Monday 24 November 2014

အခြေခံဥပဒေကိစ္စ တပ်မတော်သား အမတ်များအား လွတ်လပ်စွာ ဆွေးနွေးခွင့် ပေးထားဟု ကာချုပ်ပြော

Photo: အခြေခံဥပဒေကိစ္စ တပ်မတော်သား အမတ်များအား လွတ်လပ်စွာ ဆွေးနွေးခွင့် ပေးထားဟု ကာချုပ်ပြော
Monday, November 24, 2014

အခြေခံဥပဒေပြင် ဆင်ရေးလွှတ်တော်တွင်း ဆွေးနွေးမှုတွင်ပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များအား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပေးထားကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၃ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)တို့ နေပြည်တော်တွင် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၂ရက်က ကာ ကွယ်ရေးဦးစီးချုပ် VOA မြန်မာ ပိုင်းအစီအစဉ်နှင့်တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်က ၅၉(စ) သည် လူပုဂ္ဂိုလ်ကို ရည်ရွယ်မှုမရှိ ဘဲ အမျိုးသားရေးကို ရည်ရွယ် ထားခြင်းဖြစ်၍ ရေရှည်ချိန်ဆရ မည်ဟု ပြောကြားခဲ့သည်။ ထို့အ တူ ၄၃၆ နှင့်ပတ်သက်၍ မေးမြန်း မှုအပေါ်ရှင်းလင်းဖြေကြားမှုမရှိ သော်လည်း ရှေ့လူကြီး ခေါင်း ဆောင်အသီသီးက တွက်ဆပြီးမှ ဆောင်ရွက်ထားခြင်းဖြစ်သည့်အ တွက် ဆက်လက်ထိန်းသိမ်းသည့် သဘောသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်အောင် မြင်မြင်ကျင်းပပြီးစီးရန် တပ်မ တော်အနေဖြင့် ဆန္ဒရှိကြောင်း လည်းပြောကြားခဲ့သည်ဟု တွေ့ ဆုံမှုတွင်ပါဝင်သူတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြန်လည်ပြောပြသည်။

ထို့အတူ တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်စေမည့်ကိစ္စများကို ပြုလုပ်မည် မဟုတ်ကြောင်းလည်း ပြောခဲ့သည်ဟုဆိုသည်။

 အချိန်မှန် ကျင်းပပေးပြီး တရားမျှတကာ လွတ်လပ်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေလိုကြောင်း ယခုလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် အမေ ရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း   ပြောကြားထားသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယင်းနှစ်၏ အောက် တိုဘာလအကုန် (သို့မဟုတ်)နိုဝင်ဘာလဆန်းတွင် ကျင်းပပေး သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြီးခဲ့သည့် လပိုင်းက ရန်ကုန်မြို့၌ ကျင်းပသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့်တွေ့ဆုံပွဲတွင်ပြောကြားထား သည်။

‘‘ညှိနှိုင်းရမယ့်ကိစ္စတွေစည်း စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြကိုင်ကြမယ်ဆိုရင် ကောင်း  တယ်လို့ကာချုပ်ကပြောတယ်’’ ဟု ဦးရဲမင်းဦးကဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်ထိပ်ပိုင်းအရာရှိများနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)တို့၏ ဒုတိယအကြိမ်တွေ့ဆုံမှုသည် လေးနာရီကျော် ကြာမြင့်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်၏ သတင်းအချက်အလက်များထုတ်ပြန်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ အပါအ၀င် တပ်မတော်၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် ကိုပါကြီး ကိစ္စများလည်းပါဝင်ခဲ့သည်။

7Day DAILY 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အခြေခံဥပဒေပြင် ဆင်ရေးလွှတ်တော်တွင်း ဆွေးနွေးမှုတွင်ပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ် များအား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပေးထားကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၃ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ(ယာယီ)တို့ နေပြည်တော်တွင် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၂ရက်က ကာ ကွယ်ရေးဦးစီးချုပ် VOA မြန်မာ ပိုင်းအစီအစဉ်နှင့်တွေ့ဆုံရာတွင် ကာကွယ်ရေး ဦးစီးချုပ်က ၅၉(စ) သည် လူပုဂ္ဂိုလ်ကို ရည်ရွယ်မှုမရှိ ဘဲ အမျိုးသားရေးကို ရည်ရွယ် ထားခြင်းဖြစ်၍ ရေရှည်ချိန်ဆရ မည်ဟု ပြောကြားခဲ့သည်။ ထို့အ တူ ၄၃၆ နှင့်ပတ်သက်၍ မေးမြန်း မှုအပေါ် ရှင်းလင်း ဖြေကြားမှုမရှိ သော်လည်း ရှေ့လူကြီး ခေါင်း ဆောင်အသီသီးက တွက်ဆပြီးမှ ဆောင်ရွက်ထားခြင်းဖြစ် သည့်အ တွက် ဆက်လက်ထိန်းသိမ်းသည့် သဘောသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်အောင် မြင်မြင်ကျင်းပပြီးစီးရန် တပ်မ တော်အနေဖြင့် ဆန္ဒရှိကြောင်း လည်းပြောကြားခဲ့သည်ဟု တွေ့ ဆုံမှုတွင်ပါဝင်သူတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြန်လည်ပြောပြသည်။

ထို့အတူ တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်စေမည့်ကိစ္စများကို ပြုလုပ်မည် မဟုတ်ကြောင်းလည်း ပြောခဲ့သည်ဟုဆိုသည်။

 အချိန်မှန် ကျင်းပပေးပြီး တရားမျှတကာ လွတ်လပ်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေလိုကြောင်း ယခုလ အတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် အမေ ရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း   ပြောကြား ထားသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယင်းနှစ်၏ အောက် တိုဘာလအကုန် (သို့မဟုတ်)နိုဝင်ဘာလဆန်း တွင် ကျင်းပပေး သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြီးခဲ့သည့် လပိုင်းက ရန်ကုန်မြို့၌ ကျင်းပသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့်တွေ့ဆုံပွဲတွင်ပြောကြားထား သည်။

‘‘ညှိနှိုင်းရမယ့်ကိစ္စတွေစည်း စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြကိုင်ကြမယ်ဆိုရင် ကောင်း  တယ်လို့ကာချုပ်ကပြောတယ်’’ ဟု ဦးရဲမင်းဦးကဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်ထိပ်ပိုင်းအရာရှိများနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)တို့၏ ဒုတိယအကြိမ်တွေ့ဆုံမှုသည် လေးနာရီကျော် ကြာမြင့်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်၏ သတင်းအချက်အလက်များထုတ်ပြန်ရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေး ကိစ္စရပ်များ အပါအ၀င် တပ်မတော်၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် ကိုပါကြီး ကိစ္စများလည်း ပါဝင်ခဲ့သည်။

7Day DAILY

No comments:

Post a Comment