Thursday 25 September 2014

ဒဂုံစီးတီး(၁)စီမံကိန်းအား ရွှေတိဂုံစေတီရင်ပြင်အမြင့်အထိသာ ဆောက်လုပ်ခွင့်ပြုမည်

Photo: ဒဂုံစီးတီး(၁)စီမံကိန်းအား ရွှေတိဂုံစေတီရင်ပြင်အမြင့်အထိသာ ဆောက်လုပ်ခွင့်ပြုမည်
Thursday, September 25, 2014

 ဦးထောင်ဘိုအ၀ိုင်းအ နီးစစ်တပ်ပိုင်မြေဧက ၂၀ ကျော် တွင် တည်ဆောက်မည့် ဒဂုံစီးတီး (၁)ကွန်ဒိုစီမံကိန်းမှာ ရွှေတိဂုံစေတီနှင့် နီးနေသဖြင့် ရင်ပြင်တော်အ မြင့်အထိသာ တည်ဆောက်မည် ဟု သတင်းရရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိ ထားသည့် အဆိုပါ အိမ်ရာစီမံ ကိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ် မှတ်ထားသည့် ဇုန်ဧရိယာအတွင်း ရှိနေသည်။ အဆိုပါဧရိယာတွင် အဆောက်အအုံများ ဆောက်လုပ်ပါက ရွှေတိဂုံစေတီရင်ပြင်တော် အမြင့်အထိသာ တည်ဆောက်ရ မည်ဖြစ်ရာ အခန်းတစ်ခန်းလျှင် ၁၂ ပေနှုန်းဖြင့် အမြင့်ပေ ၁၄၄ ပေ၁၂ ထပ်အမြင့် အထိသာ တည် ဆောက်သွားရန် ကုမ္ပဏီက ရည် ရွယ်ထားသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို မြန်မာ ကုမ္ပဏီ သုခရတနာ၊ဟောင်ကောင်နှင့် ယူကေရင်းနှီး မြှုပ်နှံသူများပါဝင်သည့် Marga- Land Mark ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ပြီး ငါးနှစ်မှ ခြောက်နှစ်အတွင်း အခန်းပေါင်းထောင်ကျော်ပါဝင်မည့် စီမံကိန်းကို အပြီးဆောင်ရွက်မည် ဖြစ်သည်။

‘‘အဲဒီနေရာက ရွှေတိဂုံရဲ့ ရင်ပြင်အမြင့်အထိပဲ ဆောက်လုပ်လို့ ရမယ်’’ဟု ရန်ကုန်၏ မြို့ပြမြေအ သုံးချမှုရေးဆွဲရာတွင် ပါဝင်သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန မှ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင် မော်ဦးက ပြောသည်။

ရွှေတိဂုံစေတီနှင့် အနီးတစ် ၀ိုက်တွင် အထပ်မြင့်တိုက်များ တည်ဆောက်မည်ဆိုပါက စေတီ တော်၏ ရင်ပြင်တော်အမြင့်အထိသာ ခွင့်ပြုပေးမည်ဖြစ်ပြီး စေတီ၏ ငှက်ပျောဖူးအောက် ပင်လယ်ရေမျက်နှာပြင် အမြင့် ၄၁၇ ပေထက် ကျော်လွန် တည်ဆောက်ခွင့်မရှိကြောင်း ဒေါ်လှိုင်မော်ဦးက ရှင်းပြသည်။ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်း တည်ဆောက်မှုများ အလုံးအရင်း ဖြင့် ၀င်ရောက်လာခြင်းသည်ချမ်း သာသည့် လူတန်းစားများအတွက်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး အခြေခံလူတန်းစား အများစုမှာ နေစရာမရှိ၍ မြို့စွန်သို့ ထွက်နေရပြီဟု စီးပွားရေးပညာရှင် ဦးလှမောင်က သတိပေးပြောကြားသည်။

‘‘ကွန်ဒိုတွေ အရမ်းဆောက် နေကြတယ်။ ၀ယ်တဲ့သူကနည်း နည်းပဲရှိမှာ အခန်းတွေက ပိုနေမှာ။ အခြေခံလူတန်းစားတွေ အတွက်တော့အိမ်ပိုင်ဖြစ်ခွင့်ဝေးနေဦးမှာပဲ’’ဟု ၎င်းက ပြောသည်။

7Day DAILY 

ဒဂုံစီးတီး စီမံကိန်း နမူနာပုံစံငယ် (ဓာတ်ပုံ− မိုးညို)
ဒဂုံစီးတီး စီမံကိန်း နမူနာပုံစံငယ် (ဓာတ်ပုံ− မိုးညို)
 ဦးထောင်ဘိုအ၀ိုင်းအ နီးစစ်တပ်ပိုင်မြေဧက ၂၀ ကျော်တွင် တည်ဆောက်မည့် ဒဂုံစီးတီး(၁)ကွန်ဒို စီမံ ကိန်းမှာ ရွှေတိဂုံစေတီနှင့် နီးနေသဖြင့် ရင်ပြင်တော်အမြင့်အထိသာ တည်ဆောက်မည်ဟုသတင်းရရှိ သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားသည့် အဆိုပါ အိမ်ရာစီမံကိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ် မှတ်ထားသည့် ဇုန်ဧရိယာအတွင်း ရှိနေသည်။ အဆိုပါဧရိယာတွင် အဆောက်အအုံများ ဆောက်လုပ်ပါက ရွှေတိဂုံစေတီရင်ပြင်တော် အမြင့်အထိသာ တည်ဆောက်ရ မည်ဖြစ်ရာ အခန်းတစ်ခန်းလျှင် ၁၂ ပေနှုန်းဖြင့် အမြင့်ပေ ၁၄၄ ပေ၁၂ ထပ်အမြင့် အထိသာ တည် ဆောက်သွားရန် ကုမ္ပဏီက ရည် ရွယ်ထားသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို မြန်မာ ကုမ္ပဏီ သုခရတနာ၊ဟောင်ကောင်နှင့် ယူကေရင်းနှီး မြှုပ်နှံသူများ ပါဝင်သည့် Marga- Land Mark ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ပြီး ငါးနှစ်မှ ခြောက်နှစ်အတွင်း အခန်းပေါင်းထောင်ကျော်ပါဝင်မည့် စီမံကိန်းကို အပြီးဆောင်ရွက်မည် ဖြစ်သည်။

‘‘အဲဒီနေရာက ရွှေတိဂုံရဲ့ ရင်ပြင်အမြင့်အထိပဲ ဆောက်လုပ်လို့ ရမယ်’’ဟု ရန်ကုန်၏ မြို့ပြမြေအ သုံးချ မှုရေးဆွဲရာတွင် ပါဝင်သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အင်ဂျင်နီယာ မှူးကြီး ဒေါ်လှိုင် မော်ဦး က ပြောသည်။

ရွှေတိဂုံစေတီနှင့် အနီးတစ် ၀ိုက်တွင် အထပ်မြင့်တိုက်များ တည်ဆောက်မည်ဆိုပါက စေတီ တော်၏ ရင်ပြင်တော်အမြင့်အထိသာ ခွင့်ပြုပေးမည်ဖြစ်ပြီး စေတီ၏ ငှက်ပျောဖူးအောက် ပင်လယ်ရေမျက်နှာပြင် အမြင့် ၄၁၇ ပေထက် ကျော်လွန် တည်ဆောက်ခွင့်မရှိကြောင်း ဒေါ်လှိုင်မော်ဦးက ရှင်းပြသည်။ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်း တည်ဆောက်မှုများ အလုံးအရင်း ဖြင့် ၀င်ရောက်လာခြင်းသည်ချမ်း သာသည့် လူတန်းစား များ အတွက်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး အခြေခံလူတန်းစား အများစုမှာ နေစရာမရှိ၍ မြို့စွန်သို့ ထွက်နေရပြီဟု စီးပွားရေးပညာရှင် ဦးလှမောင်က သတိပေးပြောကြားသည်။

‘‘ကွန်ဒိုတွေ အရမ်းဆောက် နေကြတယ်။ ၀ယ်တဲ့သူကနည်း နည်းပဲရှိမှာ အခန်းတွေက ပိုနေမှာ။ အခြေခံ လူတန်းစားတွေ အတွက်တော့အိမ်ပိုင်ဖြစ်ခွင့်ဝေးနေဦးမှာပဲ’’ဟု ၎င်းက ပြောသည်။

7Day DAILY

No comments:

Post a Comment