Thursday 25 September 2014

အဂတိကြောင့်ရသည့် ငွေကြေးနှင့် ပစ္စည်းများကို သိမ်းဆည်းရန် နည်းဥပဒေမူကြမ်းတွင် ထည့်သွင်း

အဂတိလိုက်စား မှုကြောင့် ကြွယ်ဝချမ်းသာလာ သော ငွေကြေးနှင့်ပစ္စည်းများ ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေး နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။
 ကော်မရှင်စတင်ဖွဲ့စည်းခဲ့ သည့် ယခုနှစ် မတ်လ ၁၀ ရက်မှ စ၍ နည်းဥပဒေကို ဥပဒေပညာ ရှင်များနှင့် ပူးပေါင်းရေးဆွဲထားကာ သြဂုတ်လအတွင်းက ဥပဒေအကြံပြုချက် ရရှိရန် ရှေ့နေချုပ်ရုံးသို့ တင်ပြတောင်းခံ ထားသော ကြောင့်  မကြာမီအချိန်အတွင်း နည်းဥပဒေကို ပြဋ္ဌာန်းနိုင်မည်ဖြစ် သည်ဟု အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြ ၀င်းက ဆိုသည်။

နည်းဥပဒေမူကြမ်းတွင် အ ထက်ပါအချက် ထည့်သွင်းရေး ဆွဲထားကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသော ပြည် သူ့လွှတ်တော် အစည်းအဝေး၌ ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 ထို့ပြင် အဂတိလိုက်စားမှုရှိကြောင်း ခိုင်လုံသော အထောက်အထားနှင့် သတင်းပေး ဖော်ထုတ်အရေး ယူနိုင်သည့်ကိစ္စများတွင် သတင်းပေးသူကို လိုအပ်သော အကာအကွယ်ပေးနိုင်ရန် ဥပဒေတွင် ထည့်သွင်း ထားသော်လည်း နည်းဥပဒေမူကြမ်းတွင် ထပ်မံထည့်သွင်းရေးဆွဲထားသည်ဟု ကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်သို့တင်ပြခဲ့သည်။

 အဆိုပါ ကော်မရှင်စတင် ဖွဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်မှ ၂၀၁၄ ခုနှစ် သြဂုတ် ၂၁ ရက်အထိ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားခြင်းအပါအ၀င် တိုင်ကြားစာပေါင်း ၅၃၃ စောင် ရရှိခဲ့ကာ တိုင်ကြားစာများတွင် မြေယာ ၁၇၀ မှု၊ တရားရေး ၉၅ မှု၊ အုပ်ချုပ်ရေး ၂၃၈ မှုနှင့် အထွေထွေ ၃၀ မှုတို့ ဖြစ် ကာ ပေးပို့လာသော တိုင်ကြားစာများထဲမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် အမှုအရေအတွက် သုံးမှုသာရှိခဲ့သည်။

7Day DAILY

No comments:

Post a Comment