Thursday 25 September 2014

ရှယ်ယာသစ်ရင်းနှီးမြှုပ်နှံလိုသူများ အာမခံချက်ရှိရန် သတိပေး

Photo: ရှယ်ယာသစ်ရင်းနှီးမြှုပ်နှံလိုသူများ အာမခံချက်ရှိရန် သတိပေး
Thursday, September 25, 2014

အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချမယ့် အစုရှယ်ယာသစ်တွေကို ၀ယ်ယူမယ့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ယင်းကုမ္ပဏီတွေရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်ရုံးမှာ တင်သွင်းထားခြင်း ရှိ၊ မရှိ စုံစမ်းပြီးမှ ၀ယ်ယူကြဖို့ စတော့ရှယ်ယာ ဈေးကွက်ကျွမ်းကျင်သူတွေက သတိပေးပြောဆိုလိုက်ပါတယ်။

မြန်မာက လာမယ့် ၂၀၁၅ ခုနှစ်ကျရင် စတော့ရှယ်ယာဈေးကွက်ပေါ်ပေါက်လာဖို့အတွက် အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီ့အတွက် မြန်မာအစိုးရက ပြည်တွင်းမှာ ရန်ကုန်စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာဖို့ ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနဲ့ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်တို့ ဖက်စပ်ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။

stock exchangeဒါကြောင့် ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် ရန်ကုန်စတော့ရှယ်ယာဈေးကွက်ကို ၀င်ရောက်နိုင်ဖို့အတွက် လက်ရှိမှာဆိုရင် ပြည်တွင်းမှာ မှတ်ပုံတင်ထားရှိတဲ့ အများပိုင်ကုမ္ပဏီ အရေအတွက်ကလည်း ၂၀၀ကျော် အထိရှိလာပြီ ဖြစ်ပါတယ်။

ဒီအတွက် အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချလာမယ့် အစုရှယ်ယာတွေကို ၀ယ်ယူတဲ့ နေရာမှာ မမှားဖို့အတွက် သတိထားဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံ လက်မှတ်ရပြည့်သူ့စာရင်းကိုင်များအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်က ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ကုမ္ပဏီအနေနဲ့က ရှယ်ယာသစ်ကို ပြည်သူတွေကို ထုတ်ရောင်းတော့မယ်ဆိုရင် လက်ရှိ ကုမ္ပဏီဥပဒေအရ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းတွေ ဘယ်လိုမျိုးပါရမယ်၊ ဘယ်အချက်တွေ ပါရမယ်ဆိုတာ အလွန်လွယ်ကူအောင် ရေးထားတယ်။ အဲဒါတွေကို မှတ်ပုံတင်ရုံးကို တင်သွင်းပြီးရင် အပြင် အများပြည်သူကို ရောင်းချလို့ရတယ်။ မသိပဲနဲ့ ၀ယ်တာမျိုးမဖြစ်အောင်လို့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကို သေသေချာချာ လေ့လာဖတ်ပြီးတော့မှ ၀ယ်ပါလို့ ကျနော်က အကြံဥာဏ်ပြုချင်ပါတယ်။”

ဒါကြောင့် လက်တလောမှာဆိုရင် အစုရှယ်ယာတွေ ရောင်းချမှု ရှိခဲ့တဲ့ အများပိုင်ကုမ္ပဏီ တွေဟာ အစုရှယ်ယာရောင်းဝယ်ရေးစည်းမျဉ်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတဲ့အပေါ် သူက အခုလို သုံးသပ်ပြော ပါတယ်။

“မြန်မာပြည်မှာ ဘာဖြစ်လဲဆိုတော့ တခါတလေ မြင်တတ်တာက ဒီအများပြည်သူတွေက အစုရှယ်ယာ ၀ယ်ချင်လို့ မင်းတို့ရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်း ပြပါလို့ ဆိုရင် သူတို့က ငါတို့ ၀ယ်ပြီးတော့မှပဲ ပြမယ်တို့ဘာတို့ ဖြစ်တယ် ဒါတွေက စည်းကမ်းနဲ့ မညီညွတ်ဘူး။ တချို့ အစုရှယ်ယာရှင်တွေက ဒီအတိုင်းပဲ ၀ယ်မှာပဲ။ သူတို့ကို လုပ်ငန်းလမ်းညွှန်ရှင်းတမ်း ပြောလည်းပဲ သူတို့က စိတ်ဝင်စားချင်မှလည်း စိတ်ဝင်စားမယ်။ ဒါကတော့ သူတို့ သဘောပေါ့နော်။”

အလားတူ စတော့ရှယ်ယာဈေးကွက်ကျွမ်းကျင်သူ စီးပွားရေးပညာရှင် ဒေါက်တာ အောင်သူရ (သူရဆွစ်) ကတော့ လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အကောင်အထည် ပေါ်လာမယ် ရန်ကုန်စတော့ဈေးကွက်က မြန်မာနိုင်ငံအဖို့ ဖြတ်ကျော်ရမယ့် ဆူးငြောင့်ခလုတ်တွေ များစွာရှိတဲ့အကြောင်း ပြောပါတယ်။

လာမယ့် ၂၀၁၅ ကျရင် ရန်ကုန်စတော့ဈေးကွက် ပေါ်ပေါက်လာဖို့အတွက် အများပိုင်ကုမ္ပဏီ ၅ ခုနဲ့ စတင်သွားဖို့ရှိတဲ့အကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြည်တွင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘယ်ကုမ္ပဏီတွေ ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပါဘူး။

ဒီနောက် မြန်မာအစိုးရက အကောင်အထည်ဖော်နေတဲ့ ရန်ကုန်စတော့ဈေးကွက်မှာ မြန်မာက ၅၁ ရာခိုင်နှုန်းနဲ့ ဂျပန်ဒိုင်ဝါကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ရှယ်ယာအသီးသီးပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး မြန်မာနဲ့ ဂျပန်အကြားမှာ သဘောတူထားရှိပါတယ်။

DVB
အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချမယ့် အစုရှယ်ယာသစ်တွေကို ၀ယ်ယူမယ့် ရင်းနှီးမြှုပ်နှံ သူတွေအနေနဲ့ ယင်းကုမ္ပဏီတွေရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်ရုံးမှာ တင် သွင်းထားခြင်းရှိ၊ မရှိ စုံစမ်းပြီးမှ ၀ယ်ယူကြဖို့ စတော့ရှယ်ယာ ဈေးကွက်ကျွမ်းကျင်သူတွေက သတိပေးပြောဆို လိုက်ပါတယ်။
မြန်မာက လာမယ့် ၂၀၁၅ ခုနှစ်ကျရင် စတော့ရှယ်ယာဈေးကွက်ပေါ်ပေါက်လာဖို့အတွက် အာဆီယံဒေသ တွင်းနိုင်ငံတွေနဲ့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီ့အတွက် မြန်မာအစိုးရက ပြည်တွင်းမှာ ရန်ကုန်စတော့ ရှယ်ယာဈေးကွက် ပေါ်ပေါက်လာဖို့ ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနဲ့ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်တို့ ဖက်စပ် ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။

stock exchangeဒါကြောင့် ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် ရန်ကုန်စတော့ရှယ်ယာဈေးကွက်ကို ၀င်ရောက်နိုင်ဖို့အတွက် လက်ရှိမှာဆိုရင် ပြည်တွင်းမှာ မှတ်ပုံတင်ထားရှိတဲ့ အများပိုင်ကုမ္ပဏီ အရေအ တွက် ကလည်း ၂၀၀ကျော် အထိရှိလာပြီ ဖြစ်ပါတယ်။

ဒီအတွက် အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချလာမယ့် အစုရှယ်ယာတွေကို ၀ယ်ယူတဲ့ နေရာမှာ မမှားဖို့အတွက် သတိထားဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံ လက်မှတ်ရပြည့်သူ့စာရင်းကိုင်များအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်က ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ကုမ္ပဏီအနေနဲ့က ရှယ်ယာသစ်ကို ပြည်သူတွေကို ထုတ်ရောင်းတော့မယ်ဆိုရင် လက်ရှိ ကုမ္ပဏီ ဥပဒေ အရ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းတွေ ဘယ်လိုမျိုးပါရမယ်၊ ဘယ်အချက်တွေ ပါရမယ်ဆိုတာ အလွန်လွယ် ကူအောင် ရေးထားတယ်။ အဲဒါတွေကို မှတ်ပုံတင်ရုံးကို တင်သွင်းပြီးရင် အပြင် အများပြည်သူကို ရောင်း ချလို့ ရတယ်။ မသိပဲနဲ့ ၀ယ်တာမျိုးမဖြစ်အောင်လို့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကို သေသေ ချာချာ လေ့လာ ဖတ်ပြီးတော့မှ ၀ယ်ပါလို့ ကျနော်က အကြံဥာဏ်ပြုချင်ပါတယ်။”

ဒါကြောင့် လက်တလောမှာဆိုရင် အစုရှယ်ယာတွေ ရောင်းချမှု ရှိခဲ့တဲ့ အများပိုင်ကုမ္ပဏီ တွေဟာ အစု ရှယ်ယာရောင်းဝယ်ရေးစည်းမျဉ်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတဲ့အပေါ် သူက အခုလို သုံးသပ်ပြော ပါတယ်။

“မြန်မာပြည်မှာ ဘာဖြစ်လဲဆိုတော့ တခါတလေ မြင်တတ်တာက ဒီအများပြည်သူတွေက အစုရှယ်ယာ ၀ယ်ချင် လို့ မင်းတို့ရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်း ပြပါလို့ ဆိုရင် သူတို့က ငါတို့ ၀ယ်ပြီးတော့မှပဲ ပြမယ် တို့ ဘာတို့ ဖြစ်တယ် ဒါတွေက စည်းကမ်းနဲ့ မညီညွတ်ဘူး။ တချို့ အစုရှယ်ယာရှင်တွေက ဒီအတိုင်းပဲ ၀ယ်မှာ ပဲ။ သူတို့ကို လုပ်ငန်းလမ်းညွှန်ရှင်းတမ်း ပြောလည်းပဲ သူတို့က စိတ်ဝင်စားချင်မှလည်း စိတ်ဝင်စားမယ်။ ဒါကတော့ သူတို့ သဘောပေါ့နော်။”

အလားတူ စတော့ရှယ်ယာဈေးကွက်ကျွမ်းကျင်သူ စီးပွားရေးပညာရှင် ဒေါက်တာ အောင်သူရ (သူရဆွစ်) ကတော့ လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အကောင်အထည် ပေါ်လာမယ် ရန်ကုန်စတော့ဈေးကွက် က မြန် မာနိုင်ငံအဖို့ ဖြတ်ကျော်ရမယ့် ဆူးငြောင့်ခလုတ်တွေ များစွာရှိတဲ့အကြောင်း ပြောပါတယ်။

လာမယ့် ၂၀၁၅ ကျရင် ရန်ကုန်စတော့ဈေးကွက် ပေါ်ပေါက်လာဖို့အတွက် အများပိုင်ကုမ္ပဏီ ၅ ခုနဲ့ စတင်သွားဖို့ရှိတဲ့အကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြည်တွင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘယ်ကုမ္ပဏီတွေ ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပါဘူး။

ဒီနောက် မြန်မာအစိုးရက အကောင်အထည်ဖော်နေတဲ့ ရန်ကုန်စတော့ဈေးကွက်မှာ မြန်မာက ၅၁ ရာခိုင်နှု န်းနဲ့ ဂျပန်ဒိုင်ဝါကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ရှယ်ယာအသီးသီးပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး မြန်မာနဲ့ ဂျပန် အကြားမှာ သဘောတူထားရှိပါတယ်။

DVB

No comments:

Post a Comment