Thursday 25 September 2014

ငြိမ်းချမ်းရေးဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှု အမြန်ဆုံးရပ်ရန် လွှတ်တော်၌ အရေးကြီးအဆိုတင်

ငြိမ်းချမ်းရေးရရှိ ရန် ဆောင်ရွက်နေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင် သူအားလုံး အမြန်ဆုံး ရပ်ဆိုင်း ပေးရန် အရေးကြီးအဆိုတစ်ရပ်  ကို စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းသန်းနိုင်က တင်သွင်းခဲ့သည်။
ပြည်တွင်းစစ်ကြောင့် တိုင်း ရင်းသားဒေသများတွင် ပြည်သူများ၏ဘ၀များ ထိခိုက်ပျက်စီး ဆုံးရှုံးမှု များ ဖြစ်ပေါ်နေရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင် ရွက်နိုင်မည်ဖြစ်သော ကြောင့် နိုင်ငံတကာက မြန်မာ နိုင်ငံအား ကူညီထောက်ပံ့မှုများ ပေးနေသော လက်ရှိ အခြေအနေတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး ရရှိအောင်ဆောင်ရွက် ရမည်ဖြစ်ကြောင်းဦးစိုင်းသန်းနိုင်ကဆိုသည်။

လက်ရှိအချိန်တွင် ပြည် တွင်းငြိမ်းချမ်းရေးရရှိရန် တပ် မတော်မှ ဦးလည်မသုန် ဆောင် ရွက်နေကြောင်း၊ အပစ်အခတ် ရပ်စဲရေးသည် တစ်ဖက်တည်း ဆောင်ရွက်၍ မရဘဲ လက်နက် ကိုင်အဖွဲ့ အစည်းအသီးသီး က လည်း အားတက်သရော လိုက်ပါ ဆောင်ရွက်ရန် လိုအပ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန် ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကလည်း ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ် တော်ကို တင်ပြခဲ့သည်။

ထို့ပြင် ပြည်တွင်း ငြိမ်းချမ်း ရေးရရှိရန် ပစ်ခတ်တိုက်ခိုက်မှု များကို သက်ဆိုင်သူများမှ ဦးစွာ အမြန်ဆုံး ရပ်ဆိုင်းပေးရေးအဆို ကို တပ်မတော်မှ လေးနက်စွာ ထောက်ခံကြောင်း၎င်းက ပြောသည်။ ယင်းအဆိုကို ကရင်ပြည် နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နန်း စေးအွား က ထောက်ခံ ခဲ့ပြီး ပြည်သူ့လွှတ်တော်တစ်ရပ်လုံးကလည်း ကန့်ကွက်သူမရှိသည့်အတွက် ယင်းအဆိုကို အတည်ပြုခဲ့ သည်။

ယခုအချိန်တွင် ရန်ကုန်မြို့ ရှိ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ၌ အစိုးရ ၏ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ များ၏ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ညှိနှိုင်းရေးအဖွဲ့တို့သည် တစ် နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ် နေကြသည်။

7Day DAILY

No comments:

Post a Comment