Thursday 25 September 2014

ကားစလစ်ဈေးကျပ်သိန်း ၄၀ ၀န်းကျင်ဖြင့်ငြိမ်နေပြီး ကားအရောင်း အ၀ယ်ဈေးကွက်ပြန်သွက်လာ

Photo: ကားစလစ်ဈေးကျပ်သိန်း ၄၀ ၀န်းကျင်ဖြင့်ငြိမ်နေပြီး ကားအရောင်း အ၀ယ်ဈေးကွက်ပြန်သွက်လာ
Thursday, September 25, 2014

ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်မှာ အခုလဆန်းပိုင်းအတွင်းမှာကားဟောင်းစလစ် ဈေးကကျပ်ငါးသိန်းလောက်အထိပြုတ်ကျခဲ့ရာကလက်ရှိ
မှာတော့ကျပ်သိန်း ၄၀ ၀န်းကျင်မှာငြိမ်နေပြီး စလစ်အပါအ၀င်ကားအရောင်းအ၀ယ်ဈေးကွက်တွေ ပြန်သွက်လာတယ်လို့သိရပါတယ်။ 
 
သက်တမ်းနှစ် (၂၀) အထိယာဉ်တွေနဲ့ ၁/က---- တန်းတွေကိုအိုဟောင်းယာဉ်အဖြစ် ပြန်အပ်ဖို့လက်ခံလိုက်တာနဲ့ ကားစလစ်ဈေးတွေကျဆင်းလာတယ်ဆိုပေမယ့် လက်ရှိမှာတော့စလစ်ဈေးဟာ ပျမ်းမျှကျပ်သိန်း ၄၀ ၀န်းကျင်လောက်နဲ့ငြိမ်နေပြီးကားအရောင်း အ၀ယ်ဈေးကွက် သိသိသာသာကောင်းလာတယ်လို့ ရန်ကုန်မြို့၊လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ကားဈေးကွက်ကသိရပါတယ်။
 
ကားဈေးကွက်ဟာစက်တင်ဘာလဆန်းက စပြီးပြန်သွက်လာရာမှာမကြာမီပွင့်လင်းရာသီကာလမှာလည်း ဆက်တိုက်ကောင်းမွန်မယ်လို့ ကားဝယ်ရောင်းသမားတွေကခန့်မှန်း ထားပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံအတွင်း စလစ်ဈေးကွက်ကောင်းလာတာနဲ့ အ မျှစလစ်ကပ်ဝယ်ယူရတဲ့တစ်ပတ်ရစ်ဂျပန်ကားတွေကိုလည်း လေလံဆွဲတင်သွင်းမှုများပြားလာတယ်လို့လည်းသိရပါတယ်။
 
မြန်မာနိုင်ငံမှာတော့တစ်နိုင်ငံလုံး အတိုင်းအတာအရလူကြိုက်များတဲ့ ကားတွေအနေနဲ့ ပရိုဘောက်၊အေဒီဗင်၊ဖီဒါဗန်၊ဟွန်ဒဖစ်၊မတ်တူးရွှေငါး၊ခရောင်း၊ကလူဂျာ စတဲ့ဈေးနှုန်းသင့်ကားတွေအ၀ယ်လိုက်လာတယ်လို့လည်းသိရပါတယ်။သက်တမ်းနှစ် ၂၀ ပြည့်မော် တော်ယာဉ်တွေကို စက်တင်ဘာလ ၁ ရက်ကအအပ်လက်ခံခဲ့ရပြီး ကညနခွန် ၂၀ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်မတ်လအထိလျှော့ချပေးထားတာဖြစ်သလို ဒီလို အခွန်လျှော့ချမှုတွေကြောင့်လည်း ကားဈေးကွက်ကောင်းလာတာလို့ဆိုပါတယ်။
 
ဒါပေမယ့်နောက်ပိုင်းမှာတော့ ကားတင်သွင်းမှုမူဝါဒအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် လက်ရှိကားဈေးကွက်အနေအထားပေါ် ရိုက်ခတ်လာနိုင်မယ်လို့လည်း ကားဝယ်ရောင်းသူတွေကခန့်မှန်းထားပါတယ်။

MRTV-4
ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်မှာ အခုလဆန်းပိုင်းအတွင်းမှာ ကားဟောင်းစလစ် ဈေးက ကျပ်ငါးသိန်းလောက် အထိပြုတ်ကျခဲ့ရာက လက်ရှိ မှာတော့ကျပ်သိန်း ၄၀ ၀န်းကျင်မှာငြိမ်နေပြီး စလစ်အပါအ၀င် ကားအရောင်းအ၀ယ်ဈေးကွက်တွေ ပြန်သွက်လာတယ်လို့သိရပါတယ်။
သက်တမ်းနှစ် (၂၀) အထိယာဉ်တွေနဲ့ ၁/က---- တန်းတွေကိုအိုဟောင်းယာဉ် အဖြစ် ပြန်အပ်ဖို့ လက်ခံ လိုက်တာနဲ့ ကားစလစ်ဈေးတွေကျဆင်းလာတယ်ဆိုပေမယ့် လက်ရှိမှာတော့စလစ်ဈေးဟာ ပျမ်းမျှကျပ်သိန်း ၄၀ ၀န်းကျင်လောက်နဲ့ငြိမ်နေပြီးကားအရောင်း အ၀ယ်ဈေးကွက် သိသိသာသာကောင်းလာတယ်လို့ ရန်ကုန်မြို့၊လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ကားဈေးကွက်ကသိရပါတယ်။

ကားဈေးကွက်ဟာစက်တင်ဘာလဆန်းက စပြီးပြန်သွက်လာရာမှာမကြာမီပွင့်လင်းရာသီကာလမှာလည်း ဆက်တိုက်ကောင်းမွန်မယ်လို့ ကားဝယ်ရောင်းသမားတွေကခန့်မှန်း ထားပါတယ်။ လက်ရှိမှာတော့မြန် မာနိုင်ငံ အတွင်း စလစ်ဈေးကွက်ကောင်းလာတာနဲ့ အ မျှစလစ်ကပ်ဝယ်ယူရတဲ့တစ်ပတ်ရစ် ဂျပန်ကားတွေ ကိုလည်း လေလံဆွဲတင်သွင်းမှုများပြားလာတယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံမှာတော့တစ်နိုင်ငံလုံး အတိုင်းအတာအရလူကြိုက်များတဲ့ ကားတွေအနေနဲ့ ပရိုဘောက်၊အေဒီ ဗင်၊ ဖီဒါဗန်၊ ဟွန်ဒဖစ်၊ မတ်တူးရွှေငါး၊ ခရောင်း၊ ကလူဂျာ စတဲ့ဈေးနှုန်းသင့် ကားတွေ အ၀ယ်လိုက်လာတယ်လို့လည်း သိရပါတယ်။သက်တမ်းနှစ် ၂၀ ပြည့်မော် တော်ယာဉ်တွေကို စက်တင် ဘာလ ၁ ရက်ကအအပ်လက်ခံခဲ့ရပြီး ကညနခွန် ၂၀ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်မတ်လ အထိလျှော့ချပေး ထားတာဖြစ်သလို ဒီလို အခွန်လျှော့ချမှုတွေကြောင့်လည်း ကားဈေးကွက်ကောင်းလာတာလို့ဆိုပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာတော့ ကားတင်သွင်းမှုမူဝါဒအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် လက်ရှိကားဈေးကွက်အနေအထားပေါ် ရိုက်ခတ်လာနိုင်မယ်လို့လည်း ကားဝယ်ရောင်းသူတွေက ခန့်မှန်းထားပါတယ်။

MRTV-4

No comments:

Post a Comment