Monday 24 November 2014

၂၀၁၅ တွင် NLD အနိုင်ရရှိပါကလည်း လက်တွဲသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား

Photo: ၂၀၁၅ တွင် NLD အနိုင်ရရှိပါကလည်း လက်တွဲသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား
Monday, November 24, 2014 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါကလည်း တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လက်တွဲသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဒုတိယအကြိမ်မြောက် တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“၂၀၁၅ မှာ NLD ဘက်က အများစု အနိုင်ရရှိသွာလို့ NLD က အစိုးရ ဖွဲ့နိုင်ခဲ့ရင် တပ်မတော်အနေနဲ့ NLD နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မလားလို့ မေးတဲ့အခါ သူတို့အနေနဲ့ ဥပဒေအရပဲ သွားမယ်။ ဖြစ်အောင်လက်တွဲပြီး လုပ်ရမှာပဲပေါ့နော်။ ဥပဒေနဲ့အညီ ဖြစ်လို့ရှိရင် ရလဒ်ကိုလည်း လက်ခံရမှာပဲ။ ကျီးရိုသေ၊ ဘုတ်ရိုသေ ဖြစ်ဖို့လိုတယ်။ အခြေအနေဆိုး ဖြစ်သွားတာကိုလည်း အဖြစ်မခံဘူး၊ အဲဒီလိုပြောတယ်” ဟု ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ရှင်းလင်းပြောဆိုသည်။

ယင်းအပြင် တပ်မတော်အနေနှင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် လမ်းကြောင်းမှ နောက်ပြန်လှည့်မည် မဟုတ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအတိုင်း ဆက်လက်တည်ရှိနေလိုသော ဆန္ဒရှိသော်လည်း လူထု ဆန္ဒသဘောထားအရ ပြင်ဆင်မည် ဆိုပါက ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်မည်ကို လက်ခံမည်ဟု ပြောဆိုကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။

ယင်းအပြင် တပ်မတော်အနေနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်စေရန် ဆန္ဒရှိသဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အားလုံးကို သတိဖြင့် စောင့်ကြည့်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်က အဆိုပါ တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင် ဆွေးနွေးရေးမှာ ကျဉ်းမြောင်းနေပြီး တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ပါဝင်မှသာ ပိုမိုအကျိုးရှိမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က VOA အသံလွှင့်ဌာနနှင့် သီးသန့်တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သေးသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး တပ်မတော်နှင့် သတင်းမီဒီယာများအတွက် ကောင်းမွန်သည့် ဆက်ဆံရေးလမ်းကြောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လိုသည့် အချက်များနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားသည်။

The Voice Weekly
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါကလည်း တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လက်တွဲသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဒုတိယ အကြိမ်မြောက် တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“၂၀၁၅ မှာ NLD ဘက်က အများစု အနိုင်ရရှိသွာလို့ NLD က အစိုးရ ဖွဲ့နိုင်ခဲ့ရင် တပ်မတော်အနေနဲ့ NLD နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မလားလို့ မေးတဲ့အခါ သူတို့အနေနဲ့ ဥပဒေအရပဲ သွားမယ်။ ဖြစ်အောင် လက်တွဲပြီး လုပ်ရမှာပဲပေါ့နော်။ ဥပဒေနဲ့အညီ ဖြစ်လို့ရှိရင် ရလဒ်ကိုလည်း လက်ခံရမှာပဲ။ ကျီးရိုသေ၊ ဘုတ်ရိုသေ ဖြစ်ဖို့လိုတယ်။ အခြေအနေဆိုး ဖြစ်သွားတာကိုလည်း အဖြစ်မခံဘူး၊ အဲဒီလိုပြောတယ်” ဟု ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ရှင်းလင်းပြောဆိုသည်။

ယင်းအပြင် တပ်မတော်အနေနှင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် လမ်းကြောင်းမှ နောက် ပြန်လှည့်မည်မဟုတ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအတိုင်း ဆက်လက်တည်ရှိ နေလိုသော ဆန္ဒရှိသော်လည်း လူထု ဆန္ဒသဘောထားအရ ပြင်ဆင်မည် ဆိုပါက ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်မည်ကို လက်ခံမည်ဟု ပြောဆိုကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။

ယင်းအပြင် တပ်မတော်အနေနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်စေ ရန် ဆန္ဒရှိသဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အားလုံးကို သတိဖြင့် စောင့်ကြည့်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်က အဆိုပါ တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေး ပွင့်ဆိုင် ဆွေးနွေးရေးမှာ ကျဉ်းမြောင်းနေပြီး တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ပါဝင်မှသာ ပိုမိုအကျိုးရှိမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က VOA အသံလွှင့်ဌာနနှင့် သီးသန့် တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သေးသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး တပ်မတော်နှင့် သတင်းမီဒီယာများအတွက် ကောင်းမွန်သည့် ဆက်ဆံရေးလမ်းကြောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လိုသည့် အချက်များနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment