Thursday 25 September 2014

တရုတ်သို့ ဆန်တရားဝင်တင်ပို့ရန် ပထမအဆင့် လက်မှတ်ထိုး

Photo: တရုတ်သို့ ဆန်တရားဝင်တင်ပို့ရန် ပထမအဆင့် လက်မှတ်ထိုး
Thursday, September 25, 2014

တရုတ်နိုင်ငံသို့ တရား ၀င် ဆန်တင်ပို့ရန် ပထမအဆင့် အနေဖြင့် ဆန်စပါးအရည်အ သွေးဆိုင်ရာ စစ်ဆေးရေးစာချုပ် နှင့် လယ်ယာသီးနှံဈေးကွက် ရရှိ ရေး စာချုပ်တို့ကို အာဆီယံလယ် ယာစိုက်ပျိုးရေးဝန်ကြီးအစည်းအ ဝေးတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ သတင်းရရှိသည်။

‘‘ဒီအဆင့်ပြီးရင်တော့ တရားဝင်တင်ပို့နိုင်ဖို့ ကိုတာတောင်းပြီး ရရင်ပို့ရုံပဲ’’ဟု အဆိုပါ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ၀န်ကြီးနှစ် ဦးသည်  မူဆယ်ဈေးကွက်ကို အလေးထားပြီး ယူနန်ပြည်နယ် ဈေးကွက်ကိုလည်း မြန်မာပို့ကုန် ဈေးကွက်အဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးရဲမင်းအောင်က သူ၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ် အစိုးရအရာရှိများကလည်း နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမွေ့ရန်ကူညီပေးမည်ဟု အလေးအနက်ထားပြောကြားကြောင်း ၎င်းက ရေးသားထားသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ နေသော ကုန်သည်များသည် လက်ရှိ တရုတ်နိုင်ငံ ၀န်ကြီးနှစ်ဦးနှင့်  မြန်မာနိုင်ငံမှ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးတို့ တရားဝင် လက်မှတ်ရေးထိုးမှုကို များစွာမျှော်လင့်နေကြသည်။

‘‘တရားဝင်ပို့ဖို့က ကုန်သွယ်ရေးဝန်ကြီးနဲ့ ညှိရဦးမယ်’’ ဟုမြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက် တာစိုးထွန်းက ပြောကြားသည်။

တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ခွင့်ရလျှင် မြန်မာနိုင်ငံ အနေဖြင့် တစ်နှစ်လျှင် ဆန်တန် ချိန် တစ်သန်းဝန်းကျင်ခန့် ၀ယ်ယူ ရန် ဆောင်ရွက်သွားမည်ဟု ဦးရဲ မင်းအောင်က ပြောကြားသည်။ လက်ရှိ တရုတ်နိုင်ငံသို့ ဆန်တင် ပို့မှုမှာ မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်က တန်ချိန်ရှစ်သိန်း နီး ပါးတင်ပို့ထားသည်။

‘‘အသေးစိတ်ကတော့ ကုန် သည်တွေချင်းလည်း ညှိပြီးမှ ပို့ လို့ရမယ်ထင်တယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောကြား သည်။

တရုတ်နိုင်ငံသို့ ဆန်တရား ၀င်တင်ပို့နိုင်ရေးအတွက် ပြည် တွင်း၌ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး သဘောတူညီမှုများ ရရှိနေသော် လည်း မူဆယ်ဆန်ဈေးကွက်တွင် တရုတ်ကုန်သည်များက အ၀ယ် မရှိသဖြင့် အရောင်းအ၀ယ်အေး နေသည်။ ယူနန်ပြည်နယ်တွင် လက်ရှိအချိန်၌ မိုးစပါးရိတ်သိမ်း ချိန် ပြည်ပမှ ၀င်လာသော ဆန်များကို ဖမ်းဆီးနေသဖြင့် အရောင်းအ၀ယ် အေးနေခြင်းဖြစ်သည်ဟု မူဆယ်ဆန်ကုန်သည်အချို့ထံမှ စုံစမ်းသိရှိရသည်။

7Day DAILY

ဆန်ဂိုထောင်တစ်ခုအတွင်းမှ ဆန်အိတ်များ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
ဆန်ဂိုထောင်တစ်ခုအတွင်းမှ ဆန်အိတ်များ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ရန် ပထမအဆင့် အနေဖြင့် ဆန်စပါးအရည်အ သွေးဆိုင်ရာ စစ်ဆေးရေး စာချုပ် နှင့် လယ်ယာသီးနှံဈေးကွက်ရရှိ ရေး စာချုပ်တို့ကို အာဆီယံလယ် ယာစိုက်ပျိုးရေး ၀န်ကြီးအစည်းအ ဝေးတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သတင်းရရှိ သည်။
‘‘ဒီအဆင့်ပြီးရင်တော့ တရားဝင်တင်ပို့နိုင်ဖို့ ကိုတာတောင်းပြီး ရရင်ပို့ရုံပဲ’’ဟု အဆိုပါ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ၀န်ကြီးနှစ် ဦးသည်  မူဆယ်ဈေးကွက်ကို အလေးထားပြီး ယူနန်ပြည်နယ် ဈေးကွက် ကိုလည်း မြန်မာ ပို့ကုန် ဈေးကွက်အဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးရဲမင်းအောင်က သူ၏ဖေ့စ် ဘွတ်ခ် တွင် ရေးသားထားသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ် အစိုးရအရာရှိများ ကလည်း နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမွေ့ရန်ကူညီပေးမည်ဟု အလေးအနက်ထားပြော ကြားကြောင်း ၎င်းက ရေးသားထားသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ နေသော ကုန်သည်များသည် လက်ရှိ တရုတ်နိုင်ငံ ၀န်ကြီးနှစ်ဦးနှင့်  မြန်မာနိုင်ငံ မှ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးတို့ တရားဝင် လက်မှတ်ရေးထိုးမှုကို များစွာမျှော်လင့်နေကြသည်။

‘‘တရားဝင်ပို့ဖို့က ကုန်သွယ်ရေးဝန်ကြီးနဲ့ ညှိရဦးမယ်’’ ဟုမြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် တွဲဖက်အတွင်းရေး မှူး ဒေါက် တာစိုးထွန်းက ပြောကြားသည်။

တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ခွင့်ရလျှင် မြန်မာနိုင်ငံ အနေဖြင့် တစ်နှစ်လျှင် ဆန်တန် ချိန် တစ်သန်း ၀န်းကျင်ခန့် ၀ယ်ယူ ရန် ဆောင်ရွက်သွားမည်ဟု ဦးရဲ မင်းအောင်က ပြောကြားသည်။ လက်ရှိ တရုတ်နိုင်ငံ သို့ ဆန်တင် ပို့မှုမှာ မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်က တန်ချိန်ရှစ်သိန်း နီး ပါးတင်ပို့ထားသည်။

‘‘အသေးစိတ်ကတော့ ကုန် သည်တွေချင်းလည်း ညှိပြီးမှ ပို့ လို့ရမယ်ထင်တယ်’’ ဟု ပြည်ပသို့ ဆန်တင် ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောကြား သည်။

တရုတ်နိုင်ငံသို့ ဆန်တရား ၀င်တင်ပို့နိုင်ရေးအတွက် ပြည် တွင်း၌ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး သဘော တူညီမှုများ ရရှိနေသော် လည်း မူဆယ်ဆန်ဈေးကွက်တွင် တရုတ်ကုန်သည်များက အ၀ယ်မရှိသဖြင့် အရောင်းအ၀ယ်အေး နေသည်။ ယူနန်ပြည်နယ်တွင် လက်ရှိအချိန်၌ မိုးစပါးရိတ်သိမ်း ချိန် ပြည်ပမှ ၀င်လာသော ဆန်များကို ဖမ်းဆီးနေသဖြင့် အရောင်းအ၀ယ် အေးနေခြင်းဖြစ်သည်ဟု မူဆယ်ဆန် ကုန်သည် အချို့ထံမှ စုံစမ်းသိရှိရသည်။

7Day DAILY

No comments:

Post a Comment