ်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁၁ မဲ၊ ဆန့်ကျင်မဲ ၁၉ မဲနှင့် ပျက်ကွက် ၅၅ဦးဖြင့်အ တည်ပြုလိုက်သည်။

မြောက်ကိုရီးယားအား လူ့အခွင့် အရေး ရာဇဝတ်မှုဖြင့် နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ တင်ရေးအဆို ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ နှင့် ဂျပန်တို့ကရေးဆွဲပြီး ကုလသမဂ္ဂသို့ လွန်ခဲ့သော သီတင်းပတ်၌တင် သွင်းခဲ့သည်။

ထိုကိစ္စကို ကုလသမဂ္ဂ က စုံစမ်းစစ်ဆေးခဲ့ပြီး မြောက်ကိုရီး ယားသည် လူ့အခွင့်အရေးကို ချိုး ဖောက်ရာ၌ ကမ္ဘာတွင်အပြိုင်မရှိဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတွင် ဖေ ဖော်ဝါရီလထဲ၌ နိဂုံးကောက်ချက်ချ ထားသည်။

ထိုအချိန်ကတည်းက မြောက်ကိုရီးယားသည် နိုင်ငံရေးလုပ် ကြံမှုကို ကုလသမဂ္ဂကဆောင်ရွက် နေသည်ဟု ကြိမ်ဖန်များစွာ ပြင်းထန် စွာ ဝေဖန်ပုတ်ခတ်လိုက်သည်။

Yangon Media Group
မြောက်ကိုရီးယား၏ လူ့အခွင့် အရေးမှတ်တမ်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ နောက်ဆုံးပြင်းထန်စွာ အပြစ်တင်ဝေဖန်ခြင်းကို ထောက်ခံ သူများသည် အန္တရာယ်များသော အ ကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု မြောက် ကိုရီးယား၏ ထိပ်တန်းစစ်ဘက်အ ဖွဲ့အစည်းတစ်ရပ်က သတိပေးလိုက် ကြောင်း သိရသည်။

ဤအတောအ တွင်း မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုအသစ်ပြုလုပ်ရာ ခေါင်း ဆောင်ကင်ဂျုံအန်က ဦးဆောင် သည်ဟု နိုင်ငံပိုင် မီဒီယာကဖော်ပြ သည်။

မြောက်ကိုရီးယားအား လူ့အ ခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုဖြင့် နိုင် ငံတကာ ရာဇဝတ်တရားရုံးသို့ တင် ရေးအဆိုဆုံးဖြတ်ချက်ကို ကုလသ မဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့် အရေးကော်မတီိတွင် လွန်ခဲ့သော သီတင်းပတ်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁၁ မဲ၊ ဆန့်ကျင်မဲ ၁၉ မဲနှင့် ပျက်ကွက် ၅၅ဦးဖြင့်အ တည်ပြုလိုက်သည်။

မြောက်ကိုရီးယားအား လူ့အခွင့် အရေး ရာဇဝတ်မှုဖြင့် နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ တင်ရေးအဆို ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ နှင့် ဂျပန်တို့ကရေးဆွဲပြီး ကုလသမဂ္ဂသို့ လွန်ခဲ့သော သီတင်းပတ်၌တင် သွင်းခဲ့သည်။ ထိုကိစ္စကို ကုလသမဂ္ဂ က စုံစမ်းစစ်ဆေးခဲ့ပြီး မြောက်ကိုရီး ယားသည် လူ့အခွင့်အရေးကို ချိုး ဖောက်ရာ၌ ကမ္ဘာတွင်အပြိုင်မရှိဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတွင် ဖေဖော်ဝါရီ လထဲ၌ နိဂုံးကောက်ချက်ချ ထားသည်။

ထိုအချိန်ကတည်းက မြောက်ကိုရီးယားသည် နိုင်ငံရေးလုပ် ကြံမှုကို ကုလသမဂ္ဂကဆောင်ရွက် နေသည်ဟု ကြိမ်ဖန်များစွာ ပြင်းထန် စွာ ဝေဖန်ပုတ်ခတ်လိုက်သည်။

Yangon Media Group

No comments:

Post a Comment