Monday 24 November 2014

ဖိလစ်ပိုင် ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ငါးနှစ် ကြာသော်လည်း တရားခံ များကို စီရင်ချက် မချနိုင်သေး

Photo: ဖိလစ်ပိုင် ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ငါးနှစ် ကြာသော်လည်း တရားခံ များကို စီရင်ချက် မချနိုင်သေး
Monday, November 24, 2014

ဂျာနယ်လစ် ၃၂ဦးအပါအ၀င် လူ၅၈ဦးသည် ၂၀၀၉ခုနှစ် နိုဝင်ဘာ၂၃ရက်နေ့က ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအို ကျွန်းတွင် သတ်ဖြတ် ခံ ခဲ့ရသည်။ အဆိုပါ သတ်ဖြတ် မှုသည့် ဖိလစ်ပိုင် သမိုင်းတွင် ရွေးကောက် ပွဲနှင့် ဆက်နွှယ် အကြမ်းဖက် တိုက်ခိုက် တစ်ခုဖြစ် ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင်  ငါးနှစ်ပြည့် မြောက် ခဲ့သော်လည်း သေဆုံး မှုများနှင့် ပတ်သက်၍ တရားစီရင် နိုင်ခြင်းမရှိ သေးကြောင်း သိရသည်။

မန်ဂူဒါဒါတူ မိသားစု ၀င်များကို တင်ဆောင် လာသည့် ယာဉ်တန်းသည် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရေး အတွက် မှတ်ပုံတင် ရန်အသွား ဂျာနယ်လစ် များလည်းလိုက်ပါလာခဲ့သည်။ စစ်ဆေးရေးဂိတ် တစ်ခု အရောက်တွင် ၎င်းတို့ အားလုံး ကားပေါ်မှ ဆွဲချခံရကာ တစ်ယောက် ချင်းဆီ ကိုအမ် ၁၆၊ အမ် ၁၄ ချေ မှုန်းရေး ရိုင်ဖယ်များဖြင့် အနီးကပ် ပစ်သတ် ခံခဲ့ရသည်။

ထို့နောက် ကြိုတင်တူး ထားသည့် မြေကြီးကျင်းများတွင်  နေ့ခင်းဘက် မြုပ်ခဲ့သည်။ ကျူးလွန်သူများ အဖြစ် အဓိက သံသယ ရှိသူများမှာ မာဂွင်ဒါနာ အိုမြို့ အား ကာလရှည် အုပ်စိုး နေသည့် သြဇာကြီးသည့် အမ်ပါ တူအမ် မိသားစုဝင်များ ဖြစ်ပြီး တရားခွင် စစ်ဆေး မှုမှာ စိန်ခေါ်မှု အမျိုးမျိုး၊ကြန့်ကြာမှုအမျိုးမျိုးနှင့် ရင်ဆိုင် နေရသည်။

“လူတွေ အများကြီးကို စွဲချက်တင် ထားပါတယ်။ အစုလိုက် အပြုံလိုက် ကြံစည် သတ်ဖြတ် မှုမှာ အစွပ်စွဲခံ ထားရ တဲ့သူ ၁၉၇ ဦးရှိ ပါတယ်။မျက်မြင် သက်သေ ကလည်း ၁၅၀ ကျော် ရှိပါတယ်။ ဒါ့ကြောင့် လူတွေ အများကြီး ပါဝင်ပတ် သက်နေ တယ်ဆိုတဲ့ အချက်က အဓိက အတားအဆီး ကြီးတစ်ခု ဖြစ်နေ ပါတယ်" ဟု မီဒီယာ လွတ်လပ်ခွင့်နှင့် တာဝန်ယူ မှုစင်တာမှ ဒုတိယညွှန် ကြားရေးမှူး လူးဝစ်တီ ယိုဒိုရိုက ပြောကြား ခဲ့သည်။

“ဖိလစ်ပိုင် တရားရုံး စည်းမျဉ်းတွေ ကလည်း သိပ်ကိုရှေး ကျလွန်းနေပြီး မဆုံးနိုင်တဲ့ အဆိုပြု ချက်တွေ ၊ အသနားခံစာ တွေကိုခွင့် ပြုပါတယ်"၎င်းက ပြောကြား ခဲ့သည်။ တရားစွဲ ဆိုမှု ဘက်မှ ဖြစ်နိုင်ဖွယ်ရှိ မျက်မြင် သက်သေ အနည်းဆုံး ၃၀ မှာ သက်သေခံ ထွက်ဆိုခွင့် ပိတ်ပင်ခံ ထားရသည်။  လေးဦးမှာ သတ်ဖြတ် ခံ ရပြီး တစ်ဦးမှာ နိုဝင်ဘာ၂၃ ရက် မတိုင်မီ တစ်ရက် အလိုတွင် သတ်ဖြတ် ခံရသည်။ အမှုနှင့် ပတ်သက်၍ တရားခံ ဘက်မှရှေ့ နေဟောင်း၊မျက်မြင် သက်သေ များ၊ ရှေ့နေများ လာဘ်ယူ သည်ဆိုသည့် စွပ်စွဲချက် များစွာလည်း ထွက်ပေါ်နေသည်။

သြဂုတ်လမှစ၍ စစ်ဆေးဆဲ တရားခွင်နှင့် ပတ်သက်၍ မီဒီယာများ အားသတင်း ဖော်ပြခွင့် ပိတ်ပင်ခဲ့သည်။ သံသယ ဖြစ်ဖွယ် ဆွေမျိုးစု ခေါင်းဆောင်များ ကို ဖမ်းဆီး ထိန်းသိမ်းထား သော်လည်း ၎င်းတို့၏ ဆွေမျိုး များမှာ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲ များတွင် မာဂွင်ဒါနာ အိုတစ်ဝိုက် အဓိက ကျသောရာထူး နေရာများ အတွက် ရွေးကောက် ခံနေရ ဆဲဖြစ်ရာ ၎င်းတို့၏ သြဇာရှိနေ ဆဲဖြစ်ကြောင်း ပြသလျက် ရှိသည်။

Ref: CNA
Mizzima - News in Burmese

No comments:

Post a Comment