Thursday 25 September 2014

ငြိမ်းချမ်းရေးကြိုးပမ်းချိန်တွင် ပစ်ခတ်မှုများ အမြန်ဆုံးရပ်ဆိုင်းပေးရန် အရေးကြီးအဆို တပ်မတော်ထောက်ခံ

Photo: ငြိမ်းချမ်းရေးကြိုးပမ်းချိန်တွင် ပစ်ခတ်မှုများ အမြန်ဆုံးရပ်ဆိုင်းပေးရန် အရေးကြီးအဆို တပ်မတော်ထောက်ခံ
Thursday, September 25, 2014 

ပြည်တွင်းပဋိပက္ခ လက်နက်ကိုင် တိုက်ခိုက်မှုများကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ယနေ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်၌ ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများက အမြန်ဆုံးရပ်ဆိုင်းပေး ရန် အရေးကြီးအဆိုကို တပ်မတော်ကလက်ခံ၍ အတည်ဖြစ်ခဲ့သည်။
အဆိုရှင် ဖာပွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ပြည်တွင်းငြိမ်းချမ်းရေး မရရှိခြင်းကြောင့် ပြည်သူများသေကြခြင်း၊ ကိုယ်ခန္ဓာစွန့် လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာနှင့် ဆင်းရဲဒုက္ခ ရောက်နေသည့်အတွက် အရေးကြီးအဆို နှင့် စစ်ဆင်ရေးအထောက်အကူပြု ၀န်ထမ်းအဖြစ် တပ်မတော်သားများနှင့် အတူလိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများ မနစ်နာစေရေးအတွက် ထိုက်သင့်သော အသိအမှတ်ပြု၊ ဂုဏ်ပြုလက်မှတ် ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရန် နှင့် ၎င်းတို့၏ဘ၀ အဆင်ပြေစေရေးအတွက် ထောက်ပံ့ကူညီရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးရန် အဆိုတင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ရန် အပစ်ရပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့ ယခုလ ၂၂ ရက်မှ စတင်၍ ဆွေးနွေးနေချိန် တွင် အရေးကြီးအဆိုတင်သွင်းခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်သူများ သေစေခြင်း၊ ကိုယ်ခန္ဓာစွန့် လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာနှင့် ဆင်းရဲဒုက္ခရောက်နေရခြင်းတို့သည် လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာရသဖြင့် ပြည်သူများ ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုကို သက်ဆိုင်သူများက အမြန်ဆုံးရပ်ရန် အရေးကြီးအဆိုကို တပ်မတော်က လှိုက်လှဲစွာ ထောက်ခံ သည်ဟု ပြောသည်။

၎င်းက “တပ်မတော်အနေနဲ့ မိမိတို့ နဲ့လိုက်ပါတဲ့ စစ်ဆင်ရေးဝန်ထမ်းများကို တတ်အားသရွေ့ကူညီမှုများ၊ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုပဲဖြစ်ကြောင်း တင်ပြလို တယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်၏ သဘောထားကို မေးမြန်းရာ ကန့်ကွက်မည့်သူ မရှိသဖြင့် လွှတ်တော်က အတည်ပြုခဲ့သည်။
mizzima
ပြည်တွင်းပဋိပက္ခ လက်နက်ကိုင် တိုက်ခိုက်မှုများကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ယနေ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်၌ ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများက အမြန်ဆုံး ရပ်ဆိုင်းပေး ရန် အရေးကြီးအဆိုကို တပ်မတော်ကလက်ခံ၍ အတည်ဖြစ်ခဲ့သည်။
အဆိုရှင် ဖာပွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ပြည်တွင်းငြိမ်းချမ်းရေး မရ ရှိခြင်းေ ကြာင့် ပြည်သူများသေကြခြင်း၊ ကိုယ်ခန္ဓာစွန့် လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာနှင့် ဆင်းရဲဒုက္ခ ရောက်နေ သည့် အတွက် အရေးကြီးအဆို နှင့် စစ်ဆင်ရေးအထောက်အကူပြု ၀န်ထမ်းအဖြစ် တပ်မတော်သားများနှင့် အတူလိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများ မနစ်နာစေရေး အတွက် ထိုက်သင့်သော အသိအမှတ်ပြု၊ ဂုဏ်ပြုလက်မှတ် ဂုဏ်ပြုလွှာတို့ကို စိစစ် ထုတ်ပေးရန် နှင့် ၎င်းတို့၏ဘ၀ အဆင်ပြေစေရေးအတွက် ထောက်ပံ့ကူညီရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးရန် အဆိုတင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေး ခဲ့သည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးနိုင်ရန် အပစ်ရပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့ ယခုလ ၂၂ ရက်မှ စတင် ၍ ဆွေးနွေးနေချိန် တွင် အရေးကြီးအဆိုတင်သွင်းခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်သူများ သေစေခြင်း၊ ကိုယ်ခန္ဓာစွန့် လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာနှင့် ဆင်းရဲဒုက္ခရောက်နေရခြင်းတို့သည် လက်နက်ကိုင် တိုက်ခိုက်မှု များကြောင့် ဖြစ်ပေါ်လာရသဖြင့် ပြည်သူများ ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေချိန်တွင် ပစ်ခတ် တိုက်ခိုက်မှုကို သက်ဆိုင်သူများက အမြန်ဆုံးရပ်ရန် အရေးကြီးအဆိုကို တပ်မတော်က လှိုက်လှဲစွာ ထောက်ခံ သည်ဟု ပြောသည်။

၎င်းက “တပ်မတော်အနေနဲ့ မိမိတို့ နဲ့လိုက်ပါတဲ့ စစ်ဆင်ရေးဝန်ထမ်းများကို တတ်အားသရွေ့ကူညီ မှုများ၊ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုပဲဖြစ်ကြောင်း တင်ပြလို တယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်၏ သဘောထားကို မေးမြန်းရာ ကန့်ကွက်မည့်သူ မရှိသဖြင့် လွှတ်တော်က အတည်ပြုခဲ့သည်။
mizzima

No comments:

Post a Comment