Thursday 25 September 2014

ကမ္ဘာ့ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပေါ်သို့ အိန္ဒိယအောင်မြစ်စွာလွှတ်တင်

Photo: ကမ္ဘာ့ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပေါ်သို့ အိန္ဒိယအောင်မြစ်စွာလွှတ်တင်
Thursday, September 25, 2014

အိန္ဒိယနိုင်ငံသည် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုလ်၏ ဂြိုဟ်တုပတ် လမ်းကြောင်းပေါ် သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ယင်းကြောင့် အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ဥရောပအေဂျင်စီနှင့် ဆိုဗီယက် ရုရှားတို့၏ နောက်တွင် အင်္ဂါဂြိုလ်ပတ်လမ်းကြောင်းပေါ်သို့ ဂြိုလ်တုလွှတ်တင် နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း သိရ သည်။ 

အိန္ဒိယ၏ အင်္ဂါဂြိုဟ်စေလွှတ်ရေး မစ်ရှင်သည် ဂြိုဟ်တစ်ခုမှ တစ်ခုသို့ စေလွှတ် သည့်မစ်ရှင်များတွင် ဈေးအသက်သာဆုံး ဖြစ်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၄ သန်းသာ ကုန်ကျခဲ့သည်။ မကြာမီတွင် မန်ဂယ်လ်ယန်း အာကာသစူးစမ်းရေး ယာဉ်အနေဖြင့် ဂြိုဟ်နီကြီးဟု တင်စားခေါ်ကြသည့် အင်္ဂါဂြိုဟ်၏ လေထုကို စတင်လေ့လာတော့မည်ဖြစ်သည်။

"အခုဆိုရင် အခြေအနေတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာမှာ မစ်ရှင်ပေါင်း ၅၁ တစ်ခု ပြုလုပ်ခဲ့ပေမယ့် မစ်ရှင် ၂၁ ခုပဲ အောင်မြင်မှုရခဲ့ တာပါ။ အမေရိကန်၊ ဥရောပနဲ့ ရုရှားတို့ကပဲ အင်္ဂါဂြိုဟ်ဆီကို ဂြိုဟ်တုတွေ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယကတော့ ပထမဆုံးပို့တဲ့ အချိန်မှာပဲ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ "ဟူ၍ ၀န်ကြီးချုပ်မိုဒီက တောင်ပိုင်း ဘင်္ဂလောမြို့ရှိ အာကာသ ထိန်းချုပ်ရေးစခန်းတွင် ပြောဆိုခဲ့သည်။ 

မကြာသေးမီက နာဆာမှ စေလွှတ်ခဲ့သော Maven မစ်ရှစ်သည် ကုန်ကျစရိတ် ဒေါ်လာ ၆၇၁ သန်းရှိခဲ့သည်။ 

Mars Orbiter Mission (MOM) ဟုလည်း ထင်ရှားသည့် မန်ဂယ်လ်ယန်း(Mangalyaan) အာကာသယာဉ်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း ဘင်္ဂလာပင်လယ်အော် ကမ်းရိုးတန်းပေါ်ရှိ ဆရီဟာရီခိုတာ အာကာသ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အိန္ဒိယနိုင်ငံသည် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုလ်၏ ဂြိုဟ်တုပတ် လမ်းကြောင်းပေါ်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။
ယင်းကြောင့် အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ဥရောပအေဂျင်စီနှင့် ဆိုဗီယက် ရုရှားတို့၏ နောက်တွင် အင်္ဂါဂြိုလ်ပတ်လမ်းကြောင်းပေါ်သို့ ဂြိုလ်တုလွှတ်တင် နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်နိုင်ငံဖြစ် လာကြောင်း သိရ သည်။

အိန္ဒိယ၏ အင်္ဂါဂြိုဟ်စေလွှတ်ရေး မစ်ရှင်သည် ဂြိုဟ်တစ်ခုမှ တစ်ခုသို့ စေလွှတ်သည့်မစ်ရှင် များတွင် ဈေးအသက်သာဆုံး ဖြစ်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၄ သန်းသာ ကုန်ကျခဲ့သည်။ မကြာမီတွင် မန်ဂယ်လ်ယန်း အာကာသစူးစမ်းရေး ယာဉ်အနေဖြင့် ဂြိုဟ်နီကြီးဟု တင်စားခေါ်ကြသည့် အင်္ဂါဂြိုဟ် ၏ လေထုကို စတင်လေ့လာတော့မည်ဖြစ်သည်။

"အခုဆိုရင် အခြေအနေတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာမှာ မစ်ရှင်ပေါင်း ၅၁ တစ်ခု ပြုလုပ်ခဲ့ပေမယ့် မစ်ရှင် ၂၁ ခုပဲ အောင်မြင်မှုရခဲ့ တာပါ။ အမေရိကန်၊ ဥရောပနဲ့ ရုရှားတို့ကပဲ အင်္ဂါဂြိုဟ်ဆီကို ဂြိုဟ်တုတွေ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယကတော့ ပထမဆုံးပို့တဲ့ အချိန် မှာပဲ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ "ဟူ၍ ၀န်ကြီးချုပ်မိုဒီက တောင်ပိုင်း ဘင်္ဂလောမြို့ရှိ အာကာသ ထိန်းချုပ်ရေးစခန်းတွင် ပြောဆိုခဲ့သည်။

မကြာသေးမီက နာဆာမှ စေလွှတ်ခဲ့သော Maven မစ်ရှစ်သည် ကုန်ကျစရိတ် ဒေါ်လာ ၆၇၁ သန်းရှိ ခဲ့သည်။

Mars Orbiter Mission (MOM) ဟုလည်း ထင်ရှားသည့် မန်ဂယ်လ်ယန်း(Mangalyaan) အာကာသ ယာဉ်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း ဘင်္ဂလာပင်လယ်အော် ကမ်းရိုးတန်းပေါ်ရှိ ဆရီဟာရီခိုတာ အာကာသ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment