Thursday 25 September 2014

နေပြည်တော်အသင်း လစာကိစ္စ အဖွဲ့ချုပ်ကြားဝင်ဖြေရှင်း

နေပြည်တော်အသင်းသည် ဖူဆယ်အသင်းမှ ကစားသမားနှင့် အုပ်ချုပ်သူများအား လစာရှင်းပေးရန် ရှစ်လ စာကျန်ရှိပြီး ပြဿနာဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြားဝင်ဖြေ ရှင်းပေးခဲ့သဖြင့် ပြေ လည်သွားကြောင်းနှင့် ယခုလအတွင်း အပြီးသတ် ပေးချေသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
နေပြည်တော်အသင်းသည် လူငယ်အသင်း၊ ဖူဆယ်အသင်း နှင့် နေပြည်တော်ဘောလုံးအသင်းသား တို့အား လစာပေးချေရန် ပျက်ကွက်ခဲ့သည်။ ဖူဆယ်အသင်းက ရရှိမည့် ဆုကြေးများ၊ လစာရှစ်လစာ အပါ အ၀င် စိုက်ထုတ်သုံးစွဲထားသည့် ကျပ်သိန်းရှစ်ရာ ကျော်ကို အမြန်ဆုံးရလိုကြောင်း သတင်းစာရှင်းလင်း ပွဲကို သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည်။ ယခုအခါမြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြားဝင် ညှိနှိုင်းပေး မှု ကြောင့် အဆင်ပြေခဲ့ကြောင်း နေပြည်တော်ဖူဆယ်အသင်းအုပ်ချုပ်သူဟောင်း ဦးနိုင်ဝင်း က ပြောသည်။

‘‘ဘောလုံးအဖွဲ့ချုပ်က ညှိ နှိုင်းပေးတဲ့အတိုင်းပဲ လက်ခံသွားမယ်။ အသင်းဘက်က ရှစ်လစာ ပေးဖို့ ကျန်နေပေ မယ့် ငါးလစာနဲ့ ပဲ ညှိနှိုင်းလို့ရတယ်။ ဒီလထဲမှာ ရ မယ်’’ဟု ဦးနိုင်ဝင်းက ပြောသည်။

ထို့ပြင် နေပြည်တော်ဖူဆယ်အသင်းတွင် တာဝန်ထမ်းဆောင် ခဲ့စဉ်က အသင်းအတွက် စိုက် ထုတ်ထား သည့် ငွေကြေးများ၊ ကစားသမားများ၏ လစာများကို ယခုလအတွင်း ပေးချေသွားမည် ဖြစ် ပြီး နေပြည်တော် အသင်းပိုင် ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ဆု ကြေးအဖြစ် ချီးမြှင့်ထားသည့် ကားနှင့် ဖုန်းကို အသင်း တာဝန်ရှိသူများပြန်လည်တောင်းယူနေသည့်အတွက် အဆိုပါကိစ္စအား ဆက် လက်ညှိနှိုင်းနေေ ကြာင်း ၎င်း က ပြောသည်။

ဖူဆယ်အသင်းရရှိမည့် ဆုကြေးငွေ ကျပ်သိန်း ၃၅၀၊ အားကစားပစ္စည်းများ ၀ယ်ယူရာတွင် စိုက် ထုတ်သုံး စွဲခဲ့သည့် ကျပ်သိန်း ၁၇၀ ကျော်၊ ဖူဆယ်အသင်းအုပ်ချုပ် သူဟောင်း ဦးနိုင်ဝင်းရရှိမည့် လ စာရှစ်လစာနှင့် ကစားသမားများအတွက် လစာငါးလစာတို့ကို ယခုလအတွင်း ပေးအပ်သွား မည်ဖြစ် ကြောင်း နေပြည်ေ တာ် အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment