Monday 24 November 2014

ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှု

Photo: ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှု
Monday, November 24, 2014

ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ပြင်းအား (၆.၈) မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ပြင်းအား (၆.၈) မဂ္ဂနီကျူ့ရှိတဲ့ ငလျင်တစ်ခု
ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စုအနီးမှာ နိုဝင်ဘာလ (၂၂) ရက်နေ့တုန်းက ဖြစ်ပွားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း (၃၉) ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
 
ငလျင်စင်တာနဲ့နီးတဲ့ ဟာကူဘာကျေးရွာမှာတော့ အိမ် (၇) လုံးပြိုကျခဲ့ပြီး လူပေါင်း (၂၀) ကျော် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ နာဂါနိုစီရင်စု စည်ပင်သာယာနယ်နိမိတ်အတွင်းက လူပေါင်း (၄၀၀) ကျော်ကိုလည်း သက်ဆိုင်ရာ နေရာပြောင်းရွှေ့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်ဗဟိုချက်ဟာ (၁၀) ကီလိုမီတာအနက်မှာဖြစ်ပြီး ဆူနာမီဖြစ်နိုင်တဲ့ အန္တရာယ်မရှိနိုင်ဘူးလို့ ဂျပန်မိုးလေ၀သဌာနအရာရှိတွေက သတင်းထုတ်ပြန်ထားပါတယ်။
 
ငလျင်နဲ့အတူ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လမ်းမကြီးတွေနဲ့ ရထားလမ်းတွေလည်း ပိတ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အရှေ့ဂျပန်ရထားလမ်း ကုမ္ပဏီဟာ ကျည်ဆန်ရထားပြေးဆွဲမှုတချို့ကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ငလျင်လှုပ်အပြီး မိနစ် (၉၀) အတွင်းမှာ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု (၂၁) ခုကို မှတ်တမ်းတင်နိုင်ခဲ့တာကြောင့် လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ငလျင်အသေးလှုပ်ခတ်မှုတွေ ပေါ်လာနိုင်တယ်လို့ ဂျပန်မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

MRTV-4
ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ပြင်းအား (၆.၈) မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ပြင်းအား (၆.၈) မဂ္ဂနီကျူ့ရှိတဲ့ ငလျင်တစ်ခု ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စုအနီးမှာ နိုဝင်ဘာလ (၂၂) ရက်နေ့တုန်းက ဖြစ်ပွားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း (၃၉) ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်စင်တာနဲ့နီးတဲ့ ဟာကူဘာကျေးရွာမှာတော့ အိမ် (၇) လုံးပြိုကျခဲ့ပြီး လူပေါင်း (၂၀) ကျော် ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။ နာဂါနိုစီရင်စု စည်ပင်သာယာနယ်နိမိတ်အတွင်းက လူပေါင်း (၄၀၀) ကျော် ကို လည်း သက်ဆိုင်ရာ နေရာပြောင်းရွှေ့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်ဗဟိုချက်ဟာ (၁၀) ကီလိုမီတာအနက်မှာဖြစ်ပြီး ဆူနာမီဖြစ်နိုင်တဲ့ အန္တရာယ်မရှိနိုင်ဘူးလို့ ဂျပန်မိုးလေ၀သဌာနအရာရှိတွေက သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်နဲ့အတူ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လမ်းမကြီးတွေနဲ့ ရထားလမ်းတွေလည်း ပိတ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အရှေ့ဂျပန်ရထားလမ်း ကုမ္ပဏီဟာ ကျည်ဆန်ရထားပြေးဆွဲမှုတချို့ကို ရပ်ဆိုင်း ထားတယ်လို့ သိရပါတယ်။ ငလျင်လှုပ်အပြီး မိနစ် (၉၀) အတွင်းမှာ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု (၂၁) ခုကို မှတ်တမ်းတင်နိုင်ခဲ့တာကြောင့် လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ငလျင်အသေးလှုပ်ခတ်မှုတွေ ပေါ်လာနိုင်တယ်လို့ ဂျပန်မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

MRTV-4

No comments:

Post a Comment