Monday 24 November 2014

မြန်မာလူငယ်ငါးရာအား တရုတ်နိုင်ငံတွင် သက်မွေးလုပ်ငန်းခွင် သင်တန်းပေးလိုကြောင်း ကမ်းလှမ်း

မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်းများ ပူးပေါင်းပြီးအလုပ်အကိုင်မရှိသော မြန်မာ လူငယ်များအား တရုတ်နိုင်ငံတွင် အသက်မွေးမှုလုပ်ငန်းခွင်ပညာများ သင်ကြားပေးရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ လူငယ်ငါးရာ ခန့်အား အီလက်ထရွန်နစ်၊ ကွန် ပျူတာ၊ ဖိနပ်ချုပ်၊ ဒီဇိုင်းအစရှိ သည့် ပညာရပ်များကို ကာလတိုသင်ကြားပေးရန် တရုတ်နိုင်ငံ မြန်မာ−တရုတ်    ချစ်ကြည်ရေး အသင်းနှင့် အသက် မွေးဝမ်း ကြောင်းပညာသင်ကြားပေးရေး အဖွဲ့တို့ ပူးပေါင်းကမ်းလှမ်းထား ကြောင်း မြန်မာနိုင်ငံရှိ မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်း (မန္တ လေး) ဥက္ကဋ္ဌ  ဦးပိုမြင့်က ပြော သည်။

‘‘လောလောဆယ်တော့ ဆယ်တန်းအောင်အဆင့်တွေကို ခေါ်ဖို့စဉ်းစားထားကြတယ်။ တရုတ်ပြည်နယ် မြေအစုံက ကုမ္ပ ဏီ ၂၄ ခုက ကမ်းလှမ်းတာ။ ကုမ္ပဏီတစ်ခုကို သင်တန်းသား နှစ်ဆယ်စီလောက် ခေါ်သင်ပေး မယ်ပြောတယ်’’ဟု ဦးပိုမြင့်က ပြောသည်။

အဆိုပါသက်မွေးမှုပညာ ရပ်များကို  တရုတ်နိုင်ငံသို့ သွား ရောက်သင်ကြားနိုင်ရေး စိတ်ပါ ၀င်စားသူများ လျှောက်ထား နိုင်ရန် ယခုရက်သတ္တပတ်အတွင်း နိုင်ငံပိုင်အစိုးရသတင်းစာများမှ တစ်ဆင့် ကြေညာ သွားမည်ဖြစ် ပြီး  လျှောက်ထားသူများကို တရုတ်ဘာသာစကားနှင့် ယဉ် ကျေးမှုဓလေ့များအား ဦးဆုံးသင် ကြားပေးသွားမည်ဖြစ်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းမှ သတင်းရရှိသည်။

တရုတ်-မြန်မာချစ်ကြည် ရေးအသင်း၊ အသက်မွေးဝမ်း ကျောင်းပညာသင်ကြား ပေးရေး အဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင် များသည် ယခုလ ၂၂ ရက်က မန္တ လေးမြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိကာ မြန်မာ-တရုတ်ချစ် ကြည်ရေး အသင်းတာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment