Thursday 25 September 2014

ဖျက်ဆီးထားသည့် ယူကရိန်းစစ်သုံးယာဉ်များ သူပုန်အဖွဲ့ ရုရှားနယ်စပ်ကို ပြောင်း

Photo: ဖျက်ဆီးထားသည့် ယူကရိန်းစစ်သုံးယာဉ်များ သူပုန်အဖွဲ့ ရုရှားနယ်စပ်ကို ပြောင်း
Thursday, September 25, 2014 

ရုရှားလိုလားတဲ့ သူပုန်တွေဟာ ဖျက်ဆီးထားတဲ့ ယူကရိန်းစစ်တပ်က စစ်သုံးယာဉ်တွေ ကို ရုရှားနယ်စပ်နားက နိုဗိုကာထရီနစ်ဗ်ကာမြို့ဆီ စက်တင်ဘာ ၂၄ ရက်နေ့က ရွှေ့ခဲ့ကြပါတယ်။

ဒေသတွင်းပြန့်ကျဲနေတဲ့ မီးကျွမ်းစစ်သုံးယာဉ်တွေဟာ စက်တင်ဘာအစောပိုင်း တိုက်ပွဲတွေရဲ့လက်ကျန်တွေပါ။

Ukraine ရွာထဲက တချို့အိမ်တွေကတော့ မပေါက်ကွဲသေးတဲ့ ကျည်တွေ အပျက်အစီးတွေကြားမှာ ရှိနေပါတယ်။

သူပုန်တွေက လမ်းတွေနဲ့ လူနေဒေသတွေက မီးကျွမ်းအစအနတွေကို ဖယ်ရှားဖို့ ကုန်ကားတွေနဲ့ ကရိန်းကားတွေကို စေလွှတ်ခဲ့တာပါ။

တိုက်ပွဲရှုံးအပြီး စက်တင်ဘာ ၅ ရက်နေ့က အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဆော်သြခဲ့ရပါတယ်။

ယူကရိန်းအစိုးရကတော့ ဒီတိုက်ပွဲတွေမှာ ရုရှားစစ်တပ်ကိုယ်တိုင် တိုက်ရိုက် စွက်ဖက်ခဲ့တယ်လို့ ပြောပြီး ရုရှားအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းပါတယ်။

အနောက်နိုင်ငံတွေကတော့ မငြင်းနိုင်တဲ့သက်သေအဖြစ် ပြောပါတယ်။ ယူကရိန်း စစ်တပ်ကတော့ သမ္မတပိုရိုရှန်ကိုရဲ့ ငြိမ်းချမ်းရေးစီမံကိန်းအရ သူအမြောက်နဲ့ လက်နက်ကြီးတပ်တွေကို ခွဲထွက်ရေးသမားတွေနဲ့ တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကနေ ပြန်ဆုတ်ခွာခဲ့ပါပြီ။ ပဋိပက္ခအတွင်း လူအယောက် ၃ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

DVB TV News
ရုရှားလိုလားတဲ့ သူပုန်တွေဟာ ဖျက်ဆီးထားတဲ့ ယူကရိန်းစစ်တပ်က စစ်သုံးယာဉ်တွေကို ရုရှားနယ်စပ် နားက နိုဗိုကာထရီနစ်ဗ်ကာမြို့ဆီ စက်တင်ဘာ ၂၄ ရက်နေ့က ရွှေ့ခဲ့ကြပါတယ်။
ဒေသတွင်းပြန့်ကျဲနေတဲ့ မီးကျွမ်းစစ်သုံးယာဉ်တွေဟာ စက်တင်ဘာအစောပိုင်း တိုက်ပွဲတွေရဲ့ လက် ကျန်တွေ ပါ။ Ukraine ရွာထဲက တချို့အိမ်တွေကတော့ မပေါက်ကွဲသေးတဲ့ ကျည်တွေ အပျက် အစီးတွေကြားမှာ ရှိနေပါ တယ်။ သူပုန်တွေက လမ်းတွေနဲ့ လူနေဒေသတွေက မီးကျွမ်းအစအနတွေကို ဖယ်ရှားဖို့ ကုန်ကားတွေနဲ့ ကရိန်း ကားတွေကို စေလွှတ်ခဲ့တာပါ။ တိုက်ပွဲရှုံးအပြီး စက်တင်ဘာ ၅ ရက်နေ့ က အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဆော်သြခဲ့ရပါတယ်။

ယူကရိန်းအစိုးရကတော့ ဒီတိုက်ပွဲတွေမှာ ရုရှားစစ်တပ်ကိုယ်တိုင် တိုက်ရိုက် စွက်ဖက်ခဲ့တယ်လို့ ပြောပြီး ရုရှားအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းပါတယ်။

အနောက်နိုင်ငံတွေကတော့ မငြင်းနိုင်တဲ့သက်သေအဖြစ် ပြောပါတယ်။ ယူကရိန်း စစ်တပ်ကတော့ သမ္မတ ပိုရိုရှန်ကိုရဲ့ ငြိမ်းချမ်းရေးစီမံကိန်းအရ သူအမြောက်နဲ့ လက်နက်ကြီးတပ်တွေကို ခွဲထွက်ရေးသမားတွေ နဲ့ တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကနေ ပြန်ဆုတ်ခွာခဲ့ပါပြီ။ ပဋိပက္ခအတွင်း လူအယောက် ၃ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

DVB TV News

No comments:

Post a Comment