Thursday 25 September 2014

မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား

Photo: မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား
Thursday, September 25, 2014

မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက် မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။ 

ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စတင်ခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ  ဖြင့် ဘင်္ဂါလီများအားစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်း၌ အစပထမပိုင်း တွင် မပါ ဝင်ခဲ့သည့် အိမ်ထောင်စုတို့ ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ”အခုတော့လည်း သူတို့  တွေပူးပေါင်းဆောင်ရွက်မှု ရှိလာ တယ်လို့ ဆိုရမှာပေါ့” ဟုပြောသည်။ 

ပြည်နယ်အတွင်းရှိ ရခိုင်တိုင်း ရင်းသားတို့က ရခိုင်ညီလာခံမှတစ်ဆင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြည် နယ်တွင်း၌ ဖော်ဆောင်ပေးပါရန် တောင်း ဆိုမှုမှတစ် ဆင့် ပေါ်ပေါက်လာခဲ့သောရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှုတွင် လာရောက်လျှောက်ထားသည့်စောင် ရေ ၁ဝ၉၄ စောင်အထိရှိနေပြီဟု ဝန် ကြီးကပြောသည်။ 

ထိုလျှောက်လွှာများကို မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ဝန်ကြီးဌာနရုံးချုပ်အဆင့် ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မ ၆၇ အရဖွဲ့ခဲ့ သည့်ဗဟိုအဖွဲ့တို့က စစ်ဆေးပြီး ယင်း ထဲမှ ဘင်္ဂါလီ ၄ဝ ကိုနိုင်ငံသားအဖြစ် ဖြစ်ခွင့်ပေးလိုက်ကြောင်း ဝန်ကြီးဦးခင် ရီကပြောသည်။
”၁၆၉ ယောက်ကတော့ နိုင်ငံ သားပြုခွင့်ရသွားပြီး၊ နောက် သူတို့ မွေး တဲ့ကလေးတွေက ၃၈၃ ယောက် ရှိတယ်။ အဲ့ဒါတွေပါ ဖြစ်သွားမှာပါ”ဟု ၄င်းကပြောသည်။ 

အဆင့်ဆင့် စစ်ဆေးမှုတိုင်းတွင်ရခိုင်ကိုယ်စားလှယ်နှစ်ဦးနှင့် ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦးပါဝင်ပြီး အားလုံး ၏ထောက်ခံချက်ဥပဒေအရပြဋ္ဌာန်း     ချက်များဖြင့်ဆောင် ရွက်ပေးခြင်းဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာနမှသိရ သည်။
စမ်းသပ်မြေပုံမြို့နယ်တွင်လူဦး ရေစုစုပေါင်း ၁၁၉၂ဝ၅ ဦးရှိပြီး ထိုထဲ တွင် ဘင်္ဂါလီလူမျိုး ၃၈၁၉ ဦးရှိနေပြီးဘင်္ဂါလီလူမျိုးအဖြစ်စာရင်းကောက်ခံသူ ၁၅၇၉ ဦး၊ လူမျိုးအမည် မရေးသွင်းဘဲ သန်းခေါင်စာရင်းကောက်ခံသူ ၁၄၆၃ ဦး ရှိကြောင်းစာရင်း များအရသိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  နိုင်ငံသားဖြစ်ခွင့်ရ ပြုခွင့်ရသူများသည် နိုင်ငံ၏ဥပဒေ၊ ဒေသန္တရဥပဒေများကိုလေးစားလိုက်နာရမည်ဖြစ်ပြီး ၄င်းတို့ ကိုတိုင်းရင်းသား တစ်ခုအဖြစ်အသိ အမှတ်ပြုသွားမည်မဟုတ်ဟု ဆိုသည်။ 

Popular Journal 

ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်မြင်ကွင်း။ (ဓာတ်ပုံ -AP)
ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်မြင်ကွင်း။ (ဓာတ်ပုံ -AP)
မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက်မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။
ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စတင်ခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ  ဖြင့် ဘင်္ဂါလီများအားစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်း၌ အစပထမပိုင်း တွင် မပါ ဝင်ခဲ့သည့် အိမ်ထောင်စုတို့ ဖြစ် သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ”အခုတော့လည်း သူတို့  တွေပူးပေါင်းဆောင်ရွက်မှု ရှိလာ တယ်လို့ ဆိုရမှာပေါ့” ဟုပြောသည်။

ပြည်နယ်အတွင်းရှိ ရခိုင်တိုင်း ရင်းသားတို့က ရခိုင်ညီလာခံမှတစ်ဆင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ကို ပြည် နယ်တွင်း၌ ဖော်ဆောင်ပေးပါရန် တောင်းဆိုမှုမှတစ် ဆင့် ပေါ်ပေါက်လာခဲ့သော ရခိုင်ပြည်နယ် အတွင်း စစ်ဆေးမှုတွင် လာရောက်လျှောက်ထားသည့်စောင် ရေ ၁ဝ၉၄ စောင်အထိရှိနေပြီဟု ဝန် ကြီးကပြောသည်။

ထိုလျှောက်လွှာများကို မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ဝန်ကြီးဌာနရုံးချုပ်အဆင့် ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မ ၆၇ အရဖွဲ့ခဲ့ သည့်ဗဟိုအဖွဲ့တို့က စစ်ဆေးပြီး ယင်း ထဲမှ ဘင်္ဂါလီ ၄ဝ ကိုနိုင်ငံသားအဖြစ် ဖြစ်ခွင့်ပေးလိုက်ကြောင်း ဝန်ကြီးဦးခင် ရီကပြောသည်။ ”၁၆၉ ယောက်ကတော့ နိုင်ငံ သားပြုခွင့်ရသွားပြီး၊ နောက်သူတို့ မွေးတဲ့ကလေးတွေက ၃၈၃ ယောက်ရှိတယ်။ အဲ့ဒါတွေ ပါ ဖြစ်သွား မှာပါ”ဟု ၄င်းကပြောသည်။

အဆင့်ဆင့် စစ်ဆေးမှုတိုင်းတွင်ရခိုင်ကိုယ်စားလှယ်နှစ်ဦးနှင့် ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦးပါဝင်ပြီး အားလုံး၏ထောက်ခံချက် ဥပဒေအရပြဋ္ဌာန်း ချက်များဖြင့်ဆောင် ရွက်ပေးခြင်းဖြစ် ကြောင်း အဆိုပါဝန်ကြီး ဌာန မှ သိရ သည်။ စမ်းသပ်မြေပုံမြို့နယ်တွင်လူဦး ရေစုစုပေါင်း ၁၁၉၂ဝ၅ ဦးရှိပြီး ထိုထဲ တွင် ဘင်္ဂါလီလူမျိုး ၃၈၁၉ ဦးရှိနေပြီးဘင်္ဂါလီလူမျိုးအဖြစ်စာရင်းကောက်ခံသူ ၁၅၇၉ ဦး၊ လူမျိုးအမည် မရေးသွင်းဘဲ သန်းခေါင်စာရင်းကောက်ခံသူ ၁၄၆၃ ဦး ရှိကြောင်းစာရင်း များအရသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  နိုင်ငံသားဖြစ်ခွင့်ရ ပြုခွင့်ရသူများသည် နိုင်ငံ၏ဥပဒေ၊ ဒေသန္တရဥပဒေ များကိုလေးစားလိုက်နာ ရမည်ဖြစ်ပြီး ၄င်းတို့ ကိုတိုင်းရင်းသား တစ်ခုအဖြစ်အသိ အမှတ်ပြုသွားမည် မဟုတ်ဟု ဆိုသည်။

Popular Journal

No comments:

Post a Comment