Monday 24 November 2014

ဦးထင်လင်းဦးကိုယ်စား အင်န်အယ်လ်ဒီမှ တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ဟု ဦးဝီရသူ ကြေညာချက်ထုတ်

ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ်ဝေဖန်မှုများ ဟောပြောခဲ့ သည် NLD မှ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင် လင်းဦး ကိုယ်စား ပါတီမှတာဝန်ယူဖြေရှင်းပေးရန်လိုအပ်သည်ဟု အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူမှ သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာ ၂၁ ရက်စွဲဖြင့် ကြေ ညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲ အား စီစဉ်သူမှာ ချောင်းဦးမြို့နယ် NLD မှ ဖြစ်နေခြင်း၊ ဟောပြောသူမှာ NLD ဗဟိုပြန် ကြားရေးကော်မတီဝင်ဖြစ်နေခြင်း၊ NLD ပါတီ အလံအောက်တွင် ဟောပြောခြင်းဖြစ်ပါလျက် ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် ဝေဖန်မှု အတွက် ပါတီမှ တာဝန်ခံ ဖြေရှင်းပေးခြင်း မရှိသည့်အပြင် တာဝန်ကို ရှောင်လွှဲသည့်အနေဖြင့် ပါတီနှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ခြင်းကိုရှုတ်ချကြောင်း၊ သားသမီးမကောင်း မိဘခေါင်းဟူသည်နှင့်အညီ ပါတီဝင်အရေးအရာ ကိစ္စများကို ပါ တီမှ တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်း ဖော် ပြထားသည်။

ဦးဝီရသူ၏ ထုတ်ပြန်ကြေညာ ချက်နှင့်ပတ်သက်၍ NLD ပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးညာဏ်ဝင်းက ''NLD ဟာ နိုင်ငံရေးလုပ်နေတာပါ။ ဘာသာရေး လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်းတိုင်း နိုင်ငံရေးနဲ့ ဘာသာရေးကို ရောယှက်ပစ်လို့ မရပါဘူး။ ၂ဝဝ၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေ မှာလဲ ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်ရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့်ပါ''ဟု ၄င်းက ရှင်းလင်းပြောကြားခဲ့သည်။

NLD ပါတီ အနေဖြင့်လည်း အမျိုးသားရေး၊ ဘာသာသာသနာ အရေးများ တွင် ထိုသို့ပင် အမြဲတမ်း ခေါင်းရှောင်လေ့ရှိကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းကာ ဝေဖန်မှုပြုလုပ်ထားသည်။

NLD ၏ ပြန်လည်ဖြေရှင်းလင်း ချက်နှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန် သူ ဦးဝီရသူမှ ''နိုင်ငံရေးဆိုတာ ဘာသာရေး၊ လူမှုရေးအားလုံး ပေါင်းစပ်ထားတာ၊ အဖွဲ့အစည်းဆိုတာလဲ အဖွဲ့ဝင်လုပ်တဲ့အပေါ် တာဝန်ယူရတယ်။ NLD ရဲ့ ထုတ်ပြန်ချက်ဟာ ခေါင်းရှောင်တဲ့ ဆင်ခြေပါ။ သားသမီး မကောင်း မိဘခေါင်း ဆိုတာရှိတယ်။ အဖွဲ့ အစည်းတစ်ရပ်လုံးအနေနဲ့ သူ့ကိုယ်စား တောင်းပန်သင့် တယ်။ အနိမ့်ဆုံးအနေနဲ့ ရာထူးကထုတ်တာတို့ ဘာတို့ကို ပြတ်ပြတ် သားသား လုပ် သင့်တယ်''ဟု တုံ့ပြန်မိန့်ကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေး မြန်းရန် ကာယကံရှင် ဦးထင်လင်းဦး ထံသို့ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

Yangon Media Group

No comments:

Post a Comment