Monday 24 November 2014

တပ်မတော်သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် နောက်ကြောင်းပြန်မလှည့် ၂ဝ၁၅တွင် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ ဥပဒေနှင့်အညီ ပူးပေါင်းလက်တွဲသွားမည်ဟု ကာချုပ်ပြောကြား

Photo: တပ်မတော်သည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် နောက်ကြောင်းပြန်မလှည့်
၂ဝ၁၅တွင် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ ဥပဒေနှင့်အညီ ပူးပေါင်းလက်တွဲသွားမည်ဟု ကာချုပ်ပြောကြား
Monday, November 24, 2014

မြန်မာ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အ နေဖြင့် နောက်ပြန်လှည့်မည်မဟုတ် သကဲ့သို့ ၂ဝ၁၅ရွေးကောက်ပွဲတွင် အနိုင်ရသည့်အစိုးရနှင့် ဥပဒေနှင့် အညီ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၃ရက်က ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ နေ ပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဒုတိယအကြိမ် တွေ့ဆုံစဉ် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ဝင်များအား တရားဝင်အသိပေး ပြောကြားလိုက် ခြင်းဖြစ် ကြောင်း ယင်းတွေ့ဆုံပွဲသို့ လိုက်ပါတွေ့ဆုံခဲ့သည့် စာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ ဝင်တစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်ကျော်က ''၂ဝ၁၅မှာ ဘယ်သူတက်လာမယ်ဆို တာ အခုချိန်မှာဘယ် သူမှမပြောနိုင် သေးဘူး။ တက်လာတဲ့ အစိုးရနဲ့လက် တွဲပြီးလုပ်ပါ့မယ်ဆိုတာ စစ်သားပါး စပ်က ထွက်လာတဲ့ နိုင်ငံရေးစကား ဖြစ်တဲ့အတွက် နိုင်ငံရေးသမားတစ် ယောက်အနေနဲ့ ကြိုဆိုရမှာပဲ။ လက် ရှိတိုင်းပြည်အခြေအနေအရ ငြိမ်း ချမ်းရေးရဖို့က ပိုအရေးကြီးတယ်''ဟု သုံးသပ်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ''ဘယ်အစိုးရတက်လာတက်လာ တိုင်းပြည်အတွက် လုပ်ဆောင်ရမယ် ဆိုတာက Principle ပဲ။ နောက် ကြောင်း ပြန်မလှည့်ဘူးဆိုတဲ့အပေါ် မှာတော့ ကြိုဆိုရမှာပဲ''ဟု မှတ်ချက် ပေးသည်။

နိုင်ငံရေးလေ့လာသူ ဦးကျော် လင်းဦးက ''ဒါဟာ ကာကွယ်ရေးဦး စီးချုပ်တစ်ယောက်အနေနဲ့ တပ်မ တော်ရဲ့ ကိုယ်စားပြောတာဖြစ်တဲ့အ တွက် ဝမ်းသာစရာကောင်းပါတယ်။ ၂ဝ၁၅မှာ ကာကွယ်ရေးဦးစီးချုပ်က လက်ရှိကာချုပ်အသက် ၆ဝပြည့်လို့ အပြောင်းအလဲရှိရင် နောင်တက်လာ မယ့်ကာချုပ်က သူ့သဘောအတိုင်း ပဲဆိုရင် ကျေးဇူးတင်ဖို့ကောင်းပါ တယ်။ လက်ရှိပြုပြင်ပြောင်းလဲရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ် အခန်းကဏ္ဍတွေမှာ တပ်မတော်က အရေးကြီးပါတယ်'' ဟု သုံးသပ်ပြောသည်။

ယင်းနောက် တပ်မတော်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့ တွေ့ဆုံဆွေးနွေးမှုအရ မီဒီယာများအနေဖြင့် သတင်းရယူရာ နှင့် ပတ်သက်ပြီး တပ်မတော်က ထုတ် ပြန်ပေးနိုင်သည့် သတင်းအချက် အလက်များကို မြဝတီဝက်ဘ်ပေါ် တယ်တွင် အချိန်နှင့်တပြေးညီ ဖော် ပြသွားမည်ဖြစ်ကြောင်း၊ တပ်မတော် နှင့် မီဒီယာအကြား ချောမွေ့ကောင်း မွန်သည့်ဆက်ဆံရေး ယန္တယားတစ် ရပ်ထူထောင်နိုင်ရန် နှစ်ဘက်ကိုယ် စားလှယ်များပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကိုစောလျင်စွာ ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနတစ်ခု၏ သတင်းထောက် တစ်ဦးက ''တပ်မတော်ရဲ့မီဒီယာအ ပေါ် ကြိုဆိုတာကို ပထမဆုံးကြားရ တဲ့အတွက် ကြိုဆိုရမှာပေါ့။ နောက်ပြီး တပ်မတော်က အခုလို မီဒီယာနဲ့ပူး ပေါင်းပါဝင်ပြီး လုပ်ဖို့ဆိုတာ ဒီမိုက ရေစီစံနှုန်းတွေကိုလိုက်နာပြီး လုပ် ဆောင်လာတယ်ဆိုတာ တွေ့ရတယ်။ ဌာနဆိုင်ရာတစ်ခုဖြစ်ဖြစ်၊ ဘာဖြစ် ဖြစ်သတင်းရယူတဲ့အခါမှာ နှစ်ဖက် အသံကို လက်ခံရယူမှာမို့လို့ အထူး သဖြင့် ပြည်ထဲရေးတို့၊ တပ်မတော် တို့က အခုလို မီဒီယာအပေါ်မှာကြို ဆိုတဲ့အတွက် ပိုမိုထိရောက်တဲ့ သတင်းရယူမှုတွေ ဖြစ်လာနိုင်လို့ အ ရင်ထက်ပိုကောင်း တဲ့လက္ခဏာတစ် ခုပါပဲ''ဟု မှတ်ချက်ပြုသည်။

ယနေ့တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့်အတူ ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ် မတော်အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)မှ ဒုတိယဥက္ကဋ္ဌဦးခင်မောင် လေးနှင့်အတူ အတွင်းရေးမှူးဦးကျော် မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူးဒေါ် နန်းကလျာဝင်း၊ အဖွဲ့ဝင်များဖြစ်ကြ သော ဦးကိုကို၊ ဦးဖေမြင့်၊ ဦးခင်မောင် ဌေး၊ ဦးသီဟစော၊ ဦးမြင့်ကျော်၊ ဦးရဲ မင်းဦးတို့ တက်ရောက်ခဲ့ကြသည်။

စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်ကာကွယ်ရေးဦးစီးချုပ်တို့သည် အောက်တိုဘာ ၁၄ရက်က နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ပထမ အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြ သိရသည်။

Demcoracytoday
Yangon Media Group
မြန်မာ့နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် နောက်ပြန် လှည့်မည်မဟုတ် သကဲ့သို့ ၂ဝ၁၅ရွေးကောက်ပွဲတွင် အနိုင်ရသည့်အစိုးရနှင့် ဥပဒေနှင့်အညီ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၃ရက်က ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ နေ ပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဒုတိယအကြိမ် တွေ့ဆုံစဉ် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ဝင်များအား တရားဝင်အသိပေး ပြောကြားလိုက် ခြင်းဖြစ် ကြောင်း ယင်းတွေ့ဆုံ ပွဲသို့ လိုက်ပါတွေ့ဆုံခဲ့သည့် စာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ ဝင်တစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရန်ကျော်က ''၂ဝ၁၅မှာ ဘယ်သူတက်လာမယ်ဆို တာ အခုချိန်မှာဘယ် သူမှမပြောနိုင် သေးဘူး။ တက်လာတဲ့ အစိုးရနဲ့လက် တွဲပြီးလုပ်ပါ့မယ်ဆိုတာ စစ်သားပါးစပ်ကထွက်လာတဲ့ နိုင်ငံရေးစကား ဖြစ်တဲ့အတွက် နိုင်ငံရေးသမားတစ် ယောက်အနေနဲ့ ကြိုဆို ရမှာပဲ။ လက်ရှိတိုင်းပြည်အခြေအနေအရ ငြိမ်း ချမ်းရေးရဖို့က ပိုအရေးကြီးတယ်''ဟု သုံးသပ်ပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ''ဘယ်အစိုးရတက်လာတက်လာ တိုင်းပြည်အတွက် လုပ်ဆောင်ရမယ် ဆိုတာက Principle ပဲ။ နောက် ကြောင်း ပြန်မလှည့်ဘူးဆိုတဲ့အပေါ် မှာတော့ ကြိုဆိုရမှာပဲ''ဟု မှတ်ချက် ပေးသည်။

နိုင်ငံရေးလေ့လာသူ ဦးကျော် လင်းဦးက ''ဒါဟာကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ တပ်မတော်ရဲ့ ကိုယ်စားပြောတာဖြစ်တဲ့အတွက် ဝမ်းသာစရာကောင်းပါတယ်။ ၂ဝ၁၅မှာ ကာကွယ်ရေး ဦးစီးချုပ်က လက်ရှိကာချုပ်အသက် ၆ဝပြည့်လို့ အပြောင်းအလဲရှိရင် နောင်တက်လာ မယ့်ကာချုပ်က သူ့သဘောအတိုင်း ပဲဆိုရင် ကျေးဇူးတင်ဖို့ကောင်းပါ တယ်။ လက်ရှိပြုပြင်ပြောင်းလဲရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ် အခန်းကဏ္ဍတွေမှာ တပ်မတော်က အရေးကြီးပါတယ်'' ဟု သုံးသပ်ပြောသည်။

ယင်းနောက် တပ်မတော်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့ တွေ့ဆုံဆွေးနွေးမှုအရ မီဒီယာ များ အနေဖြင့် သတင်းရယူရာ နှင့် ပတ်သက်ပြီး တပ်မတော်က ထုတ် ပြန်ပေးနိုင်သည့် သတင်းအချက် အလက်များကို မြဝတီဝက်ဘ်ပေါ် တယ်တွင် အချိန်နှင့်တပြေးညီ ဖော် ပြသွားမည်ဖြစ်ကြောင်း၊ တပ်မတော် နှင့် မီဒီယာအကြား ချောမွေ့ကောင်း မွန်သည့်ဆက်ဆံရေး ယန္တယားတစ် ရပ်ထူထောင်နိုင်ရန် နှစ်ဘက် ကိုယ် စားလှယ်များပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကိုစောလျင်စွာ ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနတစ်ခု၏ သတင်းထောက် တစ်ဦးက ''တပ်မတော်ရဲ့မီဒီယာအ ပေါ် ကြိုဆိုတာကို ပထမဆုံးကြားရ တဲ့အတွက် ကြိုဆိုရမှာပေါ့။ နောက်ပြီး တပ်မတော်က အခုလို မီဒီယာနဲ့ပူး ပေါင်းပါဝင်ပြီး လုပ်ဖို့ဆိုတာ ဒီမိုက ရေစီစံနှုန်းတွေကိုလိုက်နာပြီး လုပ် ဆောင်လာတယ်ဆိုတာ တွေ့ရတယ်။ ဌာနဆိုင်ရာတစ်ခုဖြစ်ဖြစ်၊ ဘာဖြစ် ဖြစ်သတင်းရယူတဲ့အခါမှာ နှစ်ဖက် အသံကို လက်ခံရယူမှာမို့လို့ အထူး သဖြင့် ပြည်ထဲရေးတို့၊ တပ်မတော် တို့က အခုလို မီဒီယာအပေါ်မှာကြို ဆိုတဲ့အတွက် ပိုမိုထိရောက်တဲ့ သတင်းရယူမှုတွေ ဖြစ်လာနိုင်လို့ အ ရင်ထက်ပိုကောင်း တဲ့လက္ခဏာတစ် ခုပါပဲ''ဟု မှတ်ချက်ပြုသည်။

ယနေ့တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့်အတူ ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာနယ်ဇင်း ကောင် စီ(ယာယီ)မှ ဒုတိယဥက္ကဋ္ဌဦးခင်မောင် လေးနှင့်အတူ အတွင်းရေးမှူးဦးကျော် မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူးဒေါ် နန်းကလျာဝင်း၊ အဖွဲ့ဝင်များဖြစ်ကြ သော ဦးကိုကို၊ ဦးဖေမြင့်၊ ဦးခင်မောင် ဌေး၊ ဦးသီဟစော၊ ဦးမြင့်ကျော်၊ ဦးရဲ မင်းဦးတို့ တက်ရောက်ခဲ့ကြသည်။

စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်ကာကွယ်ရေးဦးစီးချုပ်တို့သည် အောက်တိုဘာ ၁၄ရက်က နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ပထမ အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြ သိရသည်။

Demcoracytoday
Yangon Media Group

No comments:

Post a Comment