Monday 24 November 2014

လိင်ကျွန်ပြုမှု ပြဿနာ ဖြေရှင်းရေး ဆွေးနွေးပွဲများ တောင်ကိုရီးယားနှင့် ဂျပန်ပြန်စမည်

Photo: လိင်ကျွန်ပြုမှု ပြဿနာ ဖြေရှင်းရေး ဆွေးနွေးပွဲများ တောင်ကိုရီးယားနှင့် ဂျပန်ပြန်စမည်
Monday, November 24, 2014

ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယား အမျိုးသမီးများကို ဂျပန်က လိင်ကျွန်ပြုမှု ပြဿနာ ကိုဖြေရှင်းရန် နှစ်နိုင်ငံ အကြား ဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် သီတင်းပတ်တွင် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အရှေ့မြောက်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် လီဆန်ဒွက်သည် နိုဝင်ဘာ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အာရှနှင့် သမုဒ္ဒရာရေးရာဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဂျူနိချိအိဟာရတို့ ဆိုးလ်တွင် တွေ့ဆုံရန်စီစဉ်ထားသည်။
တိုင်ပင်ဆွေးနွေးမှုများကို ဧပြီလက စတင်ခဲ့ပြီး နောက်အကျဆုံးဆွေးနွေးမှုမှာ ငါးကြိမ်မြောက်ဖြစ်မည်ဖြစ်သည်။ ပြဿနာဖြေရှင်းရေး မှာ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေးအတွက် မဖြစ်မနေလုပ်ရမည်ဟု ယူဆထားသဖြင့် အပေးအယူလုပ် ညိနှုင်းရေး အတွက် တောင်ကိုရီးယား က ပြင်းပြင်းထန်ထန် ဖိအားပေး လိမ့်မည်ဟု မျှော်လင့်ရသည်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ လွန်ခဲ့သည့်လက ပေကျင်းတွင် ကျင်းပခဲ့သည့် အေပက် ထိပ်သီးဆွေးနွေးပွဲများအတွင်း တွေ့ဆုံကာ ဆက်ဆံမှုတိုးတက်ရေးအတွက် ညွှန်ကြားရေးမှူးချုပ် အဆင့် တွေ့ဆုံဆွေးနွေး ပွဲများပြုလုပ်ရန် သဘောတူခဲ့ကြသည်။ စစ်အတွင်းက ဂျပန်စစ်သားများ အတွက် လိင်ဖျော်ဖြေမှုပေးရန် ကိုရီးယား အမျိုးသမီး ၂၀၀,၀၀၀ခန့်မှာ အဓမ္မခေါ်ဆောင် ခံရသည်။ လိင်ကျွန်ပြု ခံရသူများအနက် ကိုရီးယားအမျိုးသမီး ၅၅ ဦးမှာ သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်။   

Mizzima - News in Burmese 

ဒုတိယ ကမ္ဘာစစ်အတွင်းက လိင်ကျွန်ပြု ခံခဲ့ရမှု အတွက် အသက်ရှင် ကျန်ရစ်ခဲ့သူ အမျိုးသမီးကြီးများ ဆန္ဒပြ နေကြစဉ်

ဒုတိယ ကမ္ဘာစစ်အတွင်းက လိင်ကျွန်ပြု ခံခဲ့ရမှု အတွက် အသက်ရှင် ကျန်ရစ်ခဲ့သူ အမျိုးသမီးကြီးများ ဆန္ဒပြ နေကြစဉ်

ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယား အမျိုးသမီးများကို ဂျပန်က လိင်ကျွန်ပြုမှု ပြဿနာ ကိုဖြေရှင်းရန် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတစ်ရပ်ကို လာမည့်သီတင်းပတ်တွင် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အရှေ့မြောက်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် လီဆန်ဒွက်သည် နိုဝင်ဘာ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အာရှနှင့် သမုဒ္ဒရာရေးရာဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဂျူနိချိအိဟာရတို့ ဆိုးလ်တွင် တွေ့ဆုံရန်စီစဉ်ထားသည်။

တိုင်ပင်ဆွေးနွေးမှုများကို ဧပြီလက စတင်ခဲ့ပြီး နောက်အကျဆုံးဆွေးနွေးမှုမှာ ငါးကြိမ်မြောက်ဖြစ် မည်ဖြစ်သည်။ ပြဿနာဖြေရှင်းရေး မှာ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေးအတွက် မဖြစ်မနေလုပ်ရမည်ဟု ယူဆထားသဖြင့် အပေးအယူလုပ် ညိနှုင်းရေး အတွက် တောင်ကိုရီးယား က ပြင်းပြင်းထန်ထန် ဖိအားပေး လိမ့်မည်ဟု မျှော်လင့်ရသည်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ လွန်ခဲ့သည့်လက ပေကျင်းတွင် ကျင်းပခဲ့သည့် အေပက် ထိပ်သီးဆွေးနွေးပွဲများအတွင်း တွေ့ဆုံကာ ဆက်ဆံမှု တိုးတက်ရေး အတွက် ညွှန်ကြားရေးမှူးချုပ် အဆင့် တွေ့ဆုံဆွေးနွေး ပွဲများပြုလုပ်ရန် သဘောတူခဲ့ကြသည်။ စစ် အတွင်းက ဂျပန်စစ်သားများ အတွက် လိင်ဖျော်ဖြေမှုပေးရန် ကိုရီးယား အမျိုးသမီး ၂၀၀,၀၀၀ခန့်မှာ အဓမ္မခေါ်ဆောင် ခံရသည်။ လိင်ကျွန်ပြု ခံရသူများအနက် ကိုရီးယားအမျိုးသမီး ၅၅ ဦးမှာ သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်။  

Mizzima - News in Burmese

No comments:

Post a Comment