Friday 26 September 2014

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်မူကြမ်းပါ အခန်းအားလုံး ဆွေးနွေးပြီးဖြစ်

Photo: တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်မူကြမ်းပါ အခန်းအားလုံး ဆွေးနွေးပြီးဖြစ်
Friday, September 26, 2014 

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်(မူကြမ်း)ပါအခန်း ခုနစ်ခန်းလုံး ဆွေးနွေးနိုင်ခဲ့ပြီး စတုတ္ထမူကြမ်းကို စက်တင်ဘာ၂၆ ရက်တွင် အချောသပ် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၂ ရက်မှ စတင်ပြုလုပ်နေသော ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့ဆွေးနွေးပွဲ စတုတ္ထနေ့အထိ တိကျသည့် သဘောတူညီချက် မရရှိသေး သော်လည်း စာချုပ်တတိယ (မူကြမ်း)ပါအချက်အားလုံးကို ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ၂၆ရက် ဆွေးနွေးပွဲနောက်ဆုံးရက်တွင် စတုတ္ထ(မူကြမ်း)ကို အချောသပ်မည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးစောလုံလုံကပြောသည်။

‘‘ပြီးခဲ့တဲ့ လေးရက်အတွင်း ဆွေးနွေးခဲ့တာကို ပြန်ပြီးချုံ့မှာ ပေါ့’’ဟု ဗိုလ်မှူးစောလုံလုံကဆို သည်။

စတုတ္ထ(မူကြမ်း) စာချုပ်ကို အချောသပ်ပြီးပါက နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် အထက်သို့ပြန်လည်တင်ပြမည် ဖြစ်ပြီး ဆက်လက် ညှိနှိုင်းမည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင်ဗိုလ်မှူး ကြီးခွန်ဥက္ကာကဆိုသည်။

မူလက ယခုဆွေးနွေးပွဲတွင် စာချုပ်(မူကြမ်း)မှ နှစ်ဖက်ညှိနှိုင်း ရန်ကျန်ရှိနေသည့် အချက်လေး ချက်ကို အဓိကဆွေးနွေးမည် ဆိုသော်လည်း ဆွေးနွေးပွဲ ပထမ နေ့မှစတင်၍ ယခင်သဘောတူ ညီပြီးသားအချက်တချို့ကို ပြန် လည်ဆွေးနွေးခဲ့ရသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေး နွေးပွဲတွင် နှစ်ဖက်ညှိနှိုင်းရန်ခက် ခဲနေသည့်အချက်များမှာ ဖက် ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးအပါအဝင် တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲပုံစံ၊ ကြားကာလ အစီ အစဉ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ စသည့်ကိစ္စရပ်များဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily
တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်(မူကြမ်း)ပါအခန်း ခုနစ်ခန်း လုံး ဆွေးနွေးနိုင်ခဲ့ပြီး စတုတ္ထမူကြမ်းကို စက်တင်ဘာ၂၆ ရက်တွင် အချောသပ် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၂ ရက်မှ စတင်ပြုလုပ်နေသော ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော် မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့ဆွေးနွေးပွဲ စတုတ္ထနေ့အထိ တိကျသည့် သဘောတူညီချက် မရရှိသေး သော်လည်း စာချုပ်တတိယ (မူကြမ်း)ပါအချက်အားလုံးကို ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ စက်တင် ဘာ၂၆ရက် ဆွေးနွေးပွဲနောက်ဆုံးရက်တွင် စတုတ္ထ(မူကြမ်း)ကို အချောသပ်မည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးစောလုံလုံကပြောသည်။

‘‘ပြီးခဲ့တဲ့ လေးရက်အတွင်း ဆွေးနွေးခဲ့တာကို ပြန်ပြီးချုံ့မှာ ပေါ့’’ဟု ဗိုလ်မှူးစောလုံလုံကဆို သည်။

စတုတ္ထ(မူကြမ်း) စာချုပ်ကို အချောသပ်ပြီးပါက နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် အထက်သို့ပြန်လည် တင်ပြမည် ဖြစ်ပြီး ဆက်လက် ညှိနှိုင်းမည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင်ဗိုလ်မှူး ကြီးခွန်ဥက္ကာကဆိုသည်။

မူလက ယခုဆွေးနွေးပွဲတွင် စာချုပ်(မူကြမ်း)မှ နှစ်ဖက်ညှိနှိုင်း ရန်ကျန်ရှိနေသည့် အချက်လေး ချက်ကို အဓိကဆွေးနွေးမည် ဆိုသော်လည်း ဆွေးနွေးပွဲ ပထမ နေ့မှစတင်၍ ယခင်သဘောတူ ညီပြီးသား အချက် တချို့ကို ပြန် လည်ဆွေးနွေးခဲ့ရသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲတွင် နှစ်ဖက်ညှိနှိုင်းရန်ခက် ခဲနေသည့်အချက်များမှာ ဖက် ဒရယ်ပြည်ေ ထာင်စု တပ်မတော် ဖွဲ့စည်းရေးအပါအဝင် တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲ ပုံစံ၊ ကြားကာလ အစီ အစဉ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ စသည့်ကိစ္စရပ်များဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment