Monday 24 November 2014

အာကာသ အတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် သိပ္ပံပညာရှင်များ ကြိုးပမ်း

Photo: အာကာသ အတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် သိပ္ပံပညာရှင်များ ကြိုးပမ်း
Monday, November 24, 2014

သိပ္ပံပညာရှင်များသည် အနာဂတ်ကာလတွင် အင်္ဂါဂြိုဟ်နှင့် လကမ္ဘာပေါ်၌
ကောက်ပဲသီးနှံများ ထွန်ယက် စိုက်ပျိုးနိုင်ရေး အတွက် ရည်ရွယ်သည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် အာကာသ အတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ပုဒ်တွင် နိုဝင်ဘာ ၂၂ ရက်က ရေးသား ဖော်ပြထားသည်။

 နော်ဝေ သိပ္ပံပညာရှင်များ ဦးဆောင်သည့် အဆိုပါ အစီအစဉ် အတွက် စီမံကိန်း ကာလကို ၁ဝ နှစ် သတ်မှတ်ထားပြီး စီမံကိန်း အရ ၁ဝ နှစ်ကြာပြီး နောက်တွင် နိုင်ငံတကာ အာကာသစခန်း (ISS) ၌ ခရမ်းချဉ်သီး၊ ဆလတ်ရွက်နှင့် ပဲပိစပ် ကဲ့သို့သော စားပင်များကို စိုက်ပျိုးသွားမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် ဥရောပသမဂ္ဂနှင့် ဥရောပ အာကာသ အေဂျင်စီတို့က အတူတကွ ပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။ 

ဥရောပသမဂ္ဂနှင့် ဥရောပ အာကာသ အေဂျင်စီ အနေဖြင့် အာကာသ အတွင်း၌ အပင်များ မည်သို့ ရှင်သန် ကြီးထွားနိုင်သည် ဟူသော အချက်နှင့် အနာဂတ် ကာလတွင် ၎င်း အပင်များသည် လေထုနှင့် အာကာသ ခရီးသည်များ အတွက် စားနပ်ရိက္ခာကို မည်ကဲ့သို့ ထောက်ပံ့ ပေးနိုင်သည် ဟူသော အချက်များကိုပါ စူးစမ်း လေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။ မိမိတို့ အနေဖြင့် အာကာသ စခန်း၌ မည်သည့် အပင်ကို စိုက်ပျိုးရမည် ဆိုခြင်းနှင့် ပတ်သက်၍ ယခု အချိန်ထိ ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း၊ လက်ရှိတွင် ခရမ်းချဉ်သီး၊ ဆလတ်ရွက် သို့မဟုတ် ပဲပိစပ်များကို စိုက်ပျိုးရန် ဆွေးနွေး ထားကြကြောင်း၊ မိမိတို့ အတွက် အကြီးမားဆုံး ကြုံတွေ့ နေရသည့် စိန်ခေါ်မှု တစ်ခုမှာ စိုက်ပျိုးလိုက်သည့် အပင်များ အတွက် လိုအပ်သည့် အာဟာရနှင့် ရေပမာဏကို တိတိကျကျ စီမံ ခန့်ခွဲနိုင်ရန် ဖြစ်ကြောင်း အစီအစဉ် တစ်ခုလုံးကို ဦးဆောင်နေသည့် နော်ဝေ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် အာကာသ သုတေသနဌာနမှ မန်နေဂျာ အန်အီရန်ကစ်တန်ဂျို့စ်က ပြောကြားသည်။

မြ၀တီ
သိပ္ပံပညာရှင်များသည် အနာဂတ်ကာလတွင် အင်္ဂါဂြိုဟ်နှင့် လကမ္ဘာပေါ်၌ ကောက်ပဲသီးနှံများ ထွန်ယက် စိုက်ပျိုးနိုင်ရေး အတွက် ရည်ရွယ်သည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အာကာသ အတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ပုဒ်တွင် နိုဝင်ဘာ ၂၂ ရက်က ရေးသား ဖော်ပြထားသည်။

 နော်ဝေ သိပ္ပံပညာရှင်များ ဦးဆောင်သည့် အဆိုပါ အစီအစဉ် အတွက် စီမံကိန်း ကာလကို ၁ဝ နှစ် သတ်မှတ်ထားပြီး စီမံကိန်း အရ ၁ဝ နှစ်ကြာပြီး နောက်တွင် နိုင်ငံတကာ အာကာသစခန်း (ISS) ၌ ခရမ်းချဉ်သီး၊ ဆလတ်ရွက်နှင့် ပဲပိစပ် ကဲ့သို့သော စားပင်များကို စိုက်ပျိုးသွားမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် ဥရောပသမဂ္ဂနှင့် ဥရောပ အာကာသ အေဂျင်စီ တို့က အတူတကွ ပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။

ဥရောပသမဂ္ဂနှင့် ဥရောပ အာကာသ အေဂျင်စီ အနေဖြင့် အာကာသ အတွင်း၌ အပင်များ မည်သို့ ရှင်သန် ကြီးထွားနိုင်သည် ဟူသော အချက်နှင့် အနာဂတ် ကာလတွင် ၎င်း အပင်များသည် လေထုနှင့် အာကာသ ခရီးသည်များ အတွက် စားနပ်ရိက္ခာကို မည်ကဲ့သို့ ထောက်ပံ့ ပေးနိုင်သည် ဟူသော အချက်များကိုပါ စူးစမ်း လေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။ မိမိတို့ အနေဖြင့် အာကာသ စခန်း၌ မည်သည့် အပင်ကို စိုက်ပျိုးရမည် ဆိုခြင်းနှင့် ပတ်သက်၍ ယခု အချိန်ထိ ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း၊ လက်ရှိတွင် ခရမ်းချဉ်သီး၊ ဆလတ်ရွက် သို့မဟုတ် ပဲပိစပ်များကို စိုက်ပျိုးရန် ဆွေးနွေး ထားကြကြောင်း၊ မိမိတို့ အတွက် အကြီးမားဆုံး ကြုံတွေ့ နေရသည့် စိန်ခေါ်မှု တစ်ခုမှာ စိုက်ပျိုးလိုက်သည့် အပင်များ အတွက် လိုအပ်သည့် အာဟာရနှင့် ရေပမာဏကို တိတိကျကျ စီမံ ခန့်ခွဲနိုင်ရန် ဖြစ်ကြောင်း အစီအစဉ် တစ်ခုလုံးကို ဦးဆောင်နေသည့် နော်ဝေ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် အာကာသ သုတေသနဌာနမှ မန်နေဂျာ အန်အီရန်ကစ်တန်ဂျို့စ်က ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment