Monday 24 November 2014

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများထိခိုက်မှုအတွက် ပထမဆုံး အကြိမ် အာမခံစနစ်ထားရှိနိုင်တော့မည်

ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားများ မတော် တဆထိ ခိုက်မှုအာမခံစနစ်ကို ထိုင်း ငွေဘတ် ၅ဝဝ(မြန်မာငွေကျပ် ၁၅ဝဝဝ) ဖြင့် အာမခံထားရှိနိုင်တော့ မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါအာမခံစနစ်သည် ထိုင်း နိုင်ငံရောက် မြန်မာလုပ်သားများအ တွက် ပထမဆုံးအကြိမ် ပြုလုပ်ပေး ခြင်းဖြစ်ကာ ထိုင်းကုမ္ပဏီ Pantakid 238 Co., Ltd နှင့်မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ကြီးကြပ် မှုဖြင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာလုပ်သားများ အတွက် လုပ်ဆောင်ပေးခြင်းဖြစ် သည်။

အဆိုပါအာမခံစနစ်ကို ပြည်ပ သို့မထွက်ခွာမီ ပြုလုပ်သွားနိုင်ကြောင်း နိုဝင်ဘာ ၂၃ရက်တွင် ပြုလုပ်သည့် ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ လုပ်ငန်းခွင် မတော်တဆထိခိုက်မှု အာမခံလုပ်ငန်း မိတ်ဆက်ပွဲ အခမ်း အနားတွင် အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆိုသည်။

''ဒီအစီအစဉ်ကထိုင်းကို သွား အလုပ်လုပ်မယ့် မြန်မာလုပ်သားတွေ အတွက် အထူးပင်ကောင်းမွန်လုံခြုံတဲ့ လုပ်ငန်းစဉ်ပါ။ ထိုင်းကိုသွားအလုပ် လုပ်မယ့် မြန်မာလုပ်သားက သြ့ နဲ့သွားရောက်လုပ်ကိုင်ရပါမယ်။ အာမခံပရီမီယံနဲ့ ဝန်ဆောင်ခက နှစ် နှစ်ကို ဘတ်၅ဝဝပါ။ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ လုပ်ငန်းခွင်ပြင်ပ မှာဖြစ်စေ သေဆုံးမှုဖြစ်ရင် အဲ့ဒီအာမခံငွေဘတ် တစ်သိန်းပြန်ရမှာပါ''ဟု ပြည်ထောင် စုဝန်ကြီးက ဆိုသည်။

ထိုင်းဘတ်ငွေ ၅ဝဝ (မြန်မာ ငွေကျပ် ၁၅ဝဝဝ) ပေးသွင်းရုံဖြင့် သေဆုံးမှု ဖြစ်ပါက မတော်တဆထိ ခိုက်မှုအတွက် အာမခံငွေဘတ်တစ် သိန်း (မြန်မာငွေကျပ်သိန်း၃ဝခန့်) ပြန်လည်ရရှိမည်ဖြစ်ပြီး ကိုယ်လက် အင်္ဂါဆုံးရှုံးမှု အတွက်ကိုလည်း သီးခြား အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကဆိုသည်။

ယင်းသို့ ပြုလုပ်ဆောင်ရွက် နိုင်ရန်အတွက်လည်း ၂ဝ၁၄ ခုနှစ် စက်တင်ဘာ၂၉ရက်တွင် သဘော တူညီမှုလက်မှတ် MoU ထိုးခဲ့ ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ Pantakid 238 Co., Ltd မှ ဒါရိုက်တာအဖွဲ့ဝင်တစ် ဦးက ''ကျွန်တော်တို့ရုံးတွေကို ရ နောင်း၊ မဲဆောက်၊ မဲဆိုင်တို့မှာ ရုံး ခန်းတွေဖွင့်ပြီး စတင်လည်ပတ်တော့ မှာပါ။ အာမခံထားခြင်းဖြင့် မြန်မာ အလုပ် သမားတွေကို ကာကွယ်ပေး မှာပါ''ဟု ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဥပဒေ အရ လူမှုဖူလုံရေးအာမခံစနစ်ကို ကျင့်သုံးလျက်ရှိပြီး တစ်လလျှင် အလုပ်သမားတစ်ဦးအတွက် အဆို ပါ အလုပ်သမား လစာ၏ ၁၂ ရာခိုင် နှုန်း ထည့်ဝင်ကြေးပေးသွင်းရန် ပြဋ္ဌာန်းထားသည်။

Yangon Media Group

No comments:

Post a Comment