Thursday 25 September 2014

ဘတ်ဂျက်ငွေကို ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်းမရှိသည့်အတွက် ဆေး(၂) စီမံဘဏ္ဍာဌာနမှူးအား ဒုသမ္မတထံ တိုင်ကြားထားဟုဆို

 Photo: ဘတ်ဂျက်ငွေကို ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်းမရှိသည့်အတွက် ဆေး(၂) 
စီမံဘဏ္ဍာဌာနမှူးအား ဒုသမ္မတထံ တိုင်ကြားထားဟုဆို
Thursday, September 25, 2014

ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရှိ ဌာနတချို့ကို ဖျောက် ဖျက်ထားပြီး ဘတ်ဂျက်များကို ထုတ်ယူသုံးစွဲနေခြင်းနှင့် ပတ်သက်၍ စီမံဘဏ္ဍာဌာနမှူးအား ဆေးတက္ကသိုလ် (၂)ရှိ ဝန်ထမ်းတချို့က စုပေါင်းကာ ဒုတိယသမ္မတထံ တိုင်ကြားမှု ပြုလုပ်ထားကြောင်း သိရသည်။

ဆေးတက္ကသိုလ်(၂)ရှိ ၁၉၆၃ ခုနှစ် ဖွဲ့စည်းပုံအရ တည်ရှိခဲ့သော အလုပ်ရုံဌာနအား အသစ်ပြင်ဆင်ရေး ဆွဲသည့် ၂ဝဝ၂ ခုနှစ် ဖွဲ့စည်းပုံတွင် ပါဝင်ထည့်သွင်းခြင်း မရှိဘဲ ချန်လှပ်ထားခဲ့သည်။ အဆိုပါဌာနမှ လုပ်ဆောင် ရမည့် လုပ်ငန်းဆောင်တာများကို စီမံ/ဘဏ္ဍာအဖွဲ့မှ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဘတ်ဂျက်ငွေများကို ပွင့်လင်း မြင်သာစွာ သုံးစွဲခဲ့ခြင်းမရှိသဖြင့် နိုင်ငံတော် ဒုသမ္မတထံ တိုင်ကြားရခြင်းဖြစ်ကြောင်း အဆိုပါဆေးတက္ကသိုလ်ရှိ အင်ဂျင်နီယာတစ်ဦးကပြောသည်။

''အလုပ်ရုံဌာနက ၂ဝဝ၂ ဖွဲ့စည်းပုံအရ မရှိတော့တာပါ။ အလုပ်ရုံဌာနက လုပ်ရမယ့် လုပ်ငန်းတချို့ကို အပြင်လူတွေပဲ တင်ဒါခေါ်ပြီးလုပ်တယ်။ ဆေး(၂)ရဲ့ ပါချုပ်မသိဘဲ ဘယ်လုပ်ငန်းမှလုပ်တာမရှိဘူး။ အကုန်လုံး ပါချုပ်ခွင့်ပြုချက်နဲ့ အဖွဲ့တွေဖွဲ့ပြီး လုပ်တာပါ'' ဟု အတိုင်ကြားခံထားရသူ ဆေးတက္ကသိုလ်(၂) စီမံ/ ဘဏ္ဍာဌာနမှူး ဒေါ်ခင်သန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။

တိုင်ကြားစာအား စက်တင်ဘာလအတွင်း ဒုသမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

''သမ္မတတောင်မှ ဝန်ကြီးဌာနတွေမှာ ပျောက်ကွယ်နေတဲ့ ဌာနတွေကို ပြန် လည်ဖော်ထုတ်ဖို့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားခဲ့ပေမယ့် အခု ဆေး(၂)မှာ ဖြစ်နေတာက ပြောင်းပြန်ဖြစ်နေတယ်။ ရှိရင်းစွဲဌာနတောင် ပျောက်သွားတဲ့ အပြင် ဘတ်ဂျက်သုံးစွဲတာတွေကလဲ ပွင့်လင်းမှုမရှိဘူး။ အလုပ်ရုံဌာနဆိုတာ တ ကယ်လိုအပ်တဲ့ဌာနတစ်ခုပါ'' ဟု ဆေး(၂)မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုကျော် ခိုင်ဝင်းက ပြောသည်။

အဆိုပါ ဆေးတက္ကသိုလ်(၂) စီမံရေးရာဌာနမှ BC ဒေါ်မြင့်မြင့်ကြည်က ''အလုပ်ရုံဌာနက ဆေး(၂)ရဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ရတာပါ။ အခု အလုပ်ရုံဌာနမရှိတော့ လုပ်ငန်းမှန်သမျှကို အပြင်က တင်ဒါခေါ်လုပ်တယ်။ ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိဘူး''ဟု ပြန်လည်ဖြေကြားခဲ့သည်။

Yangon Media Group
ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရှိ ဌာနတချို့ကို ဖျောက်ဖျက်ထားပြီး ဘတ်ဂျက်များကို ထုတ်ယူသုံးစွဲနေခြင်းနှင့် ပတ်သက်၍ စီမံဘဏ္ဍာဌာနမှူးအား ဆေးတက္ကသိုလ် (၂)ရှိ ဝန်ထမ်းတချို့က စုပေါင်းကာ ဒုတိယသမ္မတထံ တိုင်ကြားမှု ပြုလုပ်ထားကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၂)ရှိ ၁၉၆၃ ခုနှစ် ဖွဲ့စည်းပုံအရ တည်ရှိခဲ့သော အလုပ်ရုံဌာနအား အသစ်ပြင်ဆင်ရေး ဆွဲသည့် ၂ဝဝ၂ ခုနှစ် ဖွဲ့စည်းပုံတွင် ပါဝင်ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်။ အဆိုပါဌာနမှ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို စီမံ/ဘဏ္ဍာအဖွဲ့မှ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဘတ်ဂျက်ငွေ များကို ပွင့်လင်း မြင်သာစွာ သုံးစွဲခဲ့ခြင်းမရှိသဖြင့် နိုင်ငံတော် ဒုသမ္မတထံ တိုင်ကြားရခြင်းဖြစ်ကြောင်း အဆိုပါဆေးတက္ကသိုလ်ရှိ အင်ဂျင်နီယာတစ်ဦးကပြောသည်။

''အလုပ်ရုံဌာနက ၂ဝဝ၂ ဖွဲ့စည်းပုံအရ မရှိတော့တာပါ။ အလုပ်ရုံဌာနက လုပ်ရမယ့် လုပ်ငန်းတချို့ကို အပြင် လူတွေပဲ တင်ဒါခေါ်ပြီးလုပ်တယ်။ ဆေး(၂)ရဲ့ ပါချုပ်မသိဘဲ ဘယ်လုပ်ငန်းမှလုပ်တာမရှိဘူး။ အကုန်လုံး ပါချုပ်ခွင့်ပြုချက်နဲ့ အဖွဲ့တွေဖွဲ့ပြီး လုပ်တာပါ'' ဟု အတိုင်ကြားခံထားရသူ ဆေးတက္ကသိုလ်(၂) စီမံ/ ဘဏ္ဍာဌာနမှူး ဒေါ်ခင်သန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။

တိုင်ကြားစာအား စက်တင်ဘာလအတွင်း ဒုသမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

''သမ္မတတောင်မှ ဝန်ကြီးဌာနတွေမှာ ပျောက်ကွယ်နေတဲ့ ဌာနတွေကို ပြန်လည်ဖော်ထုတ်ဖို့ မိန့်ခွန်းတွေ မှာ ထည့်သွင်းပြောကြားခဲ့ပေမယ့် အခု ဆေး(၂)မှာ ဖြစ်နေတာက ပြောင်းပြန်ဖြစ်နေတယ်။ ရှိရင်းစွဲ ဌာနတောင် ပျောက်သွားတဲ့ အပြင် ဘတ်ဂျက်သုံးစွဲတာတွေကလဲ ပွင့်လင်းမှုမရှိဘူး။ အလုပ်ရုံဌာနဆိုတာ တ ကယ်လိုအပ်တဲ့ဌာနတစ်ခုပါ'' ဟု ဆေး(၂)မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုကျော် ခိုင်ဝင်းက ပြောသည်။

အဆိုပါ ဆေးတက္ကသိုလ်(၂) စီမံရေးရာဌာနမှ BC ဒေါ်မြင့်မြင့်ကြည်က ''အလုပ်ရုံဌာနက ဆေး(၂) ရဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ရတာပါ။ အခု အလုပ်ရုံဌာနမရှိတော့ လုပ်ငန်းမှန်သမျှကို အပြင်က တင်ဒါခေါ်လုပ်တယ်။ ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိဘူး''ဟု ပြန်လည်ဖြေကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment