Wednesday 17 September 2014

ရန်ကုန်ရှိ ဆေးရုံခုနစ်ရုံတွင် မူးယစ်ဆေးစွဲနေသူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစတင်မည်

Photo: ရန်ကုန်ရှိ ဆေးရုံခုနစ်ရုံတွင် မူးယစ်ဆေးစွဲနေသူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစတင်မည်
Wednesday, September 17, 2014

မူးယစ်ဆေး စွဲသူများအ တွက် နေရာတစ်ခုတည်း၌ အလုံးစုံအခမဲ့ ကျန်းမာရေးစောင့်ရှောက် မှု ရရှိစေရေး (One Stop Shop) စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရှိ ဆေးရုံခုနစ်ရုံတွင် ပထမဆုံးအကြိမ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဒီနှစ်အတွင်းမှာ လုပ်နေပါ ပြီ။ ဆေးစွဲလူနာတွေ ဆေးကုသ ရေးဌာနကို လာတဲ့အခါမှာ အ ဆင်ပြေစေဖို့၊ လိုအပ်တဲ့ ၀န် ဆောင်မှုတွေကို ပြည့်ပြည့်၀၀ ရရှိစေဖို့အတွက် ရည်ရွယ်ပြီး တော့ ဒီစီမံချက်ကို လုပ်ရခြင်းဖြစ် ပါတယ်’’ဟု ရန်ကုန်တိုင်းကျန်းမာ ရေးဦးစီးမှူး ဒေါက်တာအေးကိုကို က ပြောသည်။

ရှေ့ပြေးစီမံကိန်းအနေဖြင့် မက်သာဒုန်းဆေးရည် တိုက် ကျွေးရေးဌာန ခုနစ်ခု၌ ဆောင် ရွက်မည်ဖြစ်သည်။ မူးယစ်ဆေး ၀ါးသွေးကြောတွင် ထိုးသွင်းသူ များအနေဖြင့် မက်သာဒုန်းဆေး ရည်သောက်သုံးရေးတစ်ခုတည်း သာ မက မိမိဆန္ဒအလျောက် သွေး စစ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာ ပေးခြင်း၊ စိတ်လူမှုဆိုင်ရာ ပံ့ပိုးမှု များ၊ အေအာတီနှင့် တီဘီရောဂါ ဆေးများ ရရှိခြင်း၊ အိပ်ချိအိုင်ဗီ ပိုးနှင့် အသည်းရောင် အသားဝါ ပိုးများ ကာကွယ်ကုသရေး စသော ၀န်ဆောင်မှုများကို ခံစား ရမည် ဖြစ်သည်။

ယခုစီမံကိန်းကို ကျန်းမာ ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Burnet Institute တို့ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်သည်။ ယင်းဝန်ဆောင် မှုလုပ်ငန်းများ စတင်မည့်နေရာ ခုနစ်ခုမှာ မင်္ဂလာဒုံဆေးရုံ၊ အနောက်တိုင်းဆေးရုံ၊ သန်လျင် ဆေးရုံ၊ အရှေ့ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ ဝေဘာဂီဆေးရုံနှင့် သင်္ဃန်းကျွန်းဆေး ရုံတို့ ဖြစ်သည်။

ယခုကဲ့သို့ တစ်နေရာတည်း၌ ကျန်းမာရေးစောင့်ရှောက်မှု ပေး နိုင်ရေးစနစ် (One Stop Shop) ကို ကျင့်သုံးမည်ဆိုခြင်းသည် မူးယစ်ဆေးစွဲဝေဒနာရှင်များအ တွက် ပိုမိုကောင်းမွန်သော်လည်း ဆေးရုံ၏လုံခြုံရေးအခြေအနေ ပိုင်း၌မူ အခက်အခဲများကြုံတွေ့ နိုင်ခြင်းကြောင့် အဆိုပါ အချက် ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း သင်္ဃန်းကျွန်းဆေးရုံအုပ်ကြီး ဒေါက်တာခင်ဖြူဝင်းက ဆိုသည်။

‘‘ဆေးလာသောက်တဲ့သူ တွေက လူနာဆောင်ထဲဝင်ပြီး ဆေးဝင်ထိုးတယ်။ လူနာတွေနဲ့ ၀န်ထမ်းအင်အားမမျှဘူး ဖြစ်နေ တယ်။ ဒီစနစ်လုပ်ရင် အင်မတန် ကောင်းတယ်။ ဒါပေမဲ့ လုံခြုံရေး ကို သေချာလုပ်ပေးနိုင်မှသာ ဆေးရုံက အခက်အခဲမရှိ ၀န်ဆောင် နိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲရောဂါကုဌာနပေါင်း ၇၃ ခုရှိပြီး မက်သာဒုန်း အစားထိုးဆေးရည် တိုက်ကျွေးရေးဌာနပေါင်း ၃၅ ခုရှိကာ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ မူးယစ် ဆေး အကြောတွင်းထိုးသွင်းသူ ပေါင်း ၆၈၆၃ ဦးအား မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

7Day DAILY

ဝေဘာဂီဆေးရုံ(ဓာတ်ပုံ − ကျော်ဇင်သန်း)
ဝေဘာဂီဆေးရုံ(ဓာတ်ပုံ − ကျော်ဇင်သန်း)
မူးယစ်ဆေး စွဲသူများအ တွက် နေရာတစ်ခုတည်း၌ အလုံးစုံအခမဲ့ ကျန်းမာရေးစောင့်ရှောက် မှု ရရှိစေရေး (One Stop Shop) စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရှိ ဆေးရုံခုနစ်ရုံတွင် ပထမဆုံးအကြိမ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဒီနှစ်အတွင်းမှာ လုပ်နေပါ ပြီ။ ဆေးစွဲလူနာတွေ ဆေးကုသ ရေးဌာနကို လာတဲ့အခါမှာ အ ဆင်ပြေစေဖို့၊ လိုအပ်တဲ့ ၀န် ဆောင်မှုတွေကို ပြည့်ပြည့်၀၀ ရရှိစေဖို့အတွက် ရည်ရွယ်ပြီး တော့ ဒီစီမံချက်ကို လုပ်ရခြင်းဖြစ် ပါတယ်’’ဟု ရန်ကုန်တိုင်းကျန်းမာ ရေးဦးစီးမှူး ဒေါက်တာအေးကိုကို က ပြောသည်။

ရှေ့ပြေးစီမံကိန်းအနေဖြင့် မက်သာဒုန်းဆေးရည် တိုက် ကျွေးရေးဌာန ခုနစ်ခု၌ ဆောင် ရွက်မည်ဖြစ်သည်။ မူးယစ်ဆေး ၀ါးသွေးကြောတွင် ထိုးသွင်းသူ များအနေဖြင့် မက်သာဒုန်းဆေး ရည်သောက်သုံးရေး တစ်ခု တည်း သာ မက မိမိဆန္ဒအလျောက် သွေး စစ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာ ပေးခြင်း၊ စိတ်လူမှုဆိုင်ရာ ပံ့ပိုးမှု များ၊ အေအာတီနှင့် တီဘီရောဂါ ဆေးများ ရရှိခြင်း၊ အိပ်ချိအိုင်ဗီ ပိုးနှင့် အသည်းရောင် အသားဝါ ပိုးများ ကာကွယ်ကုသရေး စသော ၀န်ဆောင်မှုများကို ခံစား ရမည် ဖြစ်သည်။

ယခုစီမံကိန်းကို ကျန်းမာ ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ အစည်း တစ်ခုဖြစ် သည့် Burnet Institute တို့ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်သည်။ ယင်းဝန်ဆောင် မှုလုပ်ငန်းများ စတင်မည့်နေရာ ခုနစ်ခုမှာ မင်္ဂလာဒုံဆေးရုံ၊ အနောက်တိုင်းဆေးရုံ၊ သန်လျင် ဆေးရုံ၊ အရှေ့ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ ဝေဘာဂီဆေးရုံနှင့် သင်္ဃန်းကျွန်းဆေး ရုံတို့ ဖြစ်သည်။

ယခုကဲ့သို့ တစ်နေရာတည်း၌ ကျန်းမာရေးစောင့်ရှောက်မှု ပေး နိုင်ရေးစနစ် (One Stop Shop) ကို ကျင့် သုံးမည်ဆိုခြင်းသည် မူးယစ်ဆေးစွဲဝေဒနာရှင်များအ တွက် ပိုမိုကောင်းမွန်သော်လည်း ဆေးရုံ၏လုံခြုံရေး အခြေအနေ ပိုင်း၌မူ အခက်အခဲများကြုံတွေ့ နိုင်ခြင်းကြောင့် အဆိုပါ အချက် ကို ထည့်သွင်းစဉ်းစား သင့်ကြောင်း သင်္ဃန်းကျွန်းဆေးရုံအုပ်ကြီး ဒေါက်တာခင်ဖြူဝင်းက ဆိုသည်။

‘‘ဆေးလာသောက်တဲ့သူ တွေက လူနာဆောင်ထဲဝင်ပြီး ဆေးဝင်ထိုးတယ်။ လူနာတွေနဲ့ ၀န်ထမ်းအင်အား မမျှဘူး ဖြစ်နေ တယ်။ ဒီစနစ်လုပ်ရင် အင်မတန် ကောင်းတယ်။ ဒါပေမဲ့ လုံခြုံရေး ကို သေချာလုပ်ပေးနိုင်မှ သာ ဆေးရုံက အခက်အခဲမရှိ ၀န်ဆောင် နိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲရောဂါကုဌာနပေါင်း ၇၃ ခုရှိပြီး မက်သာဒုန်း အစားထိုးဆေးရည် တိုက်ကျွေးရေးဌာနပေါင်း ၃၅ ခုရှိကာ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ မူးယစ် ဆေး အကြောတွင်းထိုးသွင်းသူ ပေါင်း ၆၈၆၃ ဦးအား မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

7Day DAILY

No comments:

Post a Comment