Monday 24 November 2014

အမေရိကန်တွင် အထောက် အထားမရှိ နေထိုင်သူ ကိုရီယား နိုင်ငံသား ၁၈၀,၀၀၀ ခန့်ရှိ

နယူးယောက်ခ်၊ နိုဝင်ဘာ၂၃။ အမေရိကန် ပြည်ထောင်စုတွင် ခန့်မှန်းခြေ အားဖြင့် အထောက် အထားမဲ့ ပြောင်းရွှေ့ နေထိုင်သူ ကိုရီးယား လူမျိုး ၁၈၀၀၀၀ ခန့် ရှိကြောင်း နှင့်ယင်း ပမာဏသည် နိုင်ငံအတွင်း တရားမ၀င် နေထိုင်သူ ၁၁ဒမသ ၃သန်းအနက် ရှစ်ပုံတစ် ပုံရှိသည့် အကြီးဆုံးမျိုးနွယ်စု တစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ သုတေသန အဖွဲ့ကပြော ကြားသည်။

အရည်ချင်း ပြည့်မှီမှု အပေါ်မူ တည်၍ တရားမ၀င် ပြောင်းရွှေ့နေ ထိုင်သူ ကိုရီးယား လူများ အချို့သည်  နိုဝင်ဘာ၂၀ရက်က ထုတ်ပြန် ကြေညာသော အထောက် ထားမဲ့ တရားမ၀င် နေထိုင်သူ ၅ သန်းကို ပြည်နှင် ဒဏ်ပေးခြင်း မှကာကွယ် ပေးမည့် သမ္မတ အိုဘားမား အစိုးရ၏ ထုတ်ပြန် ချက်ကို ခံစားရ မည်ဖြစ်သည်။

အိုဘားမား ၏အစီ စဉ်အရ တရားမ၀င် နေထိုင်သူ များသည် အမေရိကန် နိုင်ငံတွင် ငါးနှစ်ကျော် ကြာနေထိုင် သူများဖြစ် ရမည်ဖြစ် သည့်အပြင် ၎င်းတို့တွင် အမေရိကန် နိုင်ငံသား ခံယူထားသူ သို့မဟုတ် တရားဝင် အမြဲတမ်း နေထိုင်ခွင့် ရရှိထား သူကလေး တစ်ယေက် ရှိပါက သုံးနှစ်သက် တမ်းအလုပ်သမား ပါမစ် ကို လျှောက်ထး နိုင်မည် ဖြစ်သည်။

၎င်းတို့တွင် ရာဇ၀တ်မှု ကျူးလွန်မှု မှတ်တမ်းများ မရှိပါက အရည်ချင်း ပြည့်မှီရန် အခွန်ပေး ဆောင်ရမည် ဖြစ်ပြီး နောက်ကြောင်း ရာဇ၀င်များ ကိုစစ်ဆေး မှုများကို လုပ်ဆောင်ရ မည်ဖြစ်သည်။ပြည်သူ ၄ ဒသမ ၁သန်းခန်သည် လျှောက်ထားရန် အရည်ချင်း ပြည့်မှီသူ များဖြစ် မည်ဟု အမေရိကန် အစိုးရအ ဖွဲ့မျှော် မှန်း ထားသည်။

အိုဘားမားသည် အသက် ငယ်ရွယ်သူ အထောက် အထားမဲ့ ရွှေ့ပြောင်းနေ ထိုင်သူများကို နေထိုင်ခွင့် ကဒ်များကို ချပေးသွား မည်ဖြစ်ပြီး ၎င်းတို့သည် ၂၀၁၀ ခုနှစ် ဇန်န၀ါရီ ၁ ရက်မတိုင်မီ အသက် ၁၆ နှစ်မပြည့်ခင် အမေရိကန် နိုင်ငံအတွင်း သို့ဝင်ရောက် လာပြီး နိုင်ငံအတွင်း ငါးနှစ်ထက် မနည်းနေ ထိုင်သူများဖြစ် ရ မည်ဖြစ်သည်။ အသက်ငယ် ရွယ်သူ တရားမ၀င် ပြောင်းရွှေ့ နေထိုင်သူ ၃၀၀၀၀၀ ခန့်သည် ယာယီနေထိုင် ခွင့်အထောက် ထားစာရွက် စာတမ်းများ ကိုရရှိ မည်ဟု မျှော်မှန်း ထားသည်။

တရားမ၀င် ပြောင်းရွှေ့ နေထို်င် သူများသည် အမေရိကန် လူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၂ ခုနှစ်လူဦးရေ၏ ၅ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်မက်ဆီ ကို နိုင်ငံသား များသည် ၂၀၁၂ ခုနှစ်က အမေရိကန် နိုင်ငံတွင် တရားမ၀င် ပြောင်းရွှေ့ နေထိုင်သူ အားလုံး၏ ထက်ဝက်ခန့် ရှိခဲ့ကြောင်းနှင့် နိုင်ငံ အတွင်းမက် ဆီ ကိုနိုင်ငံမှ တရားမ ၀င်ပြောင်းရွှေ့ နေထိုင်သူ ၅ ဒသမ ၉ သန်းရှိပြီး ယင်းအရေ အတွက်သည် အဲလ်ဆာလ်ဗာဒို နှင့်ကွာတီမာလာ နိုင်ငံတို့ မှတရားမ၀င်   ပြောင်းရွှေ့နေထိုင်သူဦးရေ၏ နောက်တွင် ရှိနေသည်။

Mizzima - News in Burmese

No comments:

Post a Comment