Thursday 25 September 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Meiji Jingu ဗိမာန်သို့ ကြည့်ရှုလေ့လာ

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Meiji Jingu ဗိမာန်သို့ ကြည့်ရှုလေ့လာ
Thursday, September 25, 2014

ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့ Shibuya မြို့နယ်ရှိ Meiji Jingu ဗိမာန်သို့ ရောက်ရှိရာ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့် ဇနီး၊ ဗိမာန်ရှိ တာဝန်ခံဂျပန် ရှင်တိုဘုန်းတော်ကြီးနှင့် အခြားတာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ခံ ဂျပန်ရှင်တို ဘုန်းတော်ကြီး Mr.Ito က လိုက်လံ ရှင်းလင်းပြသသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Meiji Jingu ဗိမာန်ရှိ ဆုတောင်းစာများချိတ် ဆွဲသောနေရာ၌ “ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ဂျပန်-မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲပါစေ” ဟူသော စာသားအား ရေးသားချိတ် ဆွဲခဲ့သည်။

Meiji Jingu ဗိမာန်သည် ၁၉၂၀ ပြည့်နှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး Meiji ဧကရာဇ်နှင့် Shoken မိဖုရား တို့၏ ဝိညာဉ်များအားပူဇော်ထားရှိသည့် ရှင်တိုဘာသာဗိမာန်တစ်ခုဖြစ်သည်။ Meiji ဧကရာဇ်သည် ဂျပန်နိုင်ငံအား ဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက် ပေးခဲ့သည့် ဘုရင်မင်းမြတ် တစ်ပါးဖြစ်၍ ၎င်းအား ဂုဏ်ပြုသောအားဖြင့်ကြီး ကျယ် ခမ်းနားသော ဗိမာန်တည်ဆောက်၍ ပူဇော်ထားရှိသည့် ဗိမာန်တစ်ခုဖြစ်ကြောင်း သိရသည်။

MOI
ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ် စားလှယ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့ Shibuya မြို့နယ်ရှိ Meiji Jingu ဗိမာန်သို့ ရောက်ရှိရာ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General Shigeru IWASAKI နှင့် ဇနီး၊ ဗိမာန်ရှိ တာဝန်ခံဂျပန် ရှင်တိုဘုန်းတော်ကြီးနှင့် အခြားတာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ခံ ဂျပန်ရှင်တို ဘုန်းတော်ကြီး Mr.Ito က လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Meiji Jingu ဗိမာန်ရှိ ဆုတောင်းစာများချိတ် ဆွဲသောနေရာ၌ “ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ဂျပန်-မြန် မာနိုင်ငံသူ နိုင်ငံသားများ၏ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲပါစေ” ဟူသော စာသား အား ရေးသားချိတ် ဆွဲခဲ့သည်။

Meiji Jingu ဗိမာန်သည် ၁၉၂၀ ပြည့်နှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး Meiji ဧကရာဇ်နှင့် Shoken မိဖုရား တို့၏ ဝိညာဉ်များအားပူဇော်ထားရှိသည့် ရှင်တိုဘာသာဗိမာန်တစ်ခုဖြစ်သည်။ Meiji ဧကရာဇ်သည် ဂျပန်နိုင်ငံအား ဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက် ပေးခဲ့ သည့် ဘုရင်မင်းမြတ် တစ်ပါးဖြစ်၍ ၎င်းအား ဂုဏ်ပြုသောအားဖြင့်ကြီးကျယ် ခမ်းနားသော ဗိမာန် တည်ဆောက်၍ ပူဇော်ထားရှိသည့် ဗိမာန်တစ်ခုဖြစ်ကြောင်း သိရသည်။

MOI

No comments:

Post a Comment